ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ အသက် ၁၈-၃၄ ရှိလူငယ်ပိုင်းကြားမှာ ရေပန်းစားနေတာကတော့ ဖုန်းထဲမှာရှိတဲ့ Viu App ကနေတစ်ဆင့် ရုပ်ရှင်ကားတွေကို ကြည့်ကြတာပဲ ဖြစ်ပါတယ်။ Viu အသုံပြုသူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ အဲ့ဒီအသက်အပိုင်းအခြားများပြီးသူတို့ရဲ့ အားလပ်ချိန်တွေဖြစ်တဲ့ ကားပေါ်မှာ Traffic မိနေရင် ဒါမှမဟုတ် အလုပ်မှာ နေ့လည်စာ Break ပေးတဲ့အချိန်မျိုးတွေ ဒါမှမဟုတ် အိမ်မှာအေးအေး ဆေးဆေးအနားယူတဲ့အခါမျိုးတွေမှာ ကြည့်လေ့ရှိကြပါတယ်။

ဒါကြောင့် ရုပ်ရှင်ကြည့်ရတာကို ဝါသနာပါသူများအတွက် လက်ရှိ Viu App ပေါ်မှာရေပန်းစားပြီး လူကြိုက်များလျက်ရှိတဲ့ ဘောလိဝုဒ်ရုပ်ရှင် (၅) ကားရဲ့ ဇာတ်လမ်းအကျဉ်းချုပ်လေးတွေကို အောက်မှာဖော်ပြပေးလိုက်ရပါတယ်။ တခြားဘယ်လိုရုပ်ရှင်တွေ၊ ဇာတ်ကားကောင်းတွေရော ရှိသေးသလဲဆိုတာ သိချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ Link လေးထဲသို့ သွားရောက်ပြီး Viu App ကို ဒေါင်းလုတ်ရယူကာ ကြိုက်နှစ်သက်ရာရုပ်ရှင်ကားတွေကို တစ်ဝကြီး ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

https://bit.ly/2kvSm0Q

၁။ Sarkar (ဆာခါး)

Bombay မြို့ရှိ ချမ်းသာကြွယ်ဝပြီး သြဇာအပြည့်ရှိသည့် Subhash Nagre (Amitabh Bachchan) သည် ဇနီးသည်၊ သားအကြီးမိသားစုနှင့် အတူတကွ နေထိုင်လျက်ရှိပါတယ်။ သို့သော်လည်း တစ်ရက်မှာတော့ Motilal Khurana အမည်ရှိ နိုင်ငံရေးသမားတစ်ဦး အသတ်ခံရပြီးနောက်မှာ Nagre မိသားစုအတွက် ပြဿနာတွေ အစပြုလာခဲ့ပါတယ်။ Subhash ရဲ့ ခိုင်းစေမှုကြောင့် လူသတ်မှုကျူးလွန်ခဲ့ရခြင်းဖြစ်သည်ဟု လူသတ်သမားမှ ထွက်ဆိုခဲ့တဲ့အတွက် ဖမ်းဆီးခံရပြီး ထောင်ကျခဲ့ရပါတယ်။ ထို့နောက်မှာ Subhash တစ်ယောက် သြဇာမညောင်းတော့ဘူးဆိုတာကို တဖြည်းဖြည်းသဘောပေါက်စေဖို့အတွက် အမေရိကားမှာနေထိုင်တဲ့ ဒုတိယသား Shankar ကို ချုပ်နှောင်ဖမ်းဆီးပြီး သတ်ဖို့စေခိုင်းကြိုးကိုင်တာဟာ သားအကြီးဖြစ်သူ Vishnu ဆိုတာကိုသိပေမယ့်လည်း ကူညီပေးမယ့်လူတစ်ယောက်မှမရှိဘူးဆိုတာကို သိတဲ့နောက်မှာ Subhash ကို လက်ရှိအခြေအနေတွေက ဘယ်လိုမျိုးတွန်းအားတွေဖြစ်စေမလဲဆိုတာကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

မြန်မာလူမျိုးတွေ အလွန်နှစ်သက်သဘောကျသည့် ဘောလိဝုဒ်ဝါရင့်သရုပ်ဆောင်ကြီးဖြစ်သော Amitabh Bachchan (အမီတာဘာချန်း) ပါဝင်သရုပ်ဆောင်ထားပြီး ကြည့်ရှုသူများကို နစ်မျောပါဝင်သွားစေနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

၂။ Nishabd (တိတ်တိတ်ပုန်း)

ဒီဇာတ်ကားထဲမှာတော့ Vijay ဆိုတဲ့ချမ်းသာတဲ့ အမျိုးသားတစ်ယောက်ဟာ ၂၇နှစ်ကြာ လက်ထပ်ထားပြီးဖြစ်တဲ့ သူ့ဇနီး Amrita ၊ အသက် ၁၈ နှစ်အရွယ်ရှိသမီးလေး Ritu တို့နဲ့ အိန္ဒိယမှာ အတူတူနေထိုင်ပါတယ်။ ဇာတ်လိုက်မင်းသား Vijay ဟာ ရှုခင်းတွေကို ဓာတ်ပုံရိုက်ရတာနဲ့ တောင်တက်ရတာကို ဝါသနာပါတာကြောင့် သူတို့မိသားစုမှာ ကြီးမားတဲ့ ခြံဝင်းနဲ့ အပန်းဖြေအိမ်ရာကို ပိုင်ဆိုင်ထားပါတယ်။ ဇနီးသည် Amrita ကတော့ Kuchipudi အကနဲ့ပတ်သက်ပြီး ရွေတံဆိပ်ဆု နှစ်ခုတိုင်တိုင် ဆွတ်ခူးခဲ့တဲ့ အကသမားဖြစ်ပြီး မိသားစုကြောင့် သူမရဲ့ အိမ်မက်တွေကို စွန့်လွတ်လိုက်ရသူ လည်းဖြစ်ပါတယ်။ ကျောင်းပိတ်ရက်တစ်ခု မှာ သူတို့သမီးလေး Ritu ဟာ Jai ဆိုတဲ့သူငယ်ချင်းမလေးကို အိမ်သို့ ခေတ္တလိုက်နေရန် အလည်ခေါ်လာခဲ့ပါတယ်။

Jia ဟာ သူမရဲ့တစ်ခုလတ်အမေနဲ့ Brisbane Australia မှာနေပြီး ကလေးဆန်တဲ့အပြင် သူ့အမေ နောက်ယောက်ျားယူသွားချိန်ကစပြီး မိမိဘဝကို အရွဲ့တိုက်ဖြသတ်သန်းနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့Ritu ချော်လဲ ၍ ခြေမျက်စိလည်ပြီး အနားယူရတဲ့ အချိန်ကစပြီး သူမရဲ့ဖခင် Vijay နဲ့ သူငယ်ချင်းမလေး Jai တို့ဟာ ရင်းနှီးမှုတိုးလာပါတော့တယ်။ Vijay ရဲ့ဇနီး Amrita ဟာ သူ့ယောက်ျား ဟာ မူမမှန်ဘဲ သီချင်းတွေတစ်ယောက်တည်း အော်ဆိုတာတို့ အကြောင်းအရင်းမရှိဘဲ အူမြူးနေတာကို စတ င် သတိထားမိလာတော့ပါပဲ။ အဲ့လိုအခြေအနေမှာပဲ Ritu ဟာ ရုတ်တရက်ဆိုသလို သူမ သူငယ်ချင်း Jai ကို အိမ်ပေါ်ကဆင်းသွားဖို့ တောင်းဆိုလာတာကို Vijay ဟာတားဆီးခဲ့ပါတယ်။ ဒီလိုထိန်းချုပ်မရတဲ့ အခြေအနေတွေဖြစ်ပေါ်နေတဲ့ အချိန်မှာပဲ Amrita ရဲ့အကို Shridhar ဟာသူတို့ အိမ်ကို အလည်ရောက်လာပါတယ် အဲ့ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုပြီး အဖြေထုတ်လိုက်ပါ။ အိမ်ထောင်ရေးပညာပေး ဆိုတော့ စိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

၃။ Janatha Garage (မတရားမှုကို ရင်ဆိုင်ခြင်း)

Sathyam ဆိုတဲ့ လူတစ်ဟောက်ဟာ ရွာတစ်ရွာမှာ Workshop အသေးစားလေးတစ်ခု ဖွင့်ထားပါတယ်။ သူ့အစ်ကို Shiva ကတော့ သူ့ညီ Sathyam အတွက် Hyderabad ဆိုတဲ့မြို့ပြမှာပဲ Workshop ဖွင့်ပေးနိုင်ဖို့ အဲ့မှာ အလုပ်သွားလုပ်ရင်း ပိုက်ဆံစုပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး အားကိုးရတဲ့ သူငယ်ချင်းတစ်စုနဲ့ Janatha Garage ဆိုပြီး ဓာတ်ဆီဆိုင်ကို ဖွင့်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ အဖြစ်အပျက်တစ်ခုနဲ့ ကြုံရပါတယ်။ အဲ့ဒါဘာလဲဆိုတော့ Sathyam သူငယ်ချင်း ရဲ့သမီး တက္ကသိုလ်ကျောင်းသူဟာ ကားလမ်းမပေါ်မှာ မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး ပျောက်ဆုံးသွားတာပဲဖြစ်ပါတယ်။ Sathyam နဲ့သူ့ရဲ့အခြားသော သူငယ်ချင်းတစ်ချို့ကတော့ အဲ့ဒီကောင်မလေးဟာ လူရမ်းကားတစ်စုရဲ့ လက်ချက်ကြောင့် အဓမ္မပြုမူပြီး အသတ်ခံရတယ်ဆိုတဲ့ အဖြစ်မှန်ကိုသိနှင့်ပြီးသားဖြစ်ပါတယ်။

ဒါ့ကြောင့် Shiva က သူ့အသိတစ်ယောက်ဖြစ်တဲ့ ASP ကအရာရှိ Chandrashekar ကိုအမှုတွဲကိုစုံစမ်းဖြေရှင်းပေးဖို့ အကူညီတောင်းပါတယ်။ ကောင်မလေးကိုသတ်သွားတဲ့ သူတွေကလည်း ကလေကချေတွေမဟုတ်ဘဲ အသိုင်းအဝိုင်းကြီးထဲကဆိုတော့ အမှုလိုက်ဖို့ ခက်ခဲတဲ့အပြင် သက်သေ အထောက်အထား တစ်စုံတစ်ခုမှ မရှိတော့ Chandrashekar ဟာလည်း ကူညီဖို့အခက်တွေ့နေတာပေါ့။ ဒီလိုအကူအညီမရတဲ့ အဆုံးမှာတော့ Janatha Garage လို့ခေါ်တဲ့ သူတို့ညီအစ်ကို နှစ်ဦးနဲ့အပေါင်းအပါတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲ့ဒါဘာလဲဆိုတော့ ထိုလူရမ်းကားတစ်စုကို သတ်ပြီး မတော်တဆသေသွားသလို ဖန်တီးလိုက်မယ်ဆိုပြီး ကြံရွယ်ကြပါတော့တယ်။ Chandrasekhar ဟာထိုအခြေအနေကို သိပြီး ဥပဒေကြားမှာ လက်ဝင်မလျှိုဖို့တားပါတယ်။ ကဲဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်ခုန်စွာနဲ့ပဲ ကိုယ်တိုင်အမြန် ကြည့်ရှုလိုက်ပါ။

၎။ Bobby Jasoos (စုံထောက်ဘော်ဘီ)

Hyderabad မြို့ဟောင်းတစ်ခုတွင် နေထိုင်လျက်ရှိသည့် မိသားစုတစ်စုထဲမှ Bobby (Vidya Balan) ဆိုသည့် အကြီးဆုံးသမီးဟာ ထောက်လှမ်းစစ်ဆေးရတာကို အလွန်ဝါသနာပါသူတစ်ဦးဖြစ်ပါတယ်။ ဖခင်ဖြစ်သူ အဆက်မပြတ်ကန့်ကွက်နေသည့်ကြားမှပင် သူမရဲ့စုံထောက်ဖြစ်လိုတဲ့ စိတ်ကူးဆန္ဒကတော့ ဆက်လက်ပေါက်ဖွားနေဆဲပါပဲ။ သူမရဲ့ ထောက်လှမ်းမှုတွေတစ်ခုထဲမှာ သူငယ်ချင်းဖြစ်သူ Afreen ကို ဒေသခံဆရာတစ်ဦးဖြစ်သည့် Lala နှင့် တွေ့ခဲ့ပေမယ့်လည်း Afreen မိခင်ကိုမပြောပြခဲ့ပါဘူး။ နောက်ဆုံးတွင်တော့ ချမ်းသာကြွယ်ဝသည့် အမှုသည်တစ်ဦးမှ မိန်းကလေးနှစ်ဦးကိုရှာပေးရန် ငွေအများကြီးပေးပြီး ကမ်းလှမ်းလာခဲ့ပြီး ထိုမိန်းကလေးနှစ်ယောက်ကို ရှာနေစဉ်အတွင်းမှာ နောက်ဆုံးအလုပ်တစ်ခုအနေနဲ့ အမျိုးသားတစ်ယောက်ကို ရှာခိုင်းခဲ့ပါတယ်။

သို့သော်လည်း ထိုအမှုကိုစုံစမ်းသည့်အခါမှာတော့ ထိုမိန်းကလေးနှစ်ဦးဟာ ပျောက်ဆုံးနေတာကို သိရှိခဲ့ရပြီး ထိုအချိန်မှာပဲ Tasawur (Ali) လို့အမည်ရတဲ့ ခန့်ညားချောမောတဲ့ TV Anchor မှ အခြားတောင်းရမ်းမှုတွေကို ငြင်းပယ်ပြီး သူမကိုလက်ထပ်ဖို့အတွက် မိသားစုကိုကမ်းလှမ်းလာခဲ့ပါတယ်။ ချမ်းသာတဲ့အမျိုးသားက မိန်းကလေးနှစ်ယောက်ကို ဘာလုပ်လိုက်လဲ၊ Bobby ကရော Tasawur နဲ့ကိစ္စကိုရော ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုနိုင်မယ့် ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။

၅။ Jaan – E – Mann (သုံးပွင့်ဆိုင်)

Jaan-E-Man ဆိုတဲ့ ရုပ်ရှင်ကားဟာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဆိုလည်း မမှားပါဘူး။ လူတန်းစားကွာခြားမှုနဲ့ ဘဝကပေးတဲ့ သင်ခန်းစာမတူညီမှုကြောင့် ကွဲပြားတဲ့စိတ်အခြေအနေတွေ အပေါ်အခြေခံထားပြီး အချစ်ဇာတ်လမ်းကို ရောယှက်ထားတာဖြစ်ပါတယ်။ Suhaan ဆိုတဲ့ကောင်လေး နဲ့ Priya ဆိုတဲ့ကောင်မလေးတို့တည်ဆောက်ထားတဲ့ အချစ်သင်္ဘောကြီးဟာ နှစ်မြုပ်ပြီး သူတို့နှစ်ဦးလုံးဟာ အိမ်ထောင်ရေးကို လက်လျှော့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ နောက်များမကြာခင်မှာပဲ Priya ဟာ Agastya ဆိုတဲ့ သူရဲ့ကျောင်းတုန်းက သူငယ်ချင်းဟောင်းနဲ့ စေ့စပ်လိုက်ပါတော့တယ်။

Agastya သတိထားမိလာတာကတော့ သူ့နဲ့လက်ထပ်တော့မယ့် သတို့သမီးလောင်း Priya ဟာ သူ့ခင်ပွန်းဟောင်းဖြစ်တဲ့ Suhaan အပေါ်သံယောဇဉ်မကုန်သေးပဲ ချစ်နေသေးတယ်ဆိုတာကိုပါပဲ။ ဒီလိုရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းတွေကို သူတို့သုံးဦးဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို ဆက်လက်ပြီးသိချင်ကြတယ်မဟုတ်လား။ အားလုံးသဘောကျကြတဲ့ နာမည်ကြီး PK မင်းသား Salama Khan လည်းပါဝင်တော့ ဒီကားလေးဟာ အိန္ဒိယရုပ်ရှင်ကြိုက်နှစ်သက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့လည်း အာမခံချက်ပေးချင်ပါတယ်။

ဒီပိတ်ရက်မှာ ရုပ်ရှင်ကားတွေကြည့်ပြီး အချိန်ကုန်ဖို့စဉ်းစားထားသူများအတွက် Viu မှနေပြီး မေလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ FREE BOLLYWOOD WEEKEND ဟုဆိုကာ ဘောလိဝုဒ်ရုပ်ရှင်ကားများကို အခမဲ့ကြည့်ရှုနိုင်မယ့် အစီအစဉ်လေးကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ နာမည်ကျော်ရုပ်ရှင်တွေကို ပိုက်ဆံပေးစရာမလိုဘဲ အခမဲ့ကြည့်ရှုနိုင်မယ့် အခွင့်အရေးကောင်းလေးဖြစ်လို့ လက်လွှတ်မခံသင့်ဘူးနော်။ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကိုရီးယားတို့အပြင် မြန်မာနိုင်ငံမှ ထွက်ရှိသမျှ ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ဇာတ်ကားများကို ဟာသ၊ သည်းထိတ်ရင်ဖို၊ အချစ်၊ အက်ရှင် စသဖြင့် အမျိုးအစားစုံလင်စွာ တင်ဆက်ပေးထားသည့်အတွက် ကြိုက်နှစ်သက်ရာကို ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။

အခြား App တွေနဲ့မတူညီဘဲ Viu ရဲ့တမူထူးခြားတဲ့ အားသာချက်ကတော့ ဗွီဒီယိုတိုင်းကို မြန်မာစာတန်းထိုးနဲ့ ကြည့်ရှုနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် တခြားဘာမှတွေးမနေတော့ဘဲ Viu App ကို Google Play store မှာ အခမဲ့ဒေါင်းလုတ်ရယူပြီး Asian ရုပ်ရှင်များ၊ ဇာတ်ကားကောင်းများကို အခုပဲ ကြည့်လိုက်ကြရအောင်။ Facebook အကောင့်ကို အသုံးပြုပြီးတော့ Sign up လုပ်လိုက်ရုံနဲ့ တစ်လအလကားကြည့်ရှုနိုင်မယ့် အခွင့်အရေးကောင်းကို ရယူနိုင်သလို အနည်းဆုံး ၁၅၀၀ ကျပ်ဖြင့် Viu Premium ကို Subscribe လုပ်ပြီးတော့လည်း ပိုမိုများပြားတဲ့ ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွဲတွေကို စိတ်ကြိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Viu နဲ့ပတ်သက်ပြီး အသေးစိတ်ပြောပြရမယ်ဆိုရင်တော့ Viu ဟာ Over-the-Top (OTT) Video Service တစ်ခုဖြစ်ပြီး စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ ဟောင်ကောင်နှင့် အခြား ၈ နိုင်ငံရှိ ဈေးကွက် ၁၆ ခုတွင် မိတ်ဆက်ခဲ့ပြီးပါပြီ။ စတင်မိတ်ဆက်ခဲ့သည့်အချိန်မှစ၍ ၂၀၁၆ ခုနှစ်၊ HKICT Awards ဆုပေးပွဲတွင် အကောင်းဆုံးမိုဘိုင်းလ် App ဆု၊ ၂၀၁၇ ဒီဇင်ဘာတွင်တော့ Google မှပေးအပ်သည့် အရှေ့အလယ်ပိုင်းဒေသရဲ့ “Most Engaged App” ဆု စသဖြင့် ဆုပေါင်းမြောက်မြားစွာကို ဆွတ်ခူးရရှိခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ဈေးကွက်နှင့် ဆက်စပ်မှုရှိသော အကောင်းဆုံး Asian Content တစ်ခုအနေနဲ့ ရပ်တည်လိုသည့် စိတ်ကူးဖြင့် ဧပြီ ၂၀၁၈ ခုနှစ်တွင်တော့ Viu ကို မြန်မာနိုင်ငံတွင် Beta Version ဖြင့်မိတ်ဆက်ခဲ့ပါတယ်။ ဈေးကွက်အတွင်းရှိ သုံးစွဲသူများအတွက် အလွန်စိတ်ဝင်စားဖွယ်ကောင်းစရာ App တစ်ခုဖြစ်ပြီး အရှေ့တောင်အာရှမှ ဦးဆောင်လျက်ရှိတဲ့ Content/ Broadcast တွေနဲ့ပေါင်းစပ်ထားသော Freemium ထုတ်ကုန်တစ်ခုအတွက်တော့ အကောင်းဆုံးဈေးကွက်တစ်ခုပါပဲ။

Vuclip ဟာ PCCW Media Company ရဲ့အခွဲဖြစ်တဲ့အပြင် Silicon Valley ၊ California အခြေစိုက် နိုင်ငံပေါင်း ၂၂ နိုင်ငံကျော်အတွက် Video တွေထုပ်လွှင့်တဲ့ Service Provider ကိုကမ္ဘာ့အတိုင်းအတာနဲ့ ချီပြီးဆောင်ရွယ် နေတာလို့ပြောရရင်လည်း မမှားပါဘူး။ PCCW Limited ကတော့ ဟောင်ကောင်မှာ ရှိတဲ့ နိုင်ငံတကာ Company ဖြစ်ပြီး မီဒီယာ သတင်း ၊ နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းပေးခြင်း Property Development အပြင် ရင်းနှီးမြုပ် နှံမှုတွေနဲ့ဆိုင်တဲ့ အခြားစီးပွားရေးလုပ်ငန်းတွေမှာလည်း ဘက်ပေါင်းစုံလုပ်ကိုင်ပါတယ်။ PCCW Media ရဲ့အောက်မှာကတော့ Local Pay-TV အပြင် Now TV ၊ OTT video service ဝန်ဆောင်မှုအောက်မှာရှိတဲ့ Viu ၊ Vuclip တွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။