အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပွဲကြီးကိုတော့ ရုရှားနိုင်ငံ Luzhniki ကွင်းအတွင်း ရုရှားအသင်းက ဆော်ဒီအာရေဗျကို ၅ ဂိုး ဂိုးမရှိနဲ့ ပွဲစတင်ခဲ့ပါတယ်။ ၆၃ ပွဲအထိ ကျင်းပဖို့ ကျန်ရှိနေသေးတာဖြစ်ပြီး ၂၀၁၈ FIFA ကမ္ဘာ့ဖလားပွဲကြီးအတွက် တရားဝင် စမတ်ဖုန်း Sponsor ဖြစ်တဲ့ Vivo ကတော့ သီချင်းနဲ့ ဓာတ်ပုံပိုင်းလှုပ်ရှားမူတွေပြုလုပ်ရင်း ၂၀၁၈ ကမ္ဘာ့ဖလားကို နောက်တစ်ဆင့်တိုးတက်စေခဲ့ပါတယ်။ Vivo ကတော့ သူတို့ရဲ့ ပရိသတ်တွေကို ကမ္ဘာ့ဖလားပရိသတ်အဖြစ်ရှိနေစေတာမဟုတ်ဘဲ “My Time, My FIFA World Cup™” ဆိုတဲ့ ကမ်ပိန်းတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။ ကမ်ပိန်းကတော့ Vivo ရဲ့ Super Time Project နဲ့ Vivo Super Fan ဓာတ်ပုံရိုက်ပွဲနှစ်ခု ပါဝင်ပါတယ်။ ကမ္ဘာ့ဖလားရဲ့ ထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံတွေ၊ မြင်ကွင်းတွေကို ကိုယ်တိုင်ခံစားနိုင်ရုံတင်မကဘဲ သူတို့ကိုယ်တိုင် စမတ်ဖုန်းတွေနဲ့ ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး အလွယ်တကူပြန် မျှဝေနိုင်စေမယ့် အတွေ့အကြုံကို ရရှိစေဖို့ Vivo က ဖန်တီးပေးခဲ့ပါတယ်။

NEX စမတ်ဖုန်းအသစ်တွေက နည်းပညာလောကကို စိတ်လှုပ်ရှားစရာတွေ နောက်တစ်ကြိမ်ယူလာပေးခဲ့ပြီပဲဖြစ်ပါတယ်။ Luzhniki ကွင်းနဲ့ St Petersburg ကွင်းတွေမှာရှိတဲ့ Vivo ရဲ့ Experience Pavilion မှာ NEX ဖုန်းတွေကို တွေ့ကြုံခံစားနိုင်စေဖို့ ပြသပေးထားပါတယ်။ Notch မပါတဲ့ Ultra FullView Display က နည်းပညာလောကရဲ့ ဦးဆောင်သူဖြစ်လာပြီး ဖုန်းရှေ့မျက်နှာပြင်ရဲ့ 91.24% အထိ Display က နေရာယူထားတာပဲဖြစ်ပါတယ်။ NEX ဖုန်းတွေမှာတော့ ဖုန်းထဲကထွက်လာတဲ့ Front Camera လို သာမန်နည်းပညာထဲကဖောက်ထွက်နေတဲ့ နည်းပညာအသစ်တွေကိုထည့်ပေးထားတာကြောင့် NEX ဖုန်းတွေဟာ စမတ်ဖုန်းလောကရဲ့ နောက်တစ်ခေတ်ဆိုတာ အလွယ်တကူသတိထားမိစေနိုင်ပါတယ်။ NEX ဖုန်းတွေနဲ့အတူ Vivo ရဲ့နောက်ထပ် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ 2018 FIFA World Cup Russia V9 Blue Limited Edition ကလည်း FIFA World Cup ဝိဥာဏ်အဖြစ်ပါဝင်ပါတယ်။

နည်းပညာလောကရဲ့ နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ အပြင်းအထန်ကြိုးစားခဲ့တဲ့ Brand တစ်ခုအနေနဲ့ လှပတဲ့ Design နဲ့နည်းပညာတွေပါဝင်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ဆန်းသစ်တီထွင်မှုတွေရဲ့ အနာဂတ်ကို ပရိသတ်တွေကိုယ်တိုင် တွေ့ကြုံခံစားနိုင်စေဖို့ Vivo ဖိတ်ခေါ်ခဲ့ပါတယ်။ အသုံးပြုဖို့လိုအပ်တဲ့အချိန်မှာ ဖုန်းထဲကထွက်လာမယ့် Selfie Camera လိုမျိုးနည်းပညာတွေဟာ သင် Selfie ဘယ်လိုရိုက်မလဲဆိုတဲ့အပေါ်မှာ သက်ရောက်မှုအသစ်တွေ ရှိလာမှာဖြစ်ပါတယ်။ Vivo ရဲ့ ကမ္ဘာ့ဖလား ကမ်ပိန်း Video ထဲမှာမြင်ရကတည်းက လူအများ မျှော်လင့်စောင့်စားခဲ့တဲ့ NEX စမတ်ဖုန်းတွေဟာ အားလုံးမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာခဲ့တဲ့အပြင် အသုံးပြုသူတွေကိုလည်း တခြားဖုန်းတွေနဲ့မတူတဲ့ အတွေ့အကြုံသစ်ကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ပြပွဲနေရာတွေကိုသွားရောက်သူတွေအနေနဲ့ Vivo ရဲ့ AI Selfie နည်းပညာအသုံးပြုရင်း ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး ထူးခြားတဲ့အခိုက်အတန့်တွေဖန်တီးခွင့်တွေကို ရနိုင်မှာပဲဖြစ်ပါတယ်။ ပျော်စရာကောင်းပြီး တစ်မူထူးခြားတဲ့ Selfie တွေကိုဖန်တီးရင်း နှစ်သက်ရာအသင်းကို အားပေးနိုင်မှာပဲဖြစ်ပါတယ်။ Vivo ရဲ့ AI Selfie နည်းပညာတွေထဲမှာတော့ AI Filters ၊ AI Scene Recognition နဲ့ AI Photo Conposition လို အဆင့်မြင့် Feature တွေပါဝင်ပါတယ်။ ပွဲလာရောက်သူတွေကို ပျော်ရွှင်စေဖို့အတွက်လည်း DJ တင်ဆက်မှုတွေကိုလည်း ပြုလုပ်ပေးထားပါတယ်။

ပွဲလာပရိသတ်အနေနဲ့လည်း Vivo စမတ်ဖုန်းတွေ အပါအဝင် တခြားတန်ဖိုးကြီး ဆုလက်ဆောင်အမျိုးမျိုးကို ရယူပိုင်ဆိုင်နိုင်မယ့် ပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသေးတယ်။ ပြိုင်ပွဲတွေကတော့ Robot Football Game တွေပဲဖြစ်ပါတယ်။ Lucky Draw တွေလည်း ပါဝင်ပါသေးတယ်။ Vivo ရဲ့ Brand Experience နေရာတွေကိုတော့ မော်စကိုမြို့က Luzhiniki ကွင်းနဲ့ St Petersburg ကွင်းတွေရဲ့ အပြင်ဖက်တွေမှာ တွေ့ရမှာပဲဖြစ်ပါတယ်။

ဘောလုံးဝါသနာရှင်တွေကိုတော့ ပွဲနားချိန်တွေမှာ Vivo ရဲ့ Super DJ Show နဲ့ ဖျော်ဖြေခဲ့ပါတယ်။ ကွင်းပတ်ဝန်းကျင်မှာတော့ Electric တေးသံတွေပြန့်လွင့်နေခဲ့ပြီး ပွဲလာရောက်သူတွေလည်း ပျော်ရွှင်ခဲ့ပါတယ်။ Vivo ရဲ့ Super DJ Show တွေကိုတော့ ပွဲစဉ် ၆၄ ခုလုံးမှာ ပထမပိုင်းနဲ့ ဒုတိယပိုင်းကြားနဲ့ မိနစ် ၉၀ ပွဲချိန်တွေ မစခင်မှာပါ ဖျော်ဖြေတင်ဆက်ပေးသွားမှာပါ။ ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာတော့ ဖျော်ဖြေတင်ဆက်သွားမှာမဟုတ်ပါဘူး။

Vivo Super DJ Show ကတော့ Vivo Super Time Project ရဲ့ အစိတ်အပိုင်းဖြစ်ပြီး ဂီတနဲ့ပတ်သက်တဲ့ လှုပ်ရှာမှုတွေကို ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေနဲ့အတူ ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ပိတ်ပွဲမှာလည်း ကမ္ဘာ့ဖလား သီချင်းတင်ဆက်မှုမှာ Vivo ပါဝင်ဦးမှာဖြစ်ပါတယ်။

Vivo ရဲ့ Super Fan ဓာတ်ပုံသမားတွေဖြစ်တဲ့ ရုရှားလူမျိုး Sidelinkov Timur နဲ့ တရုတ်လူမျိုး Xiao Quan တို့ကတော့ သူတို့ တစ်သက်တာမှာ ပထမဦးဆုံးအကြိမ်အဖြစ် ကွင်းအတွင်းဖက်ကို ပွဲမစခင် ၄၅ မိနစ်စောဝင်ခွင့်ရခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ Vivo V9 ရဲ့ အဆင့်မြင့် Camera နည်းပညာတွေကို အသုံးပြုရင်း ထူးကဲတဲ့အခိုက်အတန့်တွေကို မှတ်တမ်းတင်နိုင်ခဲ့သလို ပြန်လည်မျှဝေနိုင်ခဲ့တာကြောင့် တခြားကမ္ဘာ့ဖလားပရိသတ်တွေထက်ပိုတဲ့ ခံစားမှုနဲ့ အတွေ့အကြုံမျိုးကို ခံစားနိုင်ခဲ့ပါတယ်။ စမတ်ဖုန်းရဲ့ Camera စွမ်းဆောင်ရည်တွေကို အပြည့်အဝအသုံးချနိုင်ခဲ့ပြီး ကစားသမားတွေကိုလည်း အနီးကပ်မှတ်တမ်းတင်နိုင်ခဲ့ပါသေးတယ်။

Vivo Super Fan Photographers အစီအစဉ်မှာတော့ ဘောလုံးဝါသနာရှင်ပေါင်း ၁၂၈ ယောက် ပါဝင်ပြီး၊ ဝယ်ယူသုံးစွဲသူတွေ၊ အထူးဧည့်သည်တွေနဲ့ 2018 FIFA World Cup နဲ့ပတ်သက်တဲ့ ဓာတ်ပုံဝါသနာရှင်တွေပါဝင်ခဲ့ပါတယ်။ သူတို့အားလုံး Vivo စမတ်ဖုန်းတွေအသုံးပြုပြီး ထူးကဲတဲ့အခိုက်အတန့်တွေ၊ ကစားသမားတွေကို အနီးကပ်မှတ်တမ်းတင်တာနဲ့ ကွင်းအတွင်းဝင်ရောက်မှတ်တမ်းတင်ခွင့်တွေ ရရှိခဲ့တာကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ ဝါသနာရှင်တွေနဲ့အတူ ပြန်လည်မျှဝေနိုင်ခဲ့ပါတယ်။