ယေန႔ ေအာက္တုိဘာ ၁၈ ရက္ေန႔မွာေတာ့ Lenovo မိတ္ဆက္ပြဲမွာ ေတြ႕ျမင္ခဲ့ရတာ S5 Pro နဲ႔ K5 Pro စမတ္ဖုန္းသစ္မ်ားသာမကဘဲ စမတ္နာရီအသစ္ႏွစ္မ်ဳိးလည္း ပါဝင္ပါတယ္။

Lenovo Watch S ကေတာ့ Hybrid နာရီျဖစ္ျပီး အရြယ္ေရာက္ျပီး လူေတြအတြက္ ရည္ရြယ္ထားကာ ေဒၚလာ ၃၅ ပမာဏနဲ႔ ေအာက္တုိဘာ ၃၀ ေန႔မွာ စတင္ျဖန္႔ခ်ိသြားမွာပါ။ ေရစိမ္ဒဏ္ခံႏုိင္ရည္ရွိျပီး ထုံးစံအတုိင္း သုံးစြဲသူရဲ႕ ေလ့က်င့္ခန္း ျပဳလုပ္ျခင္းနဲ႔ အိပ္စက္ျခင္းတုိ႔ကို ေစာင့္ၾကည့္ေပးမယ္။ ေန႔စဥ္ အခ်က္အလက္ေတြကို ျပန္လည္ၾကည့္ရႈႏုိင္မွာ ျဖစ္တယ္။

Lenovo Watch C ကေတာ့ ကေလးငယ္အတြက္ ရည္ရြယ္ထားျပီး ခ်စ္စရာ ဒီဇုိင္းေလးနဲ႔ ျဖစ္ပါတယ္။ သူ႕မွာ စမတ္နာရီတစ္လုံးအတြက္ အသင့္အတင့္ၾကီးတယ္လုိ႔ ဆုိႏုိင္တဲ့ 1.3” AMOLED Display ပါဝင္ကာ IPX7 ေရစိုဒဏ္ ခံႏုိင္ရည္ ရွိတယ္။

GPS ထည့္သြင္းထားတဲ့အတြက္ ကေလးဘယ္ေရာက္ေနလဲ အခ်ိန္ေရြးသိႏုိင္သလို တစ္ခုခုျဖစ္ရင္ အကူအညီေခၚႏုိင္တဲ့ SOS ခလုတ္ေလးလည္း ပါဝင္တယ္။ သူကေတာ့ ေအာက္တုိဘာ ၂၂ ရက္ေန႔မွာ ေစာေစာထြက္လာမွာ ျဖစ္ျပီး ေစ်းကလည္း ေဒၚလာ ၆၀ ဝန္းက်င္ ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ Lenovo မိတ်ဆက်ပွဲမှာ တွေ့မြင်ခဲ့ရတာ S5 Pro နဲ့ K5 Pro စမတ်ဖုန်းသစ်များသာမကဘဲ စမတ်နာရီအသစ်နှစ်မျိုးလည်း ပါဝင်ပါတယ်။

Lenovo Watch S ကတော့ Hybrid နာရီဖြစ်ပြီး အရွယ်ရောက်ပြီး လူတွေအတွက် ရည်ရွယ်ထားကာ ဒေါ်လာ ၃၅ ပမာဏနဲ့ အောက်တိုဘာ ၃၀ နေ့မှာ စတင်ဖြန့်ချိသွားမှာပါ။ ရေစိမ်ဒဏ်ခံနိုင်ရည်ရှိပြီး ထုံးစံအတိုင်း သုံးစွဲသူရဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းနဲ့ အိပ်စက်ခြင်းတို့ကို စောင့်ကြည့်ပေးမယ်။ နေ့စဉ် အချက်အလက်တွေကို ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်တယ်။

Lenovo Watch C ကတော့ ကလေးငယ်အတွက် ရည်ရွယ်ထားပြီး ချစ်စရာ ဒီဇိုင်းလေးနဲ့ ဖြစ်ပါတယ်။ သူ့မှာ စမတ်နာရီတစ်လုံးအတွက် အသင့်အတင့်ကြီးတယ်လို့ ဆိုနိုင်တဲ့ 1.3” AMOLED Display ပါဝင်ကာ IPX7 ရေစိုဒဏ် ခံနိုင်ရည် ရှိတယ်။

GPS ထည့်သွင်းထားတဲ့အတွက် ကလေးဘယ်ရောက်နေလဲ အချိန်ရွေးသိနိုင်သလို တစ်ခုခုဖြစ်ရင် အကူအညီခေါ်နိုင်တဲ့ SOS ခလုတ်လေးလည်း ပါဝင်တယ်။ သူကတော့ အောက်တိုဘာ ၂၂ ရက်နေ့မှာ စောစောထွက်လာမှာ ဖြစ်ပြီး ဈေးကလည်း ဒေါ်လာ ၆၀ ဝန်းကျင် ဖြစ်ပါတယ်။

Ref – GSM Arena