Zawgyi

3D Mark ဆိုတာကေတာ့ စမတ္ဖုန္းေတြရဲ႕ စြမ္းေဆာင္ရည္နဲ႔ အျမန္ႏွုန္းကို စစ္ေဆးျပီး အမွတ္ေပးတဲ့ Software တစ္ခုပါ။ Futuremark ကေနစထြင္ခဲ့ျပီး UL လို႔ေခၚတဲ့ ကုမၸဏီကေန ဝယ္လိုက္တဲ့ Software တစ္ခုပါ။ 3D Mark စာရင္းထဲမွာ သင္သိသမွ် စမတ္ဖုန္းေတြရဲ႕ စြမ္းေဆာင္ရည္နဲ႔ အျမန္ႏွုန္း စစ္ေဆးခ်က္ ရလဒ္ေတြကို ၾကည့္ရွုႏိုင္ပါတယ္။ မၾကာေသးခင္က ထြက္ရွိထားတဲ့ နာမည္ၾကီး တရုတ္ စမတ္ဖုန္းကုမၸဏီ တစ္ခုက ထုတ္ထားတဲ့ စမတ္ဖုန္းႏွစ္လံုးကို Benchmark လိမ္လည္မွုနဲ႔ အဆုိပါ 3D Mark စာရင္းကေန ပယ္ဖ်က္လိုက္ပါတယ္။

Benchmarking လို႔ေခၚတဲ့ အျမန္ႏွုန္းေတြကို အရင္တုန္းက PC သမားေတြပဲ ဂရုစိုက္ခဲ့ၾကတာပါ။ Benchmark ေတြကို အလြန္အမင္းဂရုစိုက္ခဲ့ၾကျပီး တစ္ခ်ိဳ႕ PC သမားေတြဆိုရင္ Benchmark အရမ္းမ်ားေအာင္ CPU ကို ႏိုက္ထရိုဂ်င္ အရည္နဲ႔ အေအးေပးျပီး 7GHz ထိ Overclock လုပ္ခဲ့ၾကပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ Benchmarking ကို စမတ္ဖုန္းေလာကမွာ အေတာ္ေလး အာရံုစိုက္လာၾကပါျပီ။ စမတ္ဖုန္း ထုတ္လုပ္သူေတြကလည္း သူတို႔ရဲ႕ စမတ္ဖုန္းေတြရဲ႕ Benchmark Score မ်ားေအာင္ နည္းလမ္းေပါင္းမ်ိဳးစံု အသံုးျပဳလာၾကပါတယ္။

3D Mark မွာ PC ေတြအျမန္ႏွုန္းစမ္းသပ္တဲ့အခါ UL ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြက အရမ္းတင္းက်ပ္ခဲ့ျပီး CPU ကို Tweak, Overclock လုပ္တာေတြ လက္မခံပါဘူး။ စမတ္ဖုန္းေတြအတြက္လည္း အဆိုပါ စည္းမ်ဥ္းစည္းကမ္းေတြက သက္ေရာက္ပါတယ္။ ဒါေပမယ့္လည္း နာမည္ၾကီးတရုတ္ဖုန္းႏွစ္လံုးဟာ 3D Mark အတြက္ Benchmark ေတြကို လိမ္လည္ခဲ့ျပီး UL ကေန ျပန္ဆန္းစစ္ၾကည့္တဲ့အခါ တစ္ကယ့္ အမွန္ရလဒ္ထက္ 41% ပိုမ်ားေနတာေတြ႔ခဲ့ရပါတယ္။ အဆိုပါ စမတ္ဖုန္းႏွစ္လံုးမွာ ဂိမ္းေတြနဲ႔ Benchmark App ေတြ ဝင္တဲ့ အခါ စြမ္းေဆာင္ရည္ေကာင္းေစဖို႔ CPU ကို နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ Tweak လုပ္ခဲ့တာျဖစ္ျပီး UL ရဲ႕စည္းမ်ဥ္းသည္းကမ္းေတြနဲ႔ ကိုက္ညီမွုမရွိတဲ့အတြက္ အဆိုပါ တရုတ္ဖုန္း ႏွစ္လံုးဟာ 3D Mark စာရင္းကေနဖယ္ထုတ္ခံခဲ့ရပါတယ္။ အဲ့အခ်က္ေတြကိုၾကည့္ျပီး ဖုန္းတစ္လံုးမွာ Benchmark ေတြထက္ တစ္ကယ့္ Real Life အသံုးဝင္မွုေတြကို ပိုဂရုစိုက္သင့္ပါတယ္။

Unicode

3D Mark ဆိုတာကတော့ စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ အမြန်နှုန်းကို စစ်ဆေးပြီး အမှတ်ပေးတဲ့ Software တစ်ခုပါ။ Futuremark ကနေစထွင်ခဲ့ပြီး UL လို့ခေါ်တဲ့ ကုမ္ပဏီကနေ ဝယ်လိုက်တဲ့ Software တစ်ခုပါ။ 3D Mark စာရင်းထဲမှာ သင်သိသမျှ စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ အမြန်နှုန်း စစ်ဆေးချက် ရလဒ်တွေကို ကြည့်ရှုနိုင်ပါတယ်။ မကြာသေးခင်က ထွက်ရှိထားတဲ့ နာမည်ကြီး တရုတ် စမတ်ဖုန်းကုမ္ပဏီ တစ်ခုက ထုတ်ထားတဲ့ စမတ်ဖုန်းနှစ်လုံးကို Benchmark လိမ်လည်မှုနဲ့ အဆိုပါ 3D Mark စာရင်းကနေ ပယ်ဖျက်လိုက်ပါတယ်။

Benchmarking လို့ခေါ်တဲ့ အမြန်နှုန်းတွေကို အရင်တုန်းက PC သမားတွေပဲ ဂရုစိုက်ခဲ့ကြတာပါ။ Benchmark တွေကို အလွန်အမင်းဂရုစိုက်ခဲ့ကြပြီး တစ်ချို့ PC သမားတွေဆိုရင် Benchmark အရမ်းများအောင် CPU ကို နိုက်ထရိုဂျင် အရည်နဲ့ အအေးပေးပြီး 7GHz ထိ Overclock လုပ်ခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ Benchmarking ကို စမတ်ဖုန်းလောကမှာ အတော်လေး အာရုံစိုက်လာကြပါပြီ။ စမတ်ဖုန်း ထုတ်လုပ်သူတွေကလည်း သူတို့ရဲ့ စမတ်ဖုန်းတွေရဲ့ Benchmark Score များအောင် နည်းလမ်းပေါင်းမျိုးစုံ အသုံးပြုလာကြပါတယ်။

3D Mark မှာ PC တွေအမြန်နှုန်းစမ်းသပ်တဲ့အခါ UL ရဲ့ စည်းမျဉ်းစည်းကမ်းတွေက အရမ်းတင်းကျပ်ခဲ့ပြီး CPU ကို Tweak, Overclock လုပ်တာတွေ လက်မခံပါဘူး။ စမတ်ဖုန်းတွေအတွက်လည်း အဆိုပါ စည်းမျဉ်းစည်းကမ်းတွေက သက်ရောက်ပါတယ်။ ဒါပေမယ့်လည်း နာမည်ကြီးတရုတ်ဖုန်းနှစ်လုံးဟာ 3D Mark အတွက် Benchmark တွေကို လိမ်လည်ခဲ့ပြီး UL ကနေ ပြန်ဆန်းစစ်ကြည့်တဲ့အခါ တစ်ကယ့် အမှန်ရလဒ်ထက် 41% ပိုများနေတာတွေ့ခဲ့ရပါတယ်။ အဆိုပါ စမတ်ဖုန်းနှစ်လုံးမှာ ဂိမ်းတွေနဲ့ Benchmark App တွေ ဝင်တဲ့ အခါ စွမ်းဆောင်ရည်ကောင်းစေဖို့ CPU ကို နည်းလမ်းအမျိုးမျိုးနဲ့ Tweak လုပ်ခဲ့တာဖြစ်ပြီး UL ရဲ့စည်းမျဉ်းသည်းကမ်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် အဆိုပါ တရုတ်ဖုန်း နှစ်လုံးဟာ 3D Mark စာရင်းကနေဖယ်ထုတ်ခံခဲ့ရပါတယ်။ အဲ့အချက်တွေကိုကြည့်ပြီး ဖုန်းတစ်လုံးမှာ Benchmark တွေထက် တစ်ကယ့် Real Life အသုံးဝင်မှုတွေကို ပိုဂရုစိုက်သင့်ပါတယ်။