Apple ရဲ့ HomePod ကတော့ Apple Music အသုံးပြုသူတွေကြားမှာ Siri နဲ့ဝင်ရောက်လာခဲ့တဲ့နောက်ပိုင်း Smart Speaker နယ်ပယ်ထဲမှာ ယှဉ်ပြိုင်စရာတွေပိုများလာပါတယ်။ Amazon နဲ့ Google Home တို့ကြားထဲကို Music ပိုင်းကနေဝင်ရောက်လာခဲ့တာကြောင့် Music Streaming ပိုင်းမှာ စိတ်ဝင်စားစရာပိုကောင်းခဲ့တာတော့ အမှန်ပါပဲ။

Source : Spotify

Sonos ကထုတ်ထားတဲ့ အသံကောင်းပါတယ်ဆိုတဲ့ သီချင်းဖွင့်ဖို့ထုတ်ပေးထားတဲ့ Speaker တွေရဲ့အသံထွက်ကိုတောင် မကောင်းဘူးလို့ထင်ယောင်ထင်မှားဖြစ်သွားစေခဲ့တဲ့ HomePod ကိုယှဉ်ပြိုင်ဖို့ Speaker ကုမ္ပဏီတွေ အပြိုင်လိုက်လာကြပါပြီ။

UE လို့လူသိများတဲ့ Ultimate Ears ဆိုတဲ့ ကုမ္ပဏီက Alexa သုံးထားတဲ့ Smart Speaker လေးတွေထုတ်ရောင်းနေပါတယ်။ အဲ့ဒီထဲကမှ Blast နဲ့ Megablast ဆိုတဲ့ Model တွေအတွက် သီချင်းနားထောင်တာနဲ့ပတ်သက်ပြီး Update ရတော့မှာပါ။

Apple က HomePod ကို Apple Music အတွက်ရည်ရွယ်ထားသလို UE ကတော့ သူတို့ရဲ့ Speaker တွေကို Spotify အတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ အဲ့ဒီအတွက်ကြောင့်လည်း Spotify ကသီချင်းတွေကို အသံနဲ့အမိန့်ပေးပြီးဖွင့်ခိုင်းလို့ရအောင် Spotify Voice Control Feature ကိုမကြာခင်ထည့်ပေးတော့မှာပါ။

Spotify Voice Control Feature အပြင် Spotify Connect ကိုပါထောက်ပံပေးဦးမှာဖြစ်တယ်လို့သိရပါတယ်။ Spotify Connect ကတော့ သီချင်းနားထောင်ဖို့အတွက် ဖုန်းနဲ့ Speaker ကို Bluetooth နဲ့ချိတ်စရာမလိုပဲ WiFi ချိတ်ထားယုံနဲ့ ဖွင့်လို့ရနိုင်တာမျိုးပါ။ Speaker ကို WiFi နဲ့ချိတ်လို့ရတာကတော့ Bluetooth ထက်ပိုအဆင်ပြေလာမှာပါ။ အသံအရည်အသွေးပိုင်းမှာလည်း ပိုစိတ်ချလာရပါတယ်။