[Zawgyi]




[Unicode]

Vivo APEX 2019 နဲ့အတူ စမတ်ဖုန်းလောကရဲ့ အနာဂါတ်ခြေလှမ်းသစ် စတော့မှာလား?

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ စမတ်ဖုန်းလောကဟာ တစ်နှစ်ထက်တစ်နှစ် များစွာတိုးတက်ပြောင်းလဲလျက်ရှိသလို၊ စမတ်ဖုန်းကုမ္ပဏီတွေဟာလည်း အမျိုးမျိုးသော နည်းပညာအသစ်အဆန်းတွေကို တီထွင်ဖန်တီးဖို့ ကြိုးစားလျက် ရှိကြပါတယ်။ ဒီထဲမှာ Vivo ဟာလည်း အပါအဝင်ဖြစ်ပြီး ကမ္ဘာ့ပထမဆုံးဆိုတဲ့ ဂုဏ်ပုဒ်ပေါင်း များစွာနဲ့အတူ ပိုမိုကောင်းမွန်တဲ့ စမတ်ဖုန်းကမ္ဘာကြီးတစ်ခုကို တည်ဆောက်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်က ထွက်ရှိ မိတ်ဆက်ခဲ့တဲ့ Vivo APEX နဲ့အတူ တကယ့်မျက်နှာပြင်အပြည့်ဆိုတဲ့ ခံစားချက်တစ်ခုကို ပေးစွမ်းခဲ့တာကို အားလုံးမှတ်မိကြမှာပါ။ ဒီနှစ်မှာတော့ Vivo APEX 2019 နဲ့အတူ စမတ်ဖုန်း အသုံးပြုသူတွေဟာ နောက်ထပ်ကမ္ဘာသစ်တစ်ခုကို ရောက်ရှိကြရပါဦးမယ်။ ဘယ်လိုနည်းပညာနဲ့ ဘယ်လိုအံ့သြဝမ်းသာစရာတွေကို ထုတ်ဖော်ပြသသွားမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့ကို စောင့်ဆိုင်းရင်း အားလုံးအတူတူ ရင်ခုန်ကြရအောင်…

ရိုးရှင်းတဲ့ အနာဂါတ်တစ်ခုမှ ကြိုဆိုလိုက်ပါတယ်…