[Zawgyi]

Polls လုပ္ေဆာင္ခ်က္အား အသုံးျပဳျခင္းအားျဖင့္ Group Chat ႏွင့္ Community မွ အဖြဲ႕ဝင္မ်ားအေနႏွင့္ ေဆြးေႏြးေျပာဆိုေနေသာ အေၾကာင္းအရာမ်ားတြင္ ပိုမိုပါဝင္ခြင့္ ရရွိလာႏိုင္မည့္အျပင္ ၎တို႔ သေဘာက် ႏွစ္သက္ေသာ ေ႐ြးခ်ယ္မႈမ်ားကိုလည္း ျပဳလုပ္သြားႏိုင္ေတာ့မည္ျဖစ္

ရန္ကုန္ – ဇန္နဝါရီလ၊ ၂၀၁၉ ခုႏွစ္ – ကမာၻ႔ထိပ္တန္း စာတိုေပးပို႔မႈ အက္ပလီေကးရွင္း တစ္ခုျဖစ္သည့္ Viber သည္ ၎၏ အသုံးျပဳသူမ်ား အတြက္ Polls လုပ္ေဆာင္ခ်က္အား တရားဝင္ မိတ္ဆက္ခဲ့သည္။ အဆိုပါ ဆန္းသစ္ေသာ လုပ္ေဆာင္ခ်က္အား အသုံးျပဳ၍ Viber အသုံးျပဳသူမ်ားသည္ အေၾကာင္းအရာတစ္ခုအတြက္ ၎တို႔၏ Group Chat ႏွင့္ Community မ်ားထဲရွိ အဖြဲ႕ဝင္ သူငယ္ခ်င္းမ်ားႏွင့္ ေဆြးေႏြးေျပာဆိုရာတြင္ ပိုမိုတိက်ေသာ အေျဖမ်ား၊ မွတ္ခ်က္မ်ားအား ရယူသြားႏိုင္မည္ ျဖစ္သည္။

Viber ၏ Polls လုပ္ေဆာင္ခ်က္အား စတင္အသုံးျပဳလိုပါက အသုံးျပဳသူမ်ား အေနႏွင့္ Chat Menu တြင္ရွိေသာ Poll ပုံစံအမွတ္အသားအား ေ႐ြးခ်ယ္ရမည္ ျဖစ္ၿပီး ထို႔ေနာက္တြင္ ေမးျမန္းခ်င္ေသာ ေမးခြန္းႏွင့္ အဆိုပါေမးခြန္းအတြက္ ေ႐ြးခ်ယ္ခြင့္ အေျဖ ၁၀ ခုအထိ ေရးသားထည့္သြင္းႏိုင္မည္ ျဖစ္သည္။ Poll တစ္ခုအား ဖန္တီးၿပီးသည္ႏွင့္ တၿပိဳင္နက္ အဆိုပါ Group Chat သို႔မဟုတ္ Community အတြင္းရွိ အဖြဲ႕ဝင္မ်ားအေနႏွင့္ အေျဖတစ္ခုခ်င္းစီ၏ ေဘးတြင္ ပါရွိေသာ အသည္းပုံ button အား ႏွိပ္လိုက္႐ုံမွ်ျဖင့္ မိမိႀကိဳက္ႏွစ္သက္ေသာ ေ႐ြးခ်ယ္မႈကို အလြယ္တကူ ျပဳလုပ္သြားႏိုင္မည္ ျဖစ္သည္။

“အသုံးျပဳသူေတြရဲ႕ ေန႔စဥ္ဘဝအတြက္ ပိုမိုအဆင္ေျပလြယ္ကူေစမယ့္ လုပ္ေဆာင္ခ်က္ေတြကို Viber အေနနဲ႔ အစဥ္မျပတ္ ဖန္တီးသြားဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ေနၿပီး အခု Polls လုပ္ေဆာင္ခ်က္အသစ္ဟာလည္း ဒီရည္သန္ခ်က္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ခဲ့တဲ့ မွတ္တိုင္တစ္ခု ျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ ကြၽန္ေတာ္တို႔အေနနဲ႔ အေၾကာင္းအရာတစ္ခုနဲ႔ ပတ္သက္ၿပီး group chat ထဲမွာ ေဆြးေႏြးတဲ့ ေနရာမွာ အဓိက အေၾကာင္းအရာကို မေပ်ာက္ပ်က္သြားေစပဲ group chat ထဲက လူေတြအကုန္လုံးဆီက အေျဖေတြ၊ မွတ္ခ်က္ေတြကို ရယူခ်င္တဲ့ အခ်ိန္ေတြ ရွိပါတယ္။ Viber ရဲ႕ Community မွာဆိုရင္ ဒီကိစၥက ပိုၿပီးေတာ့ေတာင္ ႀကီးမားတဲ့ ျပႆနာတစ္ခုပါ။ Community ထဲမွာ အဖြဲ႕ဝင္ေပါင္း သန္းခ်ီရွိေနမယ္၊ ေနာက္ၿပီး သူတို႔ကလည္း သူတို႔ေျပာခ်င္တဲ့ အေၾကာင္းအရာေတြကို ဆက္တိုက္ ေျပာဆိုေနမယ္ဆိုရင္ ခဏအတြင္းမွာပဲ ကိုယ္ေျပာလိုက္တဲ့ အေၾကာင္းအရာက ႏွစ္ျမႇဳပ္ ေပ်ာက္ကြယ္သြားမွာ ျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ အသုံးျပဳသူေတြအေနနဲ႔ ဒီအေျခအေနကို ေတြ႕ႀကဳံေနရၿပီဆိုရင္ poll တစ္ခုကိုသာ ျပဳလုပ္လိုက္႐ုံနဲ႔ အဆင္ေျပလြယ္ကူသြားႏိုင္ပါၿပီ။” ဟု Viber ၏ Head of Business Development – APAC ျဖစ္သူ Anubhav Nayyar က ေျပာၾကားသည္။

Group Chat သို႔မဟုတ္ Community အတြင္းရွိ အဖြဲ႕ဝင္တစ္ဦးမွ ေ႐ြးခ်ယ္မႈတစ္ခုကို ျပဳလုပ္လိုက္သည္ႏွင့္ တၿပိဳင္နက္ Poll ၏ ရလဒ္မ်ားသည္လည္း အခ်ိန္ႏွင့္ တေျပးညီ ေျပာင္းလဲသြားမည္ျဖစ္သည္။ ထို႔အျပင္ Viber သည္ အသုံးျပဳသူမ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ား လုံၿခဳံစိတ္ခ်မႈရွိေစရန္ အထူးဦးစားေပး လုပ္ေဆာင္လ်က္ ရွိသည္ ႏွင့္အညီ Group Chat အတြင္းရွိ အဖြဲ႕ဝင္မ်ားအေနႏွင့္ ေ႐ြးခ်ယ္မႈ အေျဖတစ္ခုအား ႏွိပ္လိုက္ပါက အဆိုပါအေျဖအား မည္သည့္အဖြဲ႕ဝင္မ်ားမွ ေ႐ြးခ်ယ္ထားသည္ကို ျမင္ေတြ႕ႏိုင္မည္ ျဖစ္ေသာ္လည္း Community တြင္မႈ အဆိုပါ Community ၏ Superadmin မ်ားႏွင့္ Admin မ်ားကသာလွ်င္ အျခားေသာ Superadmin မ်ားႏွင့္ Admin မ်ား၏ ေ႐ြးခ်ယ္မႈမ်ားအား ျမင္ေတြ႕ႏိုင္မည္ ျဖစ္ၿပီး ပုံမွန္ အဖြဲ႕ဝင္မ်ား၏ ေ႐ြးခ်ယ္ထားမႈမ်ားအား မည္သူတစ္ဦးတစ္ေယာက္ ကမွ် မည္သည့္နည္းႏွင့္ျဖစ္ေစ သိရွိႏိုင္မည္ မဟုတ္ေပ။

[Unicode]

Polls လုပ်ဆောင်ချက်အား စတင် မိတ်ဆက်လိုက်တဲ့ Viber

Polls လုပ်ဆောင်ချက်အား အသုံးပြုခြင်းအားဖြင့် Group Chat နှင့် Community မှ အဖွဲ့ဝင်များအနေနှင့် ဆွေးနွေးပြောဆိုနေသော အကြောင်းအရာများတွင် ပိုမိုပါဝင်ခွင့် ရရှိလာနိုင်မည့်အပြင် ၎င်းတို့ သဘောကျ နှစ်သက်သော ရွေးချယ်မှုများကိုလည်း ပြုလုပ်သွားနိုင်တော့မည်ဖြစ်

ရန်ကုန် – ဇန်နဝါရီလ၊ ၂၀၁၉ ခုနှစ် – ကမ္ဘာ့ထိပ်တန်း စာတိုပေးပို့မှု အက်ပလီကေးရှင်း တစ်ခုဖြစ်သည့် Viber သည် ၎င်း၏ အသုံးပြုသူများ အတွက် Polls လုပ်ဆောင်ချက်အား တရားဝင် မိတ်ဆက်ခဲ့သည်။ အဆိုပါ ဆန်းသစ်သော လုပ်ဆောင်ချက်အား အသုံးပြု၍ Viber အသုံးပြုသူများသည် အကြောင်းအရာတစ်ခုအတွက် ၎င်းတို့၏ Group Chat နှင့် Community များထဲရှိ အဖွဲ့ဝင် သူငယ်ချင်းများနှင့် ဆွေးနွေးပြောဆိုရာတွင် ပိုမိုတိကျသော အဖြေများ၊ မှတ်ချက်များအား ရယူသွားနိုင်မည် ဖြစ်သည်။

Viber ၏ Polls လုပ်ဆောင်ချက်အား စတင်အသုံးပြုလိုပါက အသုံးပြုသူများ အနေနှင့် Chat Menu တွင်ရှိသော Poll ပုံစံအမှတ်အသားအား ရွေးချယ်ရမည် ဖြစ်ပြီး ထို့နောက်တွင် မေးမြန်းချင်သော မေးခွန်းနှင့် အဆိုပါမေးခွန်းအတွက် ရွေးချယ်ခွင့် အဖြေ ၁၀ ခုအထိ ရေးသားထည့်သွင်းနိုင်မည် ဖြစ်သည်။ Poll တစ်ခုအား ဖန်တီးပြီးသည်နှင့် တပြိုင်နက် အဆိုပါ Group Chat သို့မဟုတ် Community အတွင်းရှိ အဖွဲ့ဝင်များအနေနှင့် အဖြေတစ်ခုချင်းစီ၏ ဘေးတွင် ပါရှိသော အသည်းပုံ button အား နှိပ်လိုက်ရုံမျှဖြင့် မိမိကြိုက်နှစ်သက်သော ရွေးချယ်မှုကို အလွယ်တကူ ပြုလုပ်သွားနိုင်မည် ဖြစ်သည်။

“အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝအတွက် ပိုမိုအဆင်ပြေလွယ်ကူစေမယ့် လုပ်ဆောင်ချက်တွေကို Viber အနေနဲ့ အစဉ်မပြတ် ဖန်တီးသွားဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး အခု Polls လုပ်ဆောင်ချက်အသစ်ဟာလည်း ဒီရည်သန်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့အနေနဲ့ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး group chat ထဲမှာ ဆွေးနွေးတဲ့ နေရာမှာ အဓိက အကြောင်းအရာကို မပျောက်ပျက်သွားစေပဲ group chat ထဲက လူတွေအကုန်လုံးဆီက အဖြေတွေ၊ မှတ်ချက်တွေကို ရယူချင်တဲ့ အချိန်တွေ ရှိပါတယ်။ Viber ရဲ့ Community မှာဆိုရင် ဒီကိစ္စက ပိုပြီးတော့တောင် ကြီးမားတဲ့ ပြဿနာတစ်ခုပါ။ Community ထဲမှာ အဖွဲ့ဝင်ပေါင်း သန်းချီရှိနေမယ်၊ နောက်ပြီး သူတို့ကလည်း သူတို့ပြောချင်တဲ့ အကြောင်းအရာတွေကို ဆက်တိုက် ပြောဆိုနေမယ်ဆိုရင် ခဏအတွင်းမှာပဲ ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာက နှစ်မြှုပ် ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အသုံးပြုသူတွေအနေနဲ့ ဒီအခြေအနေကို တွေ့ကြုံနေရပြီဆိုရင် poll တစ်ခုကိုသာ ပြုလုပ်လိုက်ရုံနဲ့ အဆင်ပြေလွယ်ကူသွားနိုင်ပါပြီ။” ဟု Viber ၏ Head of Business Development – APAC ဖြစ်သူ Anubhav Nayyar က ပြောကြားသည်။

Group Chat သို့မဟုတ် Community အတွင်းရှိ အဖွဲ့ဝင်တစ်ဦးမှ ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်သည်နှင့် တပြိုင်နက် Poll ၏ ရလဒ်များသည်လည်း အချိန်နှင့် တပြေးညီ ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့အပြင် Viber သည် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံစိတ်ချမှုရှိစေရန် အထူးဦးစားပေး လုပ်ဆောင်လျက် ရှိသည် နှင့်အညီ Group Chat အတွင်းရှိ အဖွဲ့ဝင်များအနေနှင့် ရွေးချယ်မှု အဖြေတစ်ခုအား နှိပ်လိုက်ပါက အဆိုပါအဖြေအား မည်သည့်အဖွဲ့ဝင်များမှ ရွေးချယ်ထားသည်ကို မြင်တွေ့နိုင်မည် ဖြစ်သော်လည်း Community တွင်မှု အဆိုပါ Community ၏ Superadmin များနှင့် Admin များကသာလျှင် အခြားသော Superadmin များနှင့် Admin များ၏ ရွေးချယ်မှုများအား မြင်တွေ့နိုင်မည် ဖြစ်ပြီး ပုံမှန် အဖွဲ့ဝင်များ၏ ရွေးချယ်ထားမှုများအား မည်သူတစ်ဦးတစ်ယောက် ကမျှ မည်သည့်နည်းနှင့်ဖြစ်စေ သိရှိနိုင်မည် မဟုတ်ပေ။