ဇိမ်ခံကားလို့ပြောလိုက်ရင် ဘယ်ကားကိုပြေးမြင်မိသလဲ။ Mercedes တို့ BMW တို့ Audi တို့ကိုပဲ မြင်မိကြမယ်ထင်ပါတယ်။ တစ်ကယ်တော့ အဲ့ဒီထက်ပိုကောင်းပြီး နာမည်ပိုကြီးတဲ့ဇိမ်ခံကားတွေရှိပါသေးတယ်။ အဲ့ဒီကားတွေကို သင်သိချင်တယ်ဆိုရင် အောက်မှာဆက်ဖတ်ကြည့်ပါ။ လက်ရှိ နိုင်ငံတော်တော်များများမှာ လူသိများတဲ့ ဇိမ်ခံကား တွေနဲ့ပတ်သက်လို့ ရေးပေးထားပါတယ်။

၁။ Mercedes-Benz

ဟုတ်ပါတယ်။ Mercedes ဆိုတာသင်သိပြီးသားဖြစ်မှာပါ။ ဇိမ်ခံကားအကြောင်းပြောရင် သူ့ကိုချန်ထားလို့တော့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Brand Power ကတော်တော်ကြီးလို့ပါ။ လမ်းပေါ်မှာ မြန်မာငွေ သိန်း နှစ်ထောင်ကျော်တန် Toyota ကားတစ်စီးနဲ့ Mercedes တစ်စီး အတူတူမောင်းလာရင် Mercedes ကိုပဲပိုစိတ်ဝင်စားကြမှာပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ Tri Star သုံးမြှောင့်ကြယ် တံဆိတ်လေးက ကားပေါ်မှာဘယ်သူမောင်းလာတာလဲဆိုတာမျိုးကိုဖြစ်စေအောင်အထိ အစွမ်းကြီးပါတယ်။ Mercedes ကို နိုင်ငံတော်တော်များများက သူဌေးတော်တော်များများက Mercedes ရဲ့ Flagship Model ဖြစ်တဲ့ S Class တွေကို နှစ်သက်ဂုဏ်ယူစွာနဲ့ကိုယ်တိုင်မောင်းနှင်ကြသလို Driver နဲ့လည်း အသုံးပြုကြပါတယ်။ Mercedes ရဲ့ လူသိအများဆုံးဇိမ်ခံကားတွေကတော့ S Class, G Class, E Class နဲ့ ပြည်တွင်းမှာပါ လူစီးများတဲ့ C Class လေးတွေပါ။

၂။ BMW

BMW ကားတွေတော်တော်များများရဲ့ ပရိတ်သတ်တွေက လူငယ်တွေနဲ့၊ လူလတ်ပိုင်းသူဌေးတွေပါ။ BMW အနေနဲ့တော့ လူငယ်ဆန်တဲ့ ဇိမ်ခံကားတွေကိုထုတ်လုတ်တဲ့အပိုင်းမှာ နာမည်ကြီးသလို Sport Version နဲ့ထုတ်ပေးတဲ့ ဇိမ်ခံကားတွေကြောင့်လည်း နာမည်ကြီးပါတယ်။ ဒါပေမယ့် BMW က Mercedes လောက်တော့ Brand Power မကြီးပါဘူး။ သူဌေးတော်တော်များများက ကားစီးမယ်ဆိုရင် BMW ကိုသိပ်စဉ်းစားလေ့မရှိပါဘူး။ Mercedes မှ ကားလို့ထင်ကြတာများပါတယ်။ တစ်ကယ်လည်း အဲ့လိုထင်ရလောက်အောင်ကို Mercedes ရဲ့အရှိန်အဝါကကြီးပါတယ်။ BMW မှာ ဇိမ်ခံကားထဲက နာမည်ကြီးတာကတော့ BMW 7 Series နဲ့ BMW 5 Series ပါ။ ပြည်တွင်းမှာလည်း ဝယ်စီးသူတွေတော်တော်များလာပါပြီ။ BMW နာမည်ကြီးတာကတော့ သူတို့ရဲ့ M ကားတွေကြောင့်ပါ။ M Performance ကားတွေက ပြိုင်ကားချစ်သူတွေကြားမှာ နေရာကောင်းကောင်းရထားတဲ့ကားတွေပါ။

၃။ Audi

Audi ကိုတော့ကားအကြောင်း စိတ်ဝင်စားသူမဟုတ်ရင်တောင် Transporter ဇာတ်ကားတွေကြည့်ဖူးရင် မှတ်မိမှာပါ။ ကွင်းလေးကွင်းချိတ်ထားတဲ့ တံဆိတ်နဲ့ ဇိမ်ခံကားမှာရော ပြိုင်ကားနယ်ပယ်မှာပါ သူလည်း နာမည်တော်တော်ကြီးပါတယ်။ အနောက်တိုင်း သူဌေးအချို့ကတော့ Mercedes အစား သူတို့ရွေးချယ်တဲ့ Audi ရဲ့ ဇိမ်ခံကား အကြီးကြီးတ်စီးရှိပါတယ်။ အဲ့ဒါကတော့ Audi A8 ပါ။ Audi A8 ကို ဇိမ်ခံကားနှစ်သက်သူတွေ တော်တော်များများက S Class ထက်ကို ပိုနှစ်သက်ကြပါတယ်။ နောက်ဆုံးထွက်တဲ့ A8 က Audi ရဲ့ဂုဏ်ကို ပိုတက်စေခဲ့ပါတယ်။

၎။ Lexus

ဇိမ်ခံကားဆိုရင် ဂျပန်ရဲ့ အရည်အသွေးကို သဘောကျတယ်ဆိုတဲ့ သူဌေးတွေအတွက် Toyota ရဲ့ အဖြေက Lexus ပါ။ Lexus ဆိုတာ Toyota ရဲ့ Brand အခွဲပါ။ Lexus ရဲ့ နာမည်အကြီးဆုံးကားတွေကတော့ Lexus LS နဲ့ Lexus LX ပါ။ နှစ်စီးလုံးက သူတို့ရဲ့ Flagship Model တွေပါ။ Lexus LS ဆိုတာ အပေါ်ကပြောခဲ့တဲ့ Mercedes S Class, BMW 7 Series နဲ့ Audi S8 တို့လိုပဲ ဆိုဒ်ကြီးကြီး ရှည်ရှည်ကားကြီးပါ။ လူလေးယောက်ပဲ စီးဖို့ရည်ရွယ်ထားပေမယ့် ကားတွေအားလုံးက သာမန်လေးယေက်စီးကားတွေထက် ပိုကျယ်၊ ပိုရှည်သလို ပိုကြီးပါတယ်။ LX ကတော့ ဇိမ်ခံကားပေမယ့် လမ်းကြမ်းပါမောင်းနိုင်တဲ့ SUV အမျိုးအစားပါ။

၅။ Jaguar

ကျားသစ်တစ်ကောင်ပြေးနေတဲ့ တံဆိပ်လေးကိုမြင်ဖူးကြမှာပါ။ အဲ့တာ Jaguar ပါပဲ။ သူဌေးတော်တော်များများ ဝယ်စီးတဲ့ကားကတော့ Jaguar XJL ဆိုတာကြီးပါ။ အပေါ်ကပြောခဲ့တဲ့ Lexus LS, Mercedes S Class, BMW 7 Series နဲ့ Audi S8 တို့လိုပဲ ကားရှည်ရှည် ဆိုဒ်ကြီးကြီးပါ။ Jaguar ကတော့ ဇိမ်ခံကားတွေကိုထုတ်တာဆိုပေမယ့် သူရဲ့အယူအဆက ပြိုင်ကားတွေဖက်ကိုပိုသွားပါတယ်။ သူ့ကိုဝယ်တဲ့ သူဌေးတော်တော်များများကလည်း ကားကို ခပ်မြန်မြန်မောင်းရတာ ကြိုက်နှစ်သက်သူတွေများပါတယ်။ လူလတ်ပိုင်း သူဌေးပေါက်စတွေကြားမှာလည်း နာမည်ကြီးပါတယ။်

ဒီငါးမျိုးကတော့ Luxury Sedan တွေနဲ့ပတ်သက်လို့ နာမည်ကြီးတဲ့ Brand တွေပါ။ အခြား Brand တွေအနေနဲ့တော့ Aston Martin, Maserati စတာတွေအပြင် ဒီထက်ပိုကောင်းတဲ့ Hand Made ကားတွေလညှ်းရှိပါသေးတယ်။