[Zawgyi]

ေတာင္ကုိရီးယားမီဒီယာတစ္ခုျဖစ္တဲ့ ETNews ကေတာ့ ၂၀၁၉ ရဲ႕ Galaxy A စီးရီး စမတ္ဖုန္းေတြနဲ႔ပတ္သတ္တဲ့သတင္းတစ္ခ်ိဳ႕ သယ္လာျပန္ပါျပီ။ သိရသေလာက္ထိဆို လာမယ့္ Galaxy A50 နဲ႔ A60 ေတြမွာ အခုသံုးေနဆဲ AMOLED ေတြအစား LCD Panel ေတြပဲ သံုးေတာ့မယ္ဆိုတာပါ။

ဒီလိုလုပ္လိုက္ရတဲ့ အေၾကာင္းရင္းနဲ႔ ပတ္သတ္ျပီး သိသာထင္ရွားတယ္လို႔ ေျပာလို႔ရမယ့္ အခ်က္တစ္ခုကေတာ့ ခုေနာက္ပိုင္း ေစ်းကြက္ထဲမွာ တရုတ္စမတ္ဖုန္းေတြက လႊမ္းမိုးလာလို႔ပဲ ထင္ပါတယ္။

ေျပာထားတဲ့အတုိင္းဆို လာမယ့္ Galaxy M စီးရီးေတြမွာလည္း Model အမ်ားစုကို LCD panel ေတြပဲ သံုးထားမွာျဖစ္ျပီး AMOLED သံုးမယ့္ဖုန္းအေရအတြက္ကေတာ့ နည္းပါလိမ့္မယ္။

Galaxy M စီးရီးဆိုတာကို ျပန္ေကာက္ရရင္ေတာ့ M Series ေတြက Galaxy J, On နဲ႔ C Series ေတြကို ေပါင္းထားတဲ့ Series လို႔ပဲ ေျပာရမွာပါ။

ေျပာရရင္ Galaxy A စီးရီးေလးေတြက အစမ္းသပ္ခံေလးေတြလို႔ ေျပာရမလားပါပဲ။ Flagship ေတြမွာ သံုးခ်င္တဲ့ Feature အသစ္ေတြကို Galaxy A စီးရီးေတြမွာ အရင္ထည့္သံုးျပီး အဆင္ေျပရင္ Flagship ေတြမွာ သံုးေလ့ရိွပါတယ္။

LCD ေျပာင္းလိုက္ျခင္းက A စီးရီးေတြကို ေစ်းကြက္ပိုဝင္ေစႏုိင္မလား ေစ်းကြက္ကေန က်ေတာင္က်သြားေစႏုိင္တဲ့ တစ္ခ်က္လားဆိုတာကေတာ့ အခ်ိန္ကပဲ စကားေျပာသြားႏုိင္မွာပါ။

Source: GSMArena

[Unicode]

တောင်ကိုရီးယားမီဒီယာတစ်ခုဖြစ်တဲ့ ETNews ကတော့ ၂၀၁၉ ရဲ့ Galaxy A စီးရီး စမတ်ဖုန်းတွေနဲ့ပတ်သတ်တဲ့သတင်းတစ်ချို့ သယ်လာပြန်ပါပြီ။ သိရသလောက်ထိဆို လာမယ့် Galaxy A50 နဲ့ A60 တွေမှာ အခုသုံးနေဆဲ AMOLED တွေအစား LCD Panel တွေပဲ သုံးတော့မယ်ဆိုတာပါ။

ဒီလိုလုပ်လိုက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သတ်ပြီး သိသာထင်ရှားတယ်လို့ ပြောလို့ရမယ့် အချက်တစ်ခုကတော့ ခုနောက်ပိုင်း ဈေးကွက်ထဲမှာ တရုတ်စမတ်ဖုန်းတွေက လွှမ်းမိုးလာလို့ပဲ ထင်ပါတယ်။

ပြောထားတဲ့အတိုင်းဆို လာမယ့် Galaxy M စီးရီးတွေမှာလည်း Model အများစုကို LCD panel တွေပဲ သုံးထားမှာဖြစ်ပြီး AMOLED သုံးမယ့်ဖုန်းအရေအတွက်ကတော့ နည်းပါလိမ့်မယ်။

Galaxy M စီးရီးဆိုတာကို ပြန်ကောက်ရရင်တော့ M Series တွေက Galaxy J, On နဲ့ C Series တွေကို ပေါင်းထားတဲ့ Series လို့ပဲ ပြောရမှာပါ။

ပြောရရင် Galaxy A စီးရီးလေးတွေက အစမ်းသပ်ခံလေးတွေလို့ ပြောရမလားပါပဲ။ Flagship တွေမှာ သုံးချင်တဲ့ Feature အသစ်တွေကို Galaxy A စီးရီးတွေမှာ အရင်ထည့်သုံးပြီး အဆင်ပြေရင် Flagship တွေမှာ သုံးလေ့ရှိပါတယ်။

LCD ပြောင်းလိုက်ခြင်းက A စီးရီးတွေကို ဈေးကွက်ပိုဝင်စေနိုင်မလား ဈေးကွက်ကနေ ကျတောင်ကျသွားစေနိုင်တဲ့ တစ်ချက်လားဆိုတာကတော့ အချိန်ကပဲ စကားပြောသွားနိုင်မှာပါ။

Source: GSMArena