ကိုယ့် သူငယ်ချင်းနဲ့ တွဲတင်ထားခဲ့တဲ့ ပုံတွေ၊ စာတွေ ကို ပြန်မြင်ချင်ရင်

Facebook ပေါ်မှာ Post တွေက ပြန်ရှာရခက်ပါတယ်။ ဒါကြောင့် ကိုယ့်သူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်တဲ့ Post တွေကို ပြန်ရှာချင်ရင် သူ့ Wall ထဲကို သွားပါ။

“View Activity Log” ကို “Click” လုပ်လိုက်ရုံနဲ့ ပြန်ကြည့်လို့ရပါတယ်။

ကိုယ့်သူငယ်ချင်းမဟုတ်တဲ့သူတွေ ကိုယ့် Wall ကို ဘယ်လိုမြင်ရလဲ

ကိုယ့်အကောင့်ထဲမှာ သူငယ်ချင်းမဟုတ်တဲ့သူတွေက ကိုယ့် Facebook အကောင့်ကို ဘယ်လိုမြင်ရသလဲလို့သိချင်သလား။ ဒါကလည်း အရေးကြီးပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို တခြား တစိမ်းတစ်ယောက် မသိသွားဖို့က အရေးကြီးပါတယ်။

ဒါကြောင့် သူတို့ကိုယ့် Wall ကို ဘယ်လို မြင်ရလဲဆိုတာ အရေးကြီးပါတယ်။

“View Activity Log” ဘေးက အစက်လေး ၃ စက် ကို နှိပ်လိုက်ရင်“View As” ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် တခြား တစိမ်းတစ်ယောက် ဘယ်လိုမြင်ရမလဲဆိုတာ သိနိုင်ပါတယ်။

ဗီဒီယို Chat လုပ်ချင်ရင်

အခုနောက်ပိုင်း စာနဲ့ရိုက်ပြီး Chat ရုံတင်မကဘဲ အသံ၊ ဗီဒီယို Chat တွေပါလုပ်လို့ရပါတယ်။

ဗီဒီယို Chat ချင်ရင် ဗီဒီယို ကင်မရာ ပုံစံ Icon လေးကို နှိပ်လို့ရပါတယ်။

ကိုယ်ဖတ်ချင်တဲ့ Post ကို “Save” ထားမယ်

Facebook မှာရှိတဲ့ တချို့ Post တွေ Link တွေ ကိုယ်အားတဲ့အချိန်ကျရင် ဖတ်လို့ရအောင် သိမ်းထားလို့ရပါတယ်။

Post ရဲ့ ညာဘက် အပေါ်ဘက်ထောင့်က မျှားလေးကို နှိပ်ပြီး “Save Post” သို့ “Save Link” ကို နှိပ်ပြီး သိမ်းထားလို့ရပါတယ်။

အားတဲ့အချိန်ကျမှ Facebook Settings ထဲကနေ “Saved” ကို နှိပ်ပြီး ပြန်ဖတ်၊ ပြန်ကြည့်လို့ရပါတယ်။