Vivo ရဲ့ Screen-to-Body Ratio 98% အထိရှိနေပြီးတော့ ဘေးဘောင်တွေကို အလွန်ပါးလွှာအောင် ပြုလုပ်ထားတဲ့ APEX စမတ်ဖုန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပြုလုပ်ခဲ့တဲ့ MWC 2018 ပွဲမှာ ပြသခဲ့တာကို သိကြမှာပါ။

အခုအချိန်မှာ Vivo ကနေ အဆိုပါ APEX စမတ်ဖုန်းကို တရားဝင်ရောင်းချသွားတော့မယ်လို့ သိရပြီးတော့ လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ တရားဝင် ဈေးကွက်ကို မိတ်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။

Vivo APEX စမတ်ဖုန်းဟာ ဒီဇိုင်းပိုင်းအရ လက်ရှိ ဘယ်စမတ်ဖုန်းမှာမှ မရှိသေးတဲ့ Screen-to-body Ratio ရှိနေသလိုပဲ Specification ပိုင်းအရလည်း အမြင့်ဆုံးဖြစ်တဲ့ Qualcomm Snapdragon 845 Processor ၊ RAM 6GB အပြင် In-Display Fingerprint ပါ ပါဝင်ဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး စွမ်းဆောင်ရည်ပိုင်းရော၊ ဒီဇိုင်းပိုင်းပါ မြင့်မားနေတဲ့ Vivo APEX စမတ်ဖုန်းဟာ လက်ရှိ China Retail Store တစ်ခုရဲ့ ကြေညာချက်အရ ယွမ် ၆၉၉၈ နဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ ဒါက ဒေါ်လာ ၁၁၀၀ နီးပါး ရှိနေတာပဲဖြစ်ပါတယ်။

Vivo က APEX ဖုန်းနဲ့ အများစုတူညီပြီး Qualcomm Snapdragon 710 Processor ကို အသုံးပြုထားတဲ့ NEX စမတ်ဖုန်းကိုလည်း ထုတ်ပြသွားမှာဖြစ်ပြီး အဆိုပါ စမတ်ဖုန်းရဲ့ ဈေးကလည်း ဒေါ်လာ ၇၈၀ အထိ ရှိနေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု APEX နဲ့ NEX စမတ်ဖုန်းတွေက ဒီဇိုင်းပိုင်းအရ တီထွင်ဆန်းသစ်မှုအရှိဆုံးဖုန်းတွေဖြစ်ပေမယ့် ဈေးနှုန်းအရတော့ အခုဈေးအတိုင်းဆို တော်တော်လေးကို များတယ်လို့ ပြောရမှာပါ။