လက်ရှိအချိန်မှာ Flagship စမတ်ဖုန်း၊ Mid-Range စမတ်ဖုန်း၊ Budget စမတ်ဖုန်းရယ် လို့ ခွဲခြား ဆက်ဆံမှုတွေ စမတ်ဖုန်း ပရိသတ်တွေကြားမှာ မရှိတော့သလို Brand အစွဲနဲ့ စမတ်ဖုန်း ဝယ်ယူမှုတွေလည်း နိုင်ငံတကာ ဈေးကွက်မှာရော၊ ပြည်တွင်း ဈေးကွက်မှာပါ တော်တော်လေးကို ရှားပါးလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီတော့ ၂၀၁၈ နှစ်လယ်ပိုင်း အထိ နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ Android စမတ်ဖုန်း ၁၀လုံး ကို GSM Arena က စစ်တမ်း ကောက်ယူထားတာကို တစ်ချက်လောက် လေ့လာကြည့်လိုက်ကြရအောင်။

1. Redmi Note 5 Pro
လက်ရှိအချိန်မှာ Snapdragon 636 SoC ကို အသုံးပြုထားခြင်း၊ Dual Camera Setup ပါဝင်ခြင်း၊ 4000 mAh ဘက်ထရီကို အသုံးပြုထားခြင်း၊ ချိုသာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်ခြင်းတို့ကြောင့် Xiaomi ရဲ့ Redmi Note 5 Pro ကတော့ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။


2. Nokia 7 Plus
နံပါတ် ၂ နေရာမှာတော့ HMD Global ရဲ့ Mid-Range စမတ်ဖုန်း Nokia 7 Plus က ရပ်တည်နေခဲ့ပါတယ်။ ကြီးမားတဲ့ Screen၊ Snapdragon 660 SoC၊ 3800 mAh ဘက်ထရီ စတဲ့ အချက်အလက်တွေကြောင့် လူကြိုက်များခဲ့တာ ဖြစ်ပြီး Stock Android ကို အသုံးပြုပေးထားတာကလည်း Nokia 7 Plus ကို အခုလို ဒုတိယနေရာမှာ ရပ်တည်စေနိုင်ခဲ့တဲ့ အချက် တစ်ချက်လို့ ပြောလို့ ရပါတယ်။


3. Samsung Galaxy S9+
နံပါတ် ၃ နေရာမှာတော့ Samsung ရဲ့ Galaxy S9+ က ရပ်တည်လို့ နေခဲ့ပါတယ်။ Samsung Galaxy S9+ ရဲ့ ကောင်းမွန်မှုတွေကိုတော့ အထူးတလည် ရှင်းပြနေဖို့ လိုအပ်မယ် မထင်ပါဘူး။


4. OnePlus 6
နံပါတ် ၄ နေရာကိုတော့ Flagship Killer OnePlus 6 က နေရာယူထားပါတယ်။


5. Huawei P20 Pro
နံပါတ် ၅ နေရာမှာတော့ Triple Camera Setup၊ DSLR မှာ ရိုက်ကူးတဲ့ ပုံရိပ်တွေ နီးပါး သေသပ်၊လှပတဲ့ ပုံရိပ်တွေကို ထုတ်လုပ်ပေးနိုင်တဲ့ Huawei ရဲ့ P20 Pro Flagship စမတ်ဖုန်း က နေရာယူထားပါတယ်။

6. Samsung S9
နံပါတ် ၆ နေရာမှာတော့ Samusng S9 က ရပ်တည်နေခဲ့ပါတယ်။


နံပါတ် ၇၊ ၈၊ ၉ နေရာတွေမှာတော့ အံ့သားသင့်စရာ ကောင်းလောက်အောင် Xiaomi ရဲ့ စမတ်ဖုန်းတွေက နေရာယူထားခဲ့ပါတယ်။ ကြည့်ရတာ နိုင်ငံတကာမှာ Xiaomi က တော်တော်လေးကို လူကြိုက်များနေတဲ့ ပုံပါပဲ။

7. Mi 8
အသစ်ထွက်ရှိထားတဲ့ Xiaomi Mi 8 Flagship စမတ်ဖုန်းကတော့ နံပါတ် ၇ နေရာမှာ ရပ်တည်နေပါတယ်။


8. Mi 6X
နံပါတ် ၈ နေရာမှာတော့ Mi 6X စမတ်ဖုန်းက ရပ်တည်နေခဲ့ပါတယ်။


9. Redmi Note 5
Redmi Note 5 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ တန်ဖိုးနည်း စမတ်ဖုန်းတွေထဲမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း တစ်လုံး ဖြစ်တာနဲ့ အညီ နံပါတ် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။


10. Nokia 6.1
နံပါတ် ၁၀ နောက်ဆုံး နေရာမှာတော့ ဇန်နဝါရီလမှာ တရားဝင် မိတ်ဆက်ပေးခဲ့ပြီး သုံးလအကြာ ဧပြီလမှာ တရားဝင် ရောင်းချပေးခဲ့တဲ့ Nokia 6.1 က ရပ်တည်နေခဲ့ပါတယ်။


ယခု ဖော်ပြပေးခဲ့တဲ့ စစ်တမ်းဟာ GSM Arena က ကောက်ယူခဲ့တဲ့ စစ်တမ်း တစ်ခု ဖြစ်တာကြောင့် ကျွန်တော်တို့ ကြိုက်နှစ်သက်တာတွေနဲ့တော့ တူညီချင်မှ တူညီပါလိမ့်မယ့်။ အံ့သြဖို့ကောင်းတာက Google Pixel Series စမတ်ဖုန်းတွေ ဖြစ်တဲ့ Pixel, Pixel XL, Pixel 2, Pixel 2 XL စမတ်ဖုန်းတွေ ပါဝင်လာခဲ့ခြင်း မရှိတာပါပဲ။ ဘာဖြစ်လို့ လူကြိုက် အများဆုံး စာရင်းမှာ Pixel Series စမတ်ဖုန်းတွေ မပါဝင်ခဲ့တာလဲ ဆိုတာ တော်တော့် ကို စဉ်းစားရ ခက်ပါတယ်။

MyTech Myanmar ပရိသတ်ကြီးကလည်း အခု စစ်တမ်းနဲ့ ပတ်သတ်ပြီး ထင်မြင် ယူဆချက်လေးတွေကို ကောမန့်မှာ ရေးသား ဝေဖန်ပေးကြပါအုံး။

Photo Credit: GSM Arena