[Zawgyi]

ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္ကပဲ Vivo ဟာ သူတို႔ရဲ႕ အမွတ္တံဆိပ္ခြဲ အသစ္ျဖစ္တဲ့ iQOO ဆိုတဲ့အမည္ကို Weibo မွာ စတင္မိတ္ဆက္ခဲ့ပါတယ္။ ဒီတုန္းကေတာ့ iQOO ဟာ Vivo ရဲ႕ အမွတ္တံဆိပ္သစ္ျဖစ္တဲ့အေၾကာင္းပဲ သိခဲ့ရၿပီး နာမည္ကို ဘယ္လိုအသံထြက္မွန္းေတာင္ မသိခဲ့ပါဘူး။

iQOO အမွတ္တံဆိပ္သစ္ကို ဂိမ္းမင္းဖုန္းေတြအတြက္ အဓိကထားၿပီးထုတ္မယ္လို႔ ခန႔္မွန္းခဲ့ၾကေပမယ့္ အခုထြက္ေပၚလာတဲ့ ႐ုပ္ပုံေၾကာင့္ အံ့အားသင့္ခဲ့ၾကရပါတယ္။ Weibo မွာ ထပ္ၿပီးထြက္ေပၚလာတဲ့ ႐ုပ္ပုံေတြက ရွင္းရွင္းလင္းလင္း ျပသေနတာကေတာ့ Foldable Phone ပုံပဲ ျဖစ္ပါတယ္။

ထြက္ေပၚလာတဲ့ Renders ေတြဟာ ထင္ထင္ရွားရွားနဲ႔ ရွင္းရွင္းလင္းလင္း ရွိေနပါတယ္။ ခန႔္မွန္းခ်က္ေတြအရေတာ့ ဖုန္းဟာ Tablet လိုပုံစံအထိ ေျပာင္းလဲႏိုင္ေလာက္ေအာင္ ရွည္လ်ားက်ယ္ျပန႔္ပါတယ္။ အျခား Foldable ဖုန္းေတြလို အဓိက မ်က္ႏွာျပင္က်ယ္က အတြင္းဘက္မွာရွိတဲ့ပုံစံမ်ိဳးမဟုတ္ဘဲ အျပင္ဘက္မွာ ရွိေနတဲ့ ပုံစံမ်ိဳးလည္း ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ iQOO ဟာ Foldable ဖုန္းနဲ႔ ပြဲထြက္လာမယ္ဆိုတဲ့ သတင္းအခ်က္အလက္အျပင္ တျခားဘာကိုမွ မသိႏိုင္ေသးပါဘူး။ ဒီ႐ုပ္ပုံေတြဟာ Renders ေတြလို႔ ေျပာ႐ုံသက္သက္ျဖစ္ၿပီး ခလုတ္ေတြ၊ Ports ေတြေတာင္ မပါဝင္ပါဘူး။ ထြက္ေပၚေနတဲ့ ခန႔္မွန္းခ်က္ေတြအရေတာ့ ဒီ iQOO Foldable ဟာ တ႐ုတ္ယြမ္ေငြ ၇၀၀၀ ဝန္းက်င္၊ $1,000 ေက်ာ္ (ျမန္မာေငြ ၁၅ သိန္း ၃ ေသာင္းေက်ာ္) ေဈးႏႈန္းျဖစ္လိမ့္မယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

iQOO အမှတ်တံဆိပ်နဲ့ ထွက်ပေါ်လာတဲ့ Foldable ဖုန်း Renders

ပြီးခဲ့တဲ့ နှစ်ရက်လောက်ကပဲ Vivo ဟာ သူတို့ရဲ့ အမှတ်တံဆိပ်ခွဲ အသစ်ဖြစ်တဲ့ iQOO ဆိုတဲ့အမည်ကို Weibo မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီတုန်းကတော့ iQOO ဟာ Vivo ရဲ့ အမှတ်တံဆိပ်သစ်ဖြစ်တဲ့အကြောင်းပဲ သိခဲ့ရပြီး နာမည်ကို ဘယ်လိုအသံထွက်မှန်းတောင် မသိခဲ့ပါဘူး။

iQOO အမှတ်တံဆိပ်သစ်ကို ဂိမ်းမင်းဖုန်းတွေအတွက် အဓိကထားပြီးထုတ်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အခုထွက်ပေါ်လာတဲ့ ရုပ်ပုံကြောင့် အံ့အားသင့်ခဲ့ကြရပါတယ်။ Weibo မှာ ထပ်ပြီးထွက်ပေါ်လာတဲ့ ရုပ်ပုံတွေက ရှင်းရှင်းလင်းလင်း ပြသနေတာကတော့ Foldable Phone ပုံပဲ ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ Renders တွေဟာ ထင်ထင်ရှားရှားနဲ့ ရှင်းရှင်းလင်းလင်း ရှိနေပါတယ်။ ခန့်မှန်းချက်တွေအရတော့ ဖုန်းဟာ Tablet လိုပုံစံအထိ ပြောင်းလဲနိုင်လောက်အောင် ရှည်လျားကျယ်ပြန့်ပါတယ်။ အခြား Foldable ဖုန်းတွေလို အဓိက မျက်နှာပြင်ကျယ်က အတွင်းဘက်မှာရှိတဲ့ပုံစံမျိုးမဟုတ်ဘဲ အပြင်ဘက်မှာ ရှိနေတဲ့ ပုံစံမျိုးလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ iQOO ဟာ Foldable ဖုန်းနဲ့ ပွဲထွက်လာမယ်ဆိုတဲ့ သတင်းအချက်အလက်အပြင် တခြားဘာကိုမှ မသိနိုင်သေးပါဘူး။ ဒီရုပ်ပုံတွေဟာ Renders တွေလို့ ပြောရုံသက်သက်ဖြစ်ပြီး ခလုတ်တွေ၊ Ports တွေတောင် မပါဝင်ပါဘူး။ ထွက်ပေါ်နေတဲ့ ခန့်မှန်းချက်တွေအရတော့ ဒီ iQOO Foldable ဟာ တရုတ်ယွမ်ငွေ ၇၀၀၀ ဝန်းကျင်၊ $1,000 ကျော် (မြန်မာငွေ ၁၅ သိန်း ၃ သောင်းကျော်) ဈေးနှုန်းဖြစ်လိမ့်မယ်လို့ သိရပါတယ်။

Ref: GSMArena