Google Play Store ဟာ Android ဖုန်းအများစုအတွက် Application တွေကို Download ရယူဖို့ အကောင်းဆုံးနေရာလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် Google Play Store ဟာ ဒီအတိုင်း Application တွေကို Download ရယူတာတင်မဟုတ်ပဲ ပြုလုပ်နိုင်တဲ့အချက်တွေရှိပါသေးတယ်။

1. Uninstall လုပ်မိလိုက်တဲ့ App တွေကို ပြန်ရှာမယ်

Google Play Store ကနေ အရင်တုန်းက Application တစ်ခုကို သွင်းလိုက်ပေမယ့် အကြောင်းကြောင်းကြောင့် Uninstall လုပ်မိတာမျိုးပြီး ပြန်ရှာဖို့ နာမည်မေ့နေတာမျိုး ကြုံဖူးပါသလား? Google Play Store မှာရှိတဲ့ ဘယ်ဘက်ထောင့်က Menu မှာရှိတဲ့ My Apps & Games ထဲက Library မှာ ယခင်က Install ပြုလုပ်ထားတဲ့ Application တွေအကုန်ရှိတဲ့အတွက် ချက်ခြင်းပြန်ရှာနိုင်မှာပါ။

2. Developer တစ်ဦးတည်းဆီက Application တွေကို ရှာမယ်

Google Play Store မှာ Facebook Messenger လိုချင်လို့ ရှာလိုက်ပေမယ့် Messenger တွေအများကြီးကျလာပြီး ဘာကို Download လုပ်ရမလဲဆိုတာကို တိုင်ပတ်ဖူးပါသလား? Google Play Store မှာ ရှာတဲ့အချိန်မှာ အရှေ့ကနေ “pub:” ဆိုပြီး အနောက်က App ထုတ်လုပ်သူနာမည်ကို ရိုက်လိုက်ရင် အဲ့ဒီ App ထုတ်ထားတဲ့ Developer ရဲ့ Application တွေပဲ ကျလာမှာပါ။ ဥပမာ – Google က ထုတ်ထားတဲ့ Application တွေကို သိချင်ရင် “pub:google” လို့ ရိုက်ရှာလိုက်ရုံပါပဲ။

3. သွင်းပြီးတဲ့ Application တွေကို Home Screen ကို မတက်လာအောင် ပိတ်မယ်

Google Play Store ကနေ Application တစ်ခုကို Download ဆွဲလိုက်တယ်ဆိုရင် အဆိုပါ Application က Install ပြုလုပ်ပြီးတာနဲ့ ကိုယ့်ဖုန်းရဲ့ Home Screen မှာပေါ်လာမှာဖြစ်ပါတယ်။ တကယ်လို့ မပေါ်လာစေချင်ဘူးဆိုရင် Google Play Store ရဲ့ Setting မှာ ရှိတဲ့ Add icon to Home Screen ကို ပိတ်ထားရုံပါပဲ။

4. နောက်မှ Download လုပ်ချင်တဲ့ Apps တွေကို Wishlist ထဲစုထားမယ်

Google Play Store မှာ ဆော့လို့ကောင်းမယ့် App တစ်ခုတွေ့လိုက်ပေမယ့် ဖုန်းဘေမရှိသေးလို့၊ ဖုန်းက Storage မလောက်လို့ နောက်မှ Download လုပ်မယ်ဆိုတဲ့သူတွေအတွက် ဒီနည်းလမ်းက အဆင်ပြေစေမှာပါ။ Application နာမည်ရဲ့ ညာဘက်မှာရှိတဲ့ Bookmark ပုံ Icon ကို နှိပ်လိုက်ရင် အဲ့ဒီ Application က Wishlist ထဲရောက်သွားပြီး နောက်ပြန် Down ချင်ရင် Menu ထဲက Wishlist ကနေ ပြန်ပြီး Download ပြုလုပ်လို့ရပါပြီ။

5. Application တစ်ခုချင်းကို Auto Update ပိတ်ထားမယ်

Application တွေအကုန်လုံးကို Setting ထဲကနေ Auto Update မပြုလုပ်အောင် ပိတ်ထားလို့ရပေမယ့် Application တစ်ခုချင်းကိုလည်း Auto Update ပိတ်ထားနိုင်ပါသေးတယ်။ Application ရဲ့ ညာဘက်ပေါ်ထောင့်က အစက် ၃ စက်ကိုနှိပ်ပြီး Auto-Update ကို ပိတ်လိုက်ရုံပါပဲ။