[Zawgyi]

Google ဟာ ကုမၸဏီရဲ႕ အႏွစ္ ၂၀ ျပည့္ အထိမ္းအမွတ္နဲ႔ တိုက္ဆိုင္ၿပီး စက္တင္ဘာလတုန္းက Discover အတြက္ Update ႀကီးကို ေၾကညာခဲ့ပါတယ္။ အရင္တုန္းက Google Feed လို႔ လူသိမ်ားခဲ့ေပမယ့္ နာမည္လည္း ေျပာင္းခဲ့ၿပီးေနာက္ပိုင္း ပိုစိတ္ဝင္စားစရာ Feature နဲ႔ Content ေတြ ေတြ႕ျမင္လာခဲ့ရပါတယ္။

Google အေနနဲ႔သူတို႔ရဲ႕ လုပ္ငန္းစဥ္ကို လအေတာ္ၾကာ စမ္းသပ္ခဲ့ၿပီး တဲ့ေနာက္ ဒီဇင္ဘာလလယ္ကစၿပီး Dark Theme ကို Pixel Launcher က Discover နဲ႔အတူ က်ယ္က်ယ္ျပန႔္ျပန႔္ ထုတ္လႊတ္လာခဲ့ၿပီ ျဖစ္ပါတယ္။ Pixel 3 လို မ်ိဳးပဲ Android 9 Pie အသုံးျပဳသူေတြအေနနဲ႔ Setting မွာ Darker Wallpaper ကို တပ္ဆင္လို႔ရသလို ကိုယ္တိုင္စိတ္ႀကိဳက္ Dark အမ်ိဳးအစားကိုလည္း တပ္ဆင္လို႔ရပါတယ္။

ၿပီးခဲ့တဲ့ ဒီဇိုင္းက Feed အေမွာင္ေနာက္ခံသက္သက္သာ ျဖစ္ခဲ့ၿပီး အမွန္တကယ္ Story cards ေတာ့ မျဖစ္ခဲ့ပါဘူး။ အခုေတာ့ Stories ေတြကလည္း အျဖဴေရာင္စာသားေတြနဲ႔အတူ Dark gray ေနာက္ခံေတြ ျဖစ္သြားခဲ့ရပါၿပီ။ ဒီ Theme ကိုလည္း အသုံးျပဳသူစိတ္ႀကိဳက္ ခ်ိန္ညႇိေျပာင္းလဲလို႔ရပါတယ္။ ပိုမ်ားတဲ့ သုံးစြဲသူေတြဆီေရာက္ေအာင္ လည္း ပို႔ေဆာင္ေနၿပီျဖစ္ပါတယ္။

Dark Mode သုံးျခင္းက ဖုန္းေတြအတြက္ ဘက္ထရီအသုံးျပဳမႈကို ေႁခြတာေစၿပီး သက္တမ္းပိုၾကာၾကာ အသုံးခံေၾကာင္းကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာ လဆန္းတုန္းက က်င္းပျပဳလုပ္ခဲ့တဲ့ Android Developer Summit မွာ Google က ေဆြးေႏြးသြားခဲ့ပါတယ္။ ဒါေၾကာင့္ Goole က သူတို႔ရဲ႕ ဒီဇိုင္းေတြမွာ အျဖဴေရာင္ေနာက္ခံေတြထက္ အနက္ေရာင္ေနာက္ခံေတြကိုပဲ ဦးစားေပးအသုံးျပဳသြားမယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေၾကာင့္ ၂၀၁၉ မွာေတာ့ Dark Theme အေတာ္မ်ားမ်ားကို ေတြ႕ျမင္ရဖြယ္ရွိေနပါတယ္။

 

Ref: 9to5google

 

[Unicode]

Google ဟာ ကုမ္ပဏီရဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်နဲ့ တိုက်ဆိုင်ပြီး စက်တင်ဘာလတုန်းက Discover အတွက် Update ကြီးကို ကြေညာခဲ့ပါတယ်။ အရင်တုန်းက Google Feed လို့ လူသိများခဲ့ပေမယ့် နာမည်လည်း ပြောင်းခဲ့ပြီးနောက်ပိုင်း ပိုစိတ်ဝင်စားစရာ Feature နဲ့ Content တွေ တွေ့မြင်လာခဲ့ရပါတယ်။

Google အနေနဲ့သူတို့ရဲ့ လုပ်ငန်းစဉ်ကို လအတော်ကြာ စမ်းသပ်ခဲ့ပြီး တဲ့နောက် ဒီဇင်ဘာလလယ်ကစပြီး Dark Theme ကို Pixel Launcher က Discover နဲ့အတူ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှတ်လာခဲ့ပြီ ဖြစ်ပါတယ်။ Pixel 3 လို မျိုးပဲ Android 9 Pie အသုံးပြုသူတွေအနေနဲ့ Setting မှာ Darker Wallpaper ကို တပ်ဆင်လို့ရသလို ကိုယ်တိုင်စိတ်ကြိုက် Dark အမျိုးအစားကိုလည်း တပ်ဆင်လို့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇိုင်းက Feed အမှောင်နောက်ခံသက်သက်သာ ဖြစ်ခဲ့ပြီး အမှန်တကယ် Story cards တော့ မဖြစ်ခဲ့ပါဘူး။ အခုတော့ Stories တွေကလည်း အဖြူရောင်စာသားတွေနဲ့အတူ Dark gray နောက်ခံတွေ ဖြစ်သွားခဲ့ရပါပြီ။ ဒီ Theme ကိုလည်း အသုံးပြုသူစိတ်ကြိုက် ချိန်ညှိပြောင်းလဲလို့ရပါတယ်။ ပိုများတဲ့ သုံးစွဲသူတွေဆီရောက်အောင် လည်း ပို့ဆောင်နေပြီဖြစ်ပါတယ်။

Dark Mode သုံးခြင်းက ဖုန်းတွေအတွက် ဘက်ထရီအသုံးပြုမှုကို ခြွေတာစေပြီး သက်တမ်းပိုကြာကြာ အသုံးခံကြောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ Android Developer Summit မှာ Google က ဆွေးနွေးသွားခဲ့ပါတယ်။ ဒါကြောင့် Goole က သူတို့ရဲ့ ဒီဇိုင်းတွေမှာ အဖြူရောင်နောက်ခံတွေထက် အနက်ရောင်နောက်ခံတွေကိုပဲ ဦးစားပေးအသုံးပြုသွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ မှာတော့ Dark Theme အတော်များများကို တွေ့မြင်ရဖွယ်ရှိနေပါတယ်။

 

Ref: 9to5google