[Zawgyi]

Vivo ကုမၸဏီဟာလည္း 5G ဟန္းဆက္တစ္ခုကို သူတုိ႔ရဲ႕ NEX စမတ္ဖုန္းမိသားစုဝင္အျဖစ္ ထည့္သြင္းဖို႔ အေရး ႀကိဳးစားေနေၾကာင္း သတင္းထြက္ထားပါတယ္။ ဒီဇင္ဘာ ၂၈ ရက္ေန႔မွာေတာ့ တရုတ္ႏုိင္ငံမွ ရွင္းဟြာ မီဒီယာေအဂ်င္စီကြန္ဖရန္႔ပြဲက Qualcomm ျပခန္းမွာ Vivo NEX 5G စမတ္ဖုန္းရဲ႕ Prototype ဟန္းဆက္ဆုိၿပီး ျပသလာတာကို ေတြ႕ခဲ့ၾကရပါတယ္။ NEX 5G စမတ္ဖုန္းဟာ Snapdragon 855 ခ်စ္ပ္ဆက္ ပါဝင္ၿပီး 5G ေကာ္နက္ရွင္ခ်ိတ္ဆက္ႏုိင္စြမ္းအတြက္ X50 LTE Modem ကို အသုံးျပဳထားတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လမွာတုန္းက Vivo ဟာ ေစ်းကြက္ဝင္ 5G စမတ္ဖုန္း ထုတ္လုပ္ဖို႔အတြက္ Software / Hardware ျပင္ဆင္ထုတ္လုပ္မႈ ေအာင္ျမင္စြာ အၿပီးသတ္ႏုိင္ခဲ့ၿပီလို႔ မီဒီယာေတြကို အတည္ျပဳခဲ့တာပါ။ အျခား စမတ္ဖုန္းထုတ္လုပ္သူေတြျဖစ္တဲ့ Huawei, OPPO နဲ႔ Xiaomi တုိ႔ႏွင့္အတူ လာမယ့္ ၂၀၁၉ ခုႏွစ္မွာ ေစ်းကြက္ထဲ ေရာင္းခ်မွာမဟုတ္ေသးတဲ့ စမ္းသပ္ဟန္းဆက္ေမာ္ဒယ္ေတြကို ထုတ္ျပသြားဖို႔ ေမွ်ာ္လင့္ရၿပီး ေဖေဖာ္ဝါရီလမွာ က်င္းပမယ့္ ၂၀၁၉ ခုႏွစ္ ကမာၻ႕မုိဘုိင္းကြန္ဂရက္ (MWC) ျပပြဲမွာလည္း သူတုိ႔ရဲ႕ ပထမဆုံး 5G ဟန္းဆက္ကို ေဖာ္ထုတ္ျပသလာမယ္လို႔ ယူဆရပါတယ္။

Vivo NEX 5G စမတ္ဖုန္းဟာ Snapdragon 845 နဲ႔ 8GB RAM မန္မုိရီပါတဲ့ Vivo NEX S စမတ္ဖုန္းရဲ႕ အျခား Specs ေတြကိုပဲ တူညီစြာ ျပန္လည္ထည့္သြင္းလာမွာ ျဖစ္ပါတယ္။ မၾကာခင္က ထြက္ခဲ့တဲ့ Display ႏွစ္ဖက္နဲ႔ Vivo NEX Dual Display စမတ္ဖုန္းမွာေတာ့ Snapdragon 845 ခ်စ္ပ္ဆက္နဲ႔အတူ 10GB RAM မန္မုိရီပါ ပါဝင္ခဲ့တယ္။ ဒါေပမယ့္ Vivo NEX 5G မွာ မန္မုိရီ 10GB RAM ပါလာမလား ဆုိတာကိုေတာ့ ေမွ်ာ္လင့္ဖို႔ ေစာေနပါေသးတယ္။

Ref – Playful Droid

[Unicode]

Vivo ကုမ္ပဏီဟာလည်း 5G ဟန်းဆက်တစ်ခုကို သူတို့ရဲ့ NEX စမတ်ဖုန်းမိသားစုဝင်အဖြစ် ထည့်သွင်းဖို့ အရေး ကြိုးစားနေကြောင်း သတင်းထွက်ထားပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ တရုတ်နိုင်ငံမှ ရှင်းဟွာ မီဒီယာအေဂျင်စီကွန်ဖရန့်ပွဲက Qualcomm ပြခန်းမှာ Vivo NEX 5G စမတ်ဖုန်းရဲ့ Prototype ဟန်းဆက်ဆိုပြီး ပြသလာတာကို တွေ့ခဲ့ကြရပါတယ်။ NEX 5G စမတ်ဖုန်းဟာ Snapdragon 855 ချစ်ပ်ဆက် ပါဝင်ပြီး 5G ကော်နက်ရှင်ချိတ်ဆက်နိုင်စွမ်းအတွက် X50 LTE Modem ကို အသုံးပြုထားတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာတုန်းက Vivo ဟာ ဈေးကွက်ဝင် 5G စမတ်ဖုန်း ထုတ်လုပ်ဖို့အတွက် Software / Hardware ပြင်ဆင်ထုတ်လုပ်မှု အောင်မြင်စွာ အပြီးသတ်နိုင်ခဲ့ပြီလို့ မီဒီယာတွေကို အတည်ပြုခဲ့တာပါ။ အခြား စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Huawei, OPPO နဲ့ Xiaomi တို့နှင့်အတူ လာမယ့် ၂၀၁၉ ခုနှစ်မှာ ဈေးကွက်ထဲ ရောင်းချမှာမဟုတ်သေးတဲ့ စမ်းသပ်ဟန်းဆက်မော်ဒယ်တွေကို ထုတ်ပြသွားဖို့ မျှော်လင့်ရပြီး ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ၂၀၁၉ ခုနှစ် ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC) ပြပွဲမှာလည်း သူတို့ရဲ့ ပထမဆုံး 5G ဟန်းဆက်ကို ဖော်ထုတ်ပြသလာမယ်လို့ ယူဆရပါတယ်။

Vivo NEX 5G စမတ်ဖုန်းဟာ Snapdragon 845 နဲ့ 8GB RAM မန်မိုရီပါတဲ့ Vivo NEX S စမတ်ဖုန်းရဲ့ အခြား Specs တွေကိုပဲ တူညီစွာ ပြန်လည်ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ မကြာခင်က ထွက်ခဲ့တဲ့ Display နှစ်ဖက်နဲ့ Vivo NEX Dual Display စမတ်ဖုန်းမှာတော့ Snapdragon 845 ချစ်ပ်ဆက်နဲ့အတူ 10GB RAM မန်မိုရီပါ ပါဝင်ခဲ့တယ်။ ဒါပေမယ့် Vivo NEX 5G မှာ မန်မိုရီ 10GB RAM ပါလာမလား ဆိုတာကိုတော့ မျှော်လင့်ဖို့ စောနေပါသေးတယ်။

Ref – Playful Droid