ကိုယ့်ဖုန်း အခိုးခံရတာဘဲ ဖြစ်ဖြစ် အထားမှားတာဘဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

iCloud Website ထဲကို Log in ၀င်လိုက်ပါ

သင်က iPhone ကို အသုံးပြုနေပြီး သင့်မှာလည်း Apple ID ရှိနေရင် သင့် ပျောက်ဆုံးသွားတဲ့ iPhone ကို Web Brower ကနေ တစ်ဆင့် ရှာလို့ရပါတယ်။ iCloud Website ထဲကို ၀င်ဖို့ Apple ID နဲ့ Password ကို ရိုက်ထည့်လိုက်ပါ။

Open Find My iPhone

iCloud Website ရဲ့ Main Page မှာဘဲ Open Find My iPhone ကို တွေ့ပါလိမ့်မယ်။ အဲ့ဒီ App ကို သူငယ်ချင်းရဲ့ iPhone ထဲဖြစ်ဖြစ် ကိုယ့် iPad ထဲဖြစ်ဖြစ် ဒေါင်းလုပ်ခ်ဆွဲလိုက်ပါ။

ကိုယ့် iPhone အမျိုးအစားကို ရွေးချယ်ပါ

Find My iPhone ထဲဝင်ရင် သူရဲ့ အပေါ်ဆုံးမှာ “All Devices” ဆိုတဲ့ Link ကိုတွေ့ပါလိမ့်မယ်။ အဲ့ဒါကို Select နှိပ်လိုက်ပြီး ကိုယ် ရှာချင်တဲ့ ဖုန်းအမျိုးအစားကို ရွေးချယ်ပါ။ မြေပုံက နောက်ဆုံး သူသိရှိထားတဲ့ နေရာကို ပြသပါလိမ့်မယ်။

အကယ်၍ သင့်ဖုန်းက ဘက်ထရီကုန်သွားတာဖြစ်ဖြစ် ပါဝါပိတ်ထားတာဖြစ်နေရင်တောင် နောက်ဆုံးသူရှိခဲ့တဲ့ နေရာကို ပြသပါလိမ့်မယ်။

လုပ်ဆောင်ချက်ကို ရွေးချယ်လို့ရ

ကိုယ်စမတ်ဖုန်းတည်ရှိတဲ့နေရာကို မြေပုံပေါ်မှာ တွေ့ပြီဆိုရင် အဲ့ဒီနေရာကို နှိပ်လိုက်ပါ။ “I” ဆိုတဲ့ ခလုတ်လေးပေါ်လာပါလိမ့်မယ်။ ပြီးရင် ညာဘက်အပေါ်ဘက်ခြမ်းမှာ နောက်ထပ် Window တစ်ခု ပေါ်လာပြီး ပျောက်သွားတဲ့ဖုန်းနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တွေကို ရွေးချယ်ခိုင်းပါလိမ့်မယ်။

ဖုန်းမြည်ခိုင်းခြင်း။

ကိုယ့်အနီးအနားမှာဘဲ ပျောက်နေတယ်ဆိုရင် ဖုန်းကို မြည်ခိုင်းပြီးပြန်ရှာလို့ရပါတယ်။

ဖုန်းကို Lock ချခြင်း။

ကိုယ့်ဖုန်းထဲမှာရှိတဲ့အချက်အလက်တွေကို ၀င်ရောက်ကြည့်လို့မရအောင် ကိုယ့်ဖုန်းကို lock လှမ်းချတာဖြစ်ပါတယ်။

အချက်အလက်တွေ ဖျက်ခြင်း။

ဒီ Option ကတော့ ကိုယ့်ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေကို လုံးဝ ဖျက်ပစ်တာဘဲဖြစ်ပါတယ်။ ဒီ option မသုံးခင်တော့ သတိထား စဉ်းစားသင့်ပါတယ်။