Vivo က ထုတ်လုပ်ထားတဲ့ V9 စမတ်ဖုန်းဟာ အခုဆိုရင် မြန်မာနိုင်ငံမှာလည်း ဝယ်ယူရရှိနေပြီဖြစ်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ ကင်မရာ နဲ့ ဒီဇိုင်းပိုင်းကိုလည်း Screen အပြည့်တပ်ဆင်ထားတဲ့ Vivo V9 ဖုန်းက အခုဆိုရင် ပိုပြီးတောင် ဝယ်ယူဖို့ စွဲမက်ဖွယ်ဖြစ်လာပါပြီ။

အဲ့ဒါကတော့ ဘောလုံးဝါသနာအိုးတွေအတွက် Vivo ကနေ V9 စမတ်ဖုန်းကို World Cup ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးအတွက် သီးသန့် Blue V9 Limited Edition ဆိုပြီး ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။

အခု Vivo V9 FIFA World Cup Russia Limited Edition ဖုန်းက အတွင်းပိုင်းမှာတော့ Vivo V9 စမတ်ဖုန်းနဲ့ တူညီနဲ့ Hardware ရှိမှာဖြစ်ပေမယ့် ကိုယ့်အကြိုက်ဆုံးအသင်းကို လိုက်ပြီး ကြည့်ရှုနိုင်မယ့် Application တွေ၊ ကိုယ်အားပေးတဲ့အသင်းနဲ့ အလံအတိုင်းပြုလုပ်ထားတဲ့ Wallpaper တွေ၊ Icon Pack တွေကိုပါ ရွေးချယ်နိုင်တဲ့အတွက် ဘောလုံးဝါသနာအိုးတွေအတွက်ကတော့ အရမ်းကို အကြိုက်တွေ့စေမယ့်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

Vivo ဟာ ယခုနှစ် ရုရှားမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပွဲကို တရားဝင်ထောက်ပံ့ပေးထားသူတစ်ယောက်ဖြစ်ပြီးတော့ အဲ့ဒါကြောင့်လည်း အခုလိုမျိုး FIFA World Cup Limited Edition Blue V9 စမတ်ဖုန်းကို ထုတ်လုပ်ခွင့်ရရှိထားတာလည်း ဖြစ်ပါတယ်။