Face Dance App က အာရှမှာ နာမည်ကြီးနေတဲ့ ဂိမ်း ပါဘဲ။ သီချင်းသံနဲ့အတူ EMOJI ပုံစံလေးတွေကို ကိုယ့်မျက်နှာနဲ့ လိုက်လုပ်ရတဲ့ app ပါဘဲ။

ပထမဆုံး App မှာ ကိုယ့်မျက်နှာကို Scan ဖတ်ပါတယ်။ ပြီးရင် သီချင်းသံလာပြီး ပေါ်လာတဲ့ EMOJI ရုပ်ပုံလေးတွေပုံစံအတိုင်း လိုက်လုပ်ရတာပါ။

ကိုယ်ဆော့ခဲ့တဲ့ ဂိမ်းကို ဗီဒီယို Record ရိုက်ပြီး ကိုယ့်လူမှုကွန်ယက် (Facebook) မှာ Share ရင် သူငယ်ချင်းတွေနဲ့အတူ ခွီလို့ရတာပေါ့။

မျက်နှာကို ပုံစံမျိုးစုံလုပ်ရတာကြောင့် အကြောလည်းပြေပါတယ်။

ဒီဂိမ်းကို ဗီယက်နမ်၊ ထိုင်း၊ ဟောင်ကောင် နဲ့ ဖိလစ်ပိုင် နိုင်ငံတို့မှာ နာမည်ကြီးပြီး အခုဆိုရင် မြန်မာနိုင်ငံမှာလည်း လူဆော့များနေကြပါတယ်။

အဲ့ဒီ Face Dance App ကို iPhone ရော Android ဖုန်းတွေမှာပါ ဆော့လို့ရပြီး အခုဆိုရင် ဒေါင်းလုပ်ခ်ပေါင်း ၇ သိန်း ကျော် ချထားပြီးပါပြီ။

ထိုင်းနိုင်ငံနဲ့ ဟောင်ကောင်မှာဆိုရင် Apple Store ကနေ ဒေါင်းလုခ်အချဆုံး App ဖြစ်နေပါပြီ။

ဗီယက်နမ်နိုင်ငံမှာရှိတဲ့ DiffCat Game Studio က ဒီဂိမ်းလေးကို တီထွင်ခဲ့တာဖြစ်ပြီး ဒီလောက်အောင်မြင်သွားမယ်လို့လည်း မထင်ထားဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒီ Face Dance App ကို ၄ လကြာ အချိန်ယူပြီး တီထွင်ခဲ့တာဖြစ်ပြီး ဇွန်လမှာ စတင်အွန်လိုင်းပေါ်တင်ခဲ့ပေမယ့် ဂိမ်းမှာ ပြဿနာတွေရှိတာကြောင့် ပြန်ဖြုတ်ချပြီး ဇွန်လိုင်လမှာ ပြန်တင်ခဲ့ပါတယ်။

မျက်နှာလည်း အညောင်းပြေမယ့် ဒီ Face Dance App လေးကို iPhone, Android နဲ့ Window ဖုန်းတွေမှာ အလွယ်တကူ ဒေါင်းလုပ်ခ်ဆွဲပြီး ဆော့နိုင်ပါပြီ။