ဒီနှစ်ထဲမှာ ထွက်ရှိမယ့် iPhone 9 ဒါမှမဟုတ် iPhone XI မှာ Dual Sim သုံးလို့ရနိုင်တော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီသတင်းဟာ တရုတ်မှာရှိတဲ့ 21st Century Business Herald ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Source: techrader.com

ဖုန်းတစ်လုံးမှာ Sim Card ၂ ခုသုံးတာဟာ နိုင်ငံတော်တော်များများမှာ User တွေကြိုက်တဲ့ Feature တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Android ဖုန်းတွေမှာ သုံးတာကြာနေပြီး iPhone မှာ မသုံးသေးပါဘူး။ ဒါ့ကြောင့်လည်း iPhone ဟာ သူ့လောက်တောင် Performance မကောင်းတဲ့ Android ဖုန်းတွေနဲု့ယှဉ်ပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဒါဟာ အနောက်တိုင်း နိုင်ငံတွေရဲ့ Dual Sim Technology အပေါ်စိတ်ဝင်စားမှု သိပ်မရှိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုလို iPhone က Dual Sim နဲ့ ဈေးကွက်ချဲ့လာပြီဆိုတော့ ဘာတွေဖြစ်လာဦးမလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းလာပြန်ပါပြီ။

ဒါပေမယ့် 21st Century Business Herald ဟာ iPhone နဲ့ ပတ်သက်ပြီး အခုလို ခန့်မှန်းတာမျိုး မလုပ်ဖူးပါဘူး။ ဒါ့ကြောင့် iPhone User တွေအနေနဲ့ ဒီသတင်းကို ရင်တမမနဲ့ မျှော်လင့်ရဦးမှာပါ။ ဒါ့အပြင် iPhone အသစ်မှာ ဘာတွေထူးခြားလာမလဲ စောင့်ကြည့်ရမယ့် အပြင် iOS 12 ကိုလည်း စောင့်ကြည့်ရဦးမှာပါ။