[Zawgyi]

Vivo ဟာ တ႐ုတ္႐ိုးရာ ႏွစ္သစ္အခ်ိန္မွာ အမွတ္တံဆိပ္သစ္ရဲ႕ အမည္ကို ေၾကညာလိုက္ပါတယ္။ iQOO လို႔ အမည္ေပးထားတာျဖစ္ၿပီး ဒီအမွတ္တံဆိပ္ရဲ႕ အမည္ကို ဘယ္လိုအသံထြက္မလဲလို႔လည္း Vivo က ေမးခြန္းထုတ္ထားပါေသးတယ္။

Vivo ကမိတ္ဆက္လိုက္တဲ့ Teaser က Weibo ေပၚမွွာေတာ့ အထူးပဲ ေရပန္းစားေနၿပီး လူမႈကြန္ရက္သုံးစြဲသူ အေတာ္မ်ားမ်ားကလည္း အသံထြက္ကို ခန႔္မွန္းေရးသားေပးေနၾကတာ ျဖစ္ပါတယ္။ ဒါ့အျပင္ လက္ရွိအခ်ိန္မွာ iqoo.com လိပ္စာနဲ႔ တရားဝင္ ဝက္ဘ္ဆိုက္တစ္ခုလည္း ရွိေနၿပီး Vivo နဲ႔သက္ဆိုင္တဲ့ အခ်က္အလက္အခ်ိဳ႕ကိုသာ ေတြ႕ျမင္ရဦးမွာပါ။

Vivo ကေတာ့ ဒီ Teaser ကလြဲရင္ တျခား ဘာကိုမွမထုတ္ျပန္ေသးဘဲ ပေဟဠိလုပ္ထားတုန္း ျဖစ္ပါတယ္။ ဒါ့ေပမယ့္ ဒီအမွတ္တံဆိပ္နဲ႔ စမတ္ဖုန္းကေတာ့ ထုတ္လုပ္ၿပီး အဆင့္ကိုေရာက္ေနၿပီလို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ Forward လုပ္ၿပီး Comment ေပးသူေတြထဲက ကံထူးသူတစ္ဦးကို Vivo က iQOO စမတ္ဖုန္းတစ္လုံးကို လက္ေဆာင္ေပးသြားမယ့္ အစီအစဥ္လည္း ရွိေနတာေၾကာင့္ ျဖစ္ပါတယ္။

တ႐ုတ္စမတ္ဖုန္းကုမၸဏီေတြအေတာ္မ်ားမ်ားဟာ ပင္မ အမွတ္တံဆိပ္အျပင္ အမွတ္တံဆိပ္ခြဲေတြကိုလည္း တည္ေထာင္ေလ့ရွိတာေၾကာင့္ Vivo ကလည္း ဒီလမ္းစဥ္ကို လိုက္လာတယ္လို႔ ဆိုရမွာပါ။ iQOO Phone ဟာ ပရီမီယံ ဂိမ္းမင္းဖုန္းေတြ ျဖစ္မယ္လို႔ေတာ့ ယူဆရပါတယ္။ iQOO ကို “အိုင္ကူး” လို႔ပဲ အသံထြက္မလား၊ ဘယ္လိုဖုန္းအမ်ိဳးအစားလဲ ဆိုတာကိုေတာ့ မၾကာခင္ရက္ပိုင္းအတြင္းမွာသိရဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။

Ref: GSMArena

[Unicode]

Vivo ရဲ့ အမှတ်တံဆိပ်သစ် iQOO ကို ဘယ်လိုအသံထွက်မလဲ

Vivo ဟာ တရုတ်ရိုးရာ နှစ်သစ်အချိန်မှာ အမှတ်တံဆိပ်သစ်ရဲ့ အမည်ကို ကြေညာလိုက်ပါတယ်။ iQOO လို့ အမည်ပေးထားတာဖြစ်ပြီး ဒီအမှတ်တံဆိပ်ရဲ့ အမည်ကို ဘယ်လိုအသံထွက်မလဲလို့လည်း Vivo က မေးခွန်းထုတ်ထားပါသေးတယ်။

Vivo ကမိတ်ဆက်လိုက်တဲ့ Teaser က Weibo ပေါ်မှှာတော့ အထူးပဲ ရေပန်းစားနေပြီး လူမှုကွန်ရက်သုံးစွဲသူ အတော်များများကလည်း အသံထွက်ကို ခန့်မှန်းရေးသားပေးနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ iqoo.com လိပ်စာနဲ့ တရားဝင် ဝက်ဘ်ဆိုက်တစ်ခုလည်း ရှိနေပြီး Vivo နဲ့သက်ဆိုင်တဲ့ အချက်အလက်အချို့ကိုသာ တွေ့မြင်ရဦးမှာပါ။

Vivo ကတော့ ဒီ Teaser ကလွဲရင် တခြား ဘာကိုမှမထုတ်ပြန်သေးဘဲ ပဟေဠိလုပ်ထားတုန်း ဖြစ်ပါတယ်။ ဒါ့ပေမယ့် ဒီအမှတ်တံဆိပ်နဲ့ စမတ်ဖုန်းကတော့ ထုတ်လုပ်ပြီး အဆင့်ကိုရောက်နေပြီလို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ Forward လုပ်ပြီး Comment ပေးသူတွေထဲက ကံထူးသူတစ်ဦးကို Vivo က iQOO စမတ်ဖုန်းတစ်လုံးကို လက်ဆောင်ပေးသွားမယ့် အစီအစဉ်လည်း ရှိနေတာကြောင့် ဖြစ်ပါတယ်။

တရုတ်စမတ်ဖုန်းကုမ္ပဏီတွေအတော်များများဟာ ပင်မ အမှတ်တံဆိပ်အပြင် အမှတ်တံဆိပ်ခွဲတွေကိုလည်း တည်ထောင်လေ့ရှိတာကြောင့် Vivo ကလည်း ဒီလမ်းစဉ်ကို လိုက်လာတယ်လို့ ဆိုရမှာပါ။ iQOO Phone ဟာ ပရီမီယံ ဂိမ်းမင်းဖုန်းတွေ ဖြစ်မယ်လို့တော့ ယူဆရပါတယ်။ iQOO ကို “အိုင်ကူး” လို့ပဲ အသံထွက်မလား၊ ဘယ်လိုဖုန်းအမျိုးအစားလဲ ဆိုတာကိုတော့ မကြာခင်ရက်ပိုင်းအတွင်းမှာသိရဖို့တော့ မျှော်လင့်ပါတယ်။

Ref: GSMArena