Sony ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Xperia စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ OLED Display ကို အသုံးပြုထားခဲ့တဲ့ Sony Xperia XZ3 စမတ်ဖုန်းကို မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ Sony Xperia XZ3 ဖုန်းဟာ OLED Display ကို Quad HD+ Resolution နဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ Sony Brevia TV တွေက နည်းပညာတွေကိုပါ ပေါင်းစပ်ထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Third Party ကုမ္ပဏီတစ်ခုဖြစ်တဲ့ Strategy Analytics က အခု Sony Xperia XZ3 အပါအဝင် လက်ရှိ Flagship ဖုန်းတွေကို လူအယောက် ၂၀၀ ကျော်ကို စမ်းသပ်ကြည့်ရှုစေခဲ့ပြီးတော့ ဘယ် Display က အကောင်းဆုံးလဲဆိုတာကို Vote လုပ်ပေးစေခဲ့ပါတယ်။

အခုလိုမျိုး စမ်းသပ်မှုဟာ ဘယ် Display က ဘယ်စမတ်ဖုန်းလဲဆိုတာကို မမြင်ရအောင် ဖုံးကွယ်ထားပြီး Brightness ကို Maximum နဲ့အတူ တူညီတဲ့ Pictures နဲ့ Videos တွေကို ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာကတော့ ဘယ် Display က အကောင်းဆုံးလဲဆိုတာနဲ့ Brightness ၊ Clarity ၊ True Life Colors ၊ Contrast ၊ Sharpness & Vibrancy တွေကို သီးခြား Vote လုပ်စေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို လူအယောက် ၂၀၀ ကျော်က Vote ပြုလုပ်ပြီးတဲ့အချိန်မှာတော့ Sony Xperia XZ3 စမတ်ဖုန်းဟာ ၇၀ ရာခိုင်နှုန်း မဲရရှိပြီးတော့ အကောင်းဆုံးသော Display အဖြစ်သတ်မှတ်ခံလိုက်ရပါတယ်။ အခု Display စမ်းသပ်မှုဟာ ယခင် DisplayMate က စမ်းသပ်သလိုမျိုး သိပ္ပံနည်းကျကျစမ်းသပ်တာမျိုးမဟုတ်ပေမယ့် လူတွေရဲ့ အမြင်မှာတော့ Sony Xperia XZ3 ရဲ့ Display က တော်တော်လေးကို ကောင်းနေတဲ့ပုံပါပဲ။

Sony ကတော့ OLED Display ကို ပြောင်းသုံးလိုက်တာ မှန်ကန်တယ်လို့ ပြောရတော့မှာပါ။