အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေက အနည်းဆုံး Storage ကို 32GB ဒါမှမဟုတ် 64GB ထည့်သွင်းပေးလာကြပြီဖြစ်ပါတယ်။ အခုလိုမျိုးထည့်သွင်းပေးလာတာကလည်း လက်ရှိစမတ်ဖုန်းတွေက စွမ်းဆောင်ရည်မြင့်မားလာတဲ့အတွက် ဂိမ်းအများအပြားဆော့ဖို့၊ ဓါတ်ပုံတွေ၊ ရုပ်ရှင်တွေကို သိမ်းထားပြီး ဖုန်းထဲမှာပဲ ကြည့်ရှုဖို့အတွက် အသုံးပြုနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး Storage တွေကို တဖြည်းဖြည်း များပြားအောင်ထည့်သွင်းလာကြပေမယ့်လည်း Storage မလောက်တဲ့ ပြဿနာက စမတ်ဖုန်းအသုံးပြုနေတဲ့လူတိုင်းမှာ ဖြစ်နေကြတုန်းပါ။ အဲ့ဒီအတွက် အခုပြောပြမယ့် လွယ်ကူတဲ့ အချက် ၃ ချက်ကို လိုက်လုပ်ပြီးတော့ ကိုယ့်ဖုန်းမှာ Storage မလောက်ဖြစ်နေတာကို ဖြေရှင်းလိုက်ရအောင်လား?

1. ကိုယ့် Internal Storage ကို အရင် ရှင်းပါ

စမတ်ဖုန်းတွေရဲ့ Internal Storage ဟာ များသောအားဖြင့် App Data ၊ Cache Data တွေနဲ့ Music ၊ Movie ၊ Photos အစရှိတဲ့ User Data တွေကြောင့်ပဲ ပြည့်နေတာပါ။ အဲ့ဒီအတွက် အရင်ဆုံးလုပ်သင့်တာက User Data ထက် ကိုယ်မသုံးဖြစ်တဲ့ ဘယ် Application က Storage ကို စားနေသလဲ? Setting – Storage ထဲကနေ Applications တွေရဲ့ Cache Data ကို ရှင်းတာတွေက အရင်ဆုံးပြုလုပ်သင့်တဲ့အရာတွေဖြစ်ပါတယ်။

ပြီးရင်တော့ User Data တွေထဲမှာ အသုံးမလိုပဲ သိမ်းထားမိတဲ့ ဓါတ်ပုံ၊ သီချင်းတွေ၊ ဗီဒီယိုတွေ ရှိနေသလားဆိုတာကို စစ်ဆေးပြီး ဖျက်သင့်တာဆိုရင် ဖျက်ပစ်ရမှာဖြစ်ပါတယ်။ အခုလိုမျိုး ဖျက်တဲ့အခါမှာလည်း ပုံမှန်ဖုန်းမှာပါဝင်တဲ့ File Manager ထက် SD Maid App ဒါမှမဟုတ် ES File Explorer ကိုပဲ အသုံးပြုပြီး ပြုလုပ်တာက ပိုပြီး ထိရောက်မှာပါ။

2. MicroSD Card ထည့်လို့ရတယ်ဆိုရင် Storage ပိုများတာ ပြောင်းပါ

အခုနောက်ပိုင်းမှာ Android စမတ်ဖုန်းတွေက MicroSD Card ထည့်သွင်းလို့ရတဲ့ Feature ကို တဖြည်းဖြည်းဖြုတ်လာကြပါပြီ။ ဒါပေမယ့်လည်း တစ်ခုကောင်းတဲ့အချက်ကတော့ ဒါက Flagship စမတ်ဖုန်းတွေမှာပဲ ဖြုတ်လာတာဖြစ်ပြီးတော့ Mid Range ဖုန်းအများစုမှာတော့ MicroSD card Slot ပါဝင်နေသေးတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ ကိုယ့်ဖုန်းက MicroSD Card ထည့်လို့ရတယ်ဆိုရင် Storage နည်းတဲ့ 8GB ၊ 16GB MicroSD Card တွေထည့်ထားမယ့်အစား အနည်းဆုံး 32GB ဒါမှမဟုတ် 64GB MicroSD Card ကိုပဲ ထည့်သွင်းပါ။

3. Cloud Storage ကို အသုံးပြုကြည့်ပါ။

ဒါကတော့ Mobile Data နဲ့ အသုံးပြုမယ်ဆိုရင် Data တွေအများအပြားကုန်မှာဖြစ်တဲ့အတွက် အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် Wi-Fi အသုံးပြုလို့ရနိုင်တယ်ဆိုရင် ကိုယ့်ရဲ့ အရေးကြီး Data တွေကို OneDrive ၊ Mediafire ၊ Dropbox ဒါမှမဟုတ် Google Drive မှာ Backup သိမ်းထားပါ။ ဒါမှမဟုတ် ဓါတ်ပုံတွေကို Google Photos ကို High Quality နဲ့ Unlimited Backup ယူပြီးတော့ ဓါတ်ပုံတွေကို ဖျက်လိုက်တာကလည်း ဖုန်း Storage ကို သိသိသာသာ ပိုထွက်လာစေမှာဖြစ်ပါတယ်။

ကဲ… ဘာပဲဖြစ်ဖြစ် အခုနည်းလမ်း ၃ ခုနဲ့ ကိုယ့် စမတ်ဖုန်းရဲ့ Storage ကို ပိုထွက်လာအောင် လုပ်ကြည့်ရအောင်…။