[Zawgyi]

ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြတုန္းက Vivo Y93 အေၾကာင္း သတင္းေတြ ထြက္ ေပၚလာခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ Y93 ဟာ Snapdragon 439 သုံးထားသလို RAM 4GB လို႔ သိထားၾကပါတယ္။ ဒါေပမယ့္ GeekBench မွာ ထပ္ေတြ႕ရတဲ့ Vivo 1817 ကေတာ့ RAM 2GB ပဲ ျဖစ္ပါတယ္။

Y93 ကို v1818 အျဖစ္ ေတြ႕ျမင္ရေပမယ့္ အခုေတြ႕ျမင္လိုက္ရတဲ့ v1817 ကေတာ့ ဘယ္ေမာ္ဒယ္အတြက္ ျဖစ္မလဲဆိုတာ မသိရေသးတဲ့ အေျခအေနပါ။ နံပါတ္စဥ္အားျဖင့္ တစ္ခုပဲေလ်ာ့တဲ့အတြက္ ဒါကလည္း Y Series ထဲက တစ္ခုပဲလို႔ ယူဆရပါတယ္။ RAM ကလည္း Y93 base model 3gigs နဲ႔ သိပ္မကြာတဲ့အတြက္ ဒီလိုေကာက္ခ်က္ခ်ရတာလည္း ျဖစ္ပါတယ္။

Vivo 1817 အေနနဲ႔ ခြဲျခားထားတဲ့ ေဈးကြက္အရ အခုလို နာမည္လႊဲေျပာင္းထားရတာလည္း ျဖစ္ႏိုင္တယ္လို႔ GSMarena ကေတာ့ သုံးသပ္ထားပါတယ္။ တကယ္တမ္း တရားဝင္ထြက္လာခဲ့ရင္ Vivo 1817 ကလည္း Octa-core CPU နဲ႔ Qualcomm Chip ကိုပဲ အသုံးျပဳလာဖြယ္ ရွိပါတယ္။ အထူးသျဖင့္ Y93 မွာသုံးထားတဲ့ Snapdragon 439 ပဲ ျဖစ္ႏိုင္ေျခ မ်ားပါတယ္။

ဒါ့အျပင္ ထပ္ၿပီး သိရတာက v1817 ကလည္း Android 8.1 Oreo OS နဲ႔ပဲ ျဖစ္တယ္ဆိုတဲ့ အခ်က္ပါ။ CPU benchmark ေတြကို ထုတ္ေဖာ္ေနတဲ့ GeekBench ကေနသိရတာကေတာ့ ဒါအကုန္ပါပဲ။ မ်က္ႏွာျပင္ အ႐ြယ္အစားေတြ၊ ဘက္ထရီပမာဏေတြ စတဲ့ အခ်က္အလက္ေတြသိရရင္ေတာ့ ပိုၿပီးျပည့္စုံမွာျဖစ္ေပမယ့္ ဘယ္မွာမွ ေဖာ္ျပထားတာကို မေတြ႕ရေသးပါဘူး။

Ref: GSMarena

 

[Unicode]

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက Vivo Y93 အကြောင်း သတင်းတွေ ထွက် ပေါ်လာခဲ့ပြီးပါပြီ။ ဒါပေမယ့် Y93 ဟာ Snapdragon 439 သုံးထားသလို RAM 4GB လို့ သိထားကြပါတယ်။ ဒါပေမယ့် GeekBench မှာ ထပ်တွေ့ရတဲ့ Vivo 1817 ကတော့ RAM 2GB ပဲ ဖြစ်ပါတယ်။

Y93 ကို v1818 အဖြစ် တွေ့မြင်ရပေမယ့် အခုတွေ့မြင်လိုက်ရတဲ့ v1817 ကတော့ ဘယ်မော်ဒယ်အတွက် ဖြစ်မလဲဆိုတာ မသိရသေးတဲ့ အခြေအနေပါ။ နံပါတ်စဉ်အားဖြင့် တစ်ခုပဲလျော့တဲ့အတွက် ဒါကလည်း Y Series ထဲက တစ်ခုပဲလို့ ယူဆရပါတယ်။ RAM ကလည်း Y93 base model 3gigs နဲ့ သိပ်မကွာတဲ့အတွက် ဒီလိုကောက်ချက်ချရတာလည်း ဖြစ်ပါတယ်။

Vivo 1817 အနေနဲ့ ခွဲခြားထားတဲ့ ဈေးကွက်အရ အခုလို နာမည်လွှဲပြောင်းထားရတာလည်း ဖြစ်နိုင်တယ်လို့ GSMarena ကတော့ သုံးသပ်ထားပါတယ်။ တကယ်တမ်း တရားဝင်ထွက်လာခဲ့ရင် Vivo 1817 ကလည်း Octa-core CPU နဲ့ Qualcomm Chip ကိုပဲ အသုံးပြုလာဖွယ် ရှိပါတယ်။ အထူးသဖြင့် Y93 မှာသုံးထားတဲ့ Snapdragon 439 ပဲ ဖြစ်နိုင်ခြေ များပါတယ်။

ဒါ့အပြင် ထပ်ပြီး သိရတာက v1817 ကလည်း Android 8.1 Oreo OS နဲ့ပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပါ။ CPU benchmark တွေကို ထုတ်ဖော်နေတဲ့ GeekBench ကနေသိရတာကတော့ ဒါအကုန်ပါပဲ။ မျက်နှာပြင် အရွယ်အစားတွေ၊ ဘက်ထရီပမာဏတွေ စတဲ့ အချက်အလက်တွေသိရရင်တော့ ပိုပြီးပြည့်စုံမှာဖြစ်ပေမယ့် ဘယ်မှာမှ ဖော်ပြထားတာကို မတွေ့ရသေးပါဘူး။

Ref: GSMarena