[Zawgyi]

ရန္ကုန္ – ၁၅ ေဖေဖၚဝါရီလ ၂၀၁၉ ခုႏွစ္ – ကမာၻလုံးဆိုင္ရာ အဆင့္ျမင့္စမတ္ဖုန္း အမွတ္တံဆိပ္ တစ္ခုျဖစ္ေသာ Vivo သည္ ယေန႔တြင္ ျမန္မာႏိုင္ငံ၏ နာမည္ေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္၊ ဖက္ရွင္ေမာ္ဒယ္လ္ ႏွင့္ အလွအပေရးရာ အထူးကြၽမ္းက်င္သူျဖစ္ေသာ ေနျခည္ဦးအား ျမန္မာႏိုင္ငံဆိုင္ရာ Brand Ambassador အျဖစ္ ခန႔္အပ္ေၾကာင္း ထုတ္ျပန္ေၾကညာလိုက္သည္။

ငယ္႐ြယ္ႏုပ်ိဳၿပီး ေခတ္မွီလွပေသာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ႏွင့္ အလွအပေရးရာ ကြၽမ္းက်င္သူ ေနျခည္ဦးအား ယခုေဖေဖၚဝါရီလတြင္ ထြက္ရွိလာမည့္ V15|V15Pro စမတ္ဖုန္းမ်ားႏွင့္ပတ္သက္ၿပီး လုပ္ေဆာင္သြားမည့္ Vivo ၏ အစီအစဥ္မ်ားအတြက္ ရည္မွန္းထားၿပီး ေရွ႕ေလွ်ာက္လည္း အတူလက္တြဲလုပ္ေဆာင္သြားမည္ျဖစ္သည္။ Vivo အမွတ္တံဆိပ္၏ အႏွစ္သာရႏွင့္ အထူးကိုက္ညီမႈရွိေသာ အလွအပဆိုင္ရာ ၾကယ္တစ္ပြင့္ျဖစ္သည့္ ေနျခည္ဦးကို Vivo ၏ ပ႐ိုမိုးရွင္း အစီအစဥ္မ်ား ႏွင့္ ေဈးကြက္ခ်ဲ႕ထြင္မႈဆိုင္ရာ လုပ္ငန္းမ်ားတြင္ ျပည့္ဝစြာ ျမင္ေတြ႕သြားႏိုင္မည္ျဖစ္သည္။

“မေနျခည္ဦးက ငယ္႐ြယ္ၿပီး စတိုင္လ္က်တယ္၊ ေနာက္ၿပီး blogging နဲ႔ အလွအပကိုလည္း စိတ္အားထက္သန္မႈရွိပါတယ္။ Vivo ရဲ႕ တီထြင္ဆန္းသစ္မႈ၊ ျပည့္စုံေကာင္းမြန္မႈနဲ႔ ဘက္စုံ၊ ေထာင့္စုံက အေရးပါမႈေတြကို အေကာင္းဆုံး ေဖာ္ထုတ္ျပသေပးႏိုင္တဲ့ မေနျခည္ဦးနဲ႔ လက္တြဲပူးေပါင္းၿပီး ေဆာင္႐ြက္သြားဖို႔ စိတ္လႈပ္ရွားမိပါတယ္။ Vivo ရဲ႕ သုံးစြဲသူပရိတ္သတ္ေတြနဲ႔ အေကာင္းဆုံး ဆက္သြယ္ခ်ိတ္ဆက္ႏိုင္ၿပီး သူတို႔ေတြအတြက္ အလွပဆုံး ဓာတ္ပုံနဲ႔ အျပည့္ဝဆုံးေသာ အေတြ႕အႀကဳံတစ္ခုကို ဖန္တီးေပးသြားႏိုင္ဖို႔အတြက္ မေနျခည္ဦးက အသင့္ေတာ္ဆုံး ambassador တစ္ေယာက္လို႔လည္း ေျပာႏိုင္ပါတယ္။ သူ႔အေနနဲ႔ အလွအပပိုင္းမွာလည္း တစ္ဆင့္ထက္တစ္ဆင့္ ပိုၿပီးျမႇင့္မားလာေအာင္ လုပ္ေဆာင္ႏိုင္တဲ့အတြက္ သေဘာက်ရသလို သူ႔ရဲ႕ သြက္လက္မႈ၊ စိတ္အားထက္သန္မႈနဲ႔ ယုံၾကည္ခ်က္ရွိမႈက Vivo သုံးစြဲသူပရိတ္သတ္ကို ထိထိေရာက္ေရာက္ လႊမ္းမိုးမႈရွိႏိုင္မယ္လို႔လည္း ယုံၾကည္ပါတယ္။” ဟု Vivo Mobile Myanmar ၏ Digital PR Manager ျဖစ္သူ ကိုထြန္းထြန္းဝင္းမွ ေျပာၾကားခဲ့သည္။

“ေနျခည္အေနနဲ႔ Vivo Myanmar ရဲ႕ ဆက္လက္ေလွ်ာက္လွမ္းသြားမယ့္ ခရီးလမ္းမွာ ပါဝင္ဖို႔ ဖိတ္ၾကားခံရတဲ့အတြက္ အရမ္းကို စိတ္လႈပ္ရွား ေပ်ာ္႐ႊင္မိပါတယ္။” ဟု ေနျခည္ဦးမွ ေျပာျပခဲ့သည္။ ဆက္လက္ၿပီး သူမက “Vivo က တီထြင္ဆန္းသစ္မႈရွိၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့ အမွတ္တံဆိပ္ တစ္ခုျဖစ္ပါတယ္၊ ေနျခည္တို႔အားလုံးအတြက္လည္း စမတ္ဖုန္းနည္းပညာကို ပိုမိုျမင့္မားလာေအာင္ အစဥ္တစိုက္ ရွာေဖြေနၿပီးေတာ့ အေကာင္းဆုံးမိုဘိုင္းလ္သုံးစြဲမႈအေတြ႕အႀကဳံကို ယူေဆာင္လာေပးတဲ့ ေနရာမွာ ခ်န္ပီယံတစ္ဦးလို႔လည္း ဆိုႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ ေနျခည့္အေနနဲ႔ Vivo အမွတ္တံဆိပ္က စမတ္ဖုန္းေလာကမွာ သတ္မွတ္ခ်က္ေတြကို ေက်ာ္လြန္ၿပီး အေကာင္းတကာ့အေကာင္းဆုံးကို ဖန္တီးေပး သြားမယ့္ Vivo ရဲ႕ ခရီးလမ္းတစ္ေလွ်ာက္မွာ ပါဝင္ခြင့္ရတဲ့အတြက္လည္း ဂုဏ္ယူမိပါတယ္။”

Vivo အမွတ္တံဆိပ္သည္ ျမန္မာႏိုင္ငံေဈးကြက္သို႔ ၿပီးခဲ့ေသာႏွစ္အနည္းငယ္ခန႔္မွ ဝင္ေရာက္လာခဲ့သည္။ ထိုအခ်ိန္မွစ၍ ေဈးကြက္ထဲမွ သုံးစြဲသူမ်ားအလိုက် စမတ္ဖုန္းနည္းပညာကို ယူေဆာင္လာေပးႏိုင္ရန္အတြက္ က်ယ္ျပန႔္ေသာအေရာင္းဆိုင္မ်ားထားရွိေပးထားၿပီး ေဈးႏႈန္းသင့္တင့္ၿပီး အရည္အေသြးျမင့္ေသာ ဖုန္းမ်ားကို ယူေဆာင္လာေပးလ်က္ရွိသည္။

[Unicode]

Vivo Myanmar မှ အသစ်ထွက်ရှိလာမယ့် V15/V15 Pro စမတ်ဖုန်းများအတွက် နေခြည်ဦးအား Brand Ambassador အဖြစ် ခန့်အပ်

ရန်ကုန် – ၁၅ ဖေဖေါ်ဝါရီလ ၂၀၁၉ ခုနှစ် – ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့်စမတ်ဖုန်း အမှတ်တံဆိပ် တစ်ခုဖြစ်သော Vivo သည် ယနေ့တွင် မြန်မာနိုင်ငံ၏ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်၊ ဖက်ရှင်မော်ဒယ်လ် နှင့် အလှအပရေးရာ အထူးကျွမ်းကျင်သူဖြစ်သော နေခြည်ဦးအား မြန်မာနိုင်ငံဆိုင်ရာ Brand Ambassador အဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ငယ်ရွယ်နုပျိုပြီး ခေတ်မှီလှပသော ရုပ်ရှင်သရုပ်ဆောင်နှင့် အလှအပရေးရာ ကျွမ်းကျင်သူ နေခြည်ဦးအား ယခုဖေဖေါ်ဝါရီလတွင် ထွက်ရှိလာမည့် V15|V15Pro စမတ်ဖုန်းများနှင့်ပတ်သက်ပြီး လုပ်ဆောင်သွားမည့် Vivo ၏ အစီအစဉ်များအတွက် ရည်မှန်းထားပြီး ရှေ့လျှောက်လည်း အတူလက်တွဲလုပ်ဆောင်သွားမည်ဖြစ်သည်။ Vivo အမှတ်တံဆိပ်၏ အနှစ်သာရနှင့် အထူးကိုက်ညီမှုရှိသော အလှအပဆိုင်ရာ ကြယ်တစ်ပွင့်ဖြစ်သည့် နေခြည်ဦးကို Vivo ၏ ပရိုမိုးရှင်း အစီအစဉ်များ နှင့် ဈေးကွက်ချဲ့ထွင်မှုဆိုင်ရာ လုပ်ငန်းများတွင် ပြည့်ဝစွာ မြင်တွေ့သွားနိုင်မည်ဖြစ်သည်။

“မနေခြည်ဦးက ငယ်ရွယ်ပြီး စတိုင်လ်ကျတယ်၊ နောက်ပြီး blogging နဲ့ အလှအပကိုလည်း စိတ်အားထက်သန်မှုရှိပါတယ်။ Vivo ရဲ့ တီထွင်ဆန်းသစ်မှု၊ ပြည့်စုံကောင်းမွန်မှုနဲ့ ဘက်စုံ၊ ထောင့်စုံက အရေးပါမှုတွေကို အကောင်းဆုံး ဖော်ထုတ်ပြသပေးနိုင်တဲ့ မနေခြည်ဦးနဲ့ လက်တွဲပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ စိတ်လှုပ်ရှားမိပါတယ်။ Vivo ရဲ့ သုံးစွဲသူပရိတ်သတ်တွေနဲ့ အကောင်းဆုံး ဆက်သွယ်ချိတ်ဆက်နိုင်ပြီး သူတို့တွေအတွက် အလှပဆုံး ဓာတ်ပုံနဲ့ အပြည့်ဝဆုံးသော အတွေ့အကြုံတစ်ခုကို ဖန်တီးပေးသွားနိုင်ဖို့အတွက် မနေခြည်ဦးက အသင့်တော်ဆုံး ambassador တစ်ယောက်လို့လည်း ပြောနိုင်ပါတယ်။ သူ့အနေနဲ့ အလှအပပိုင်းမှာလည်း တစ်ဆင့်ထက်တစ်ဆင့် ပိုပြီးမြှင့်မားလာအောင် လုပ်ဆောင်နိုင်တဲ့အတွက် သဘောကျရသလို သူ့ရဲ့ သွက်လက်မှု၊ စိတ်အားထက်သန်မှုနဲ့ ယုံကြည်ချက်ရှိမှုက Vivo သုံးစွဲသူပရိတ်သတ်ကို ထိထိရောက်ရောက် လွှမ်းမိုးမှုရှိနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။” ဟု Vivo Mobile Myanmar ၏ Digital PR Manager ဖြစ်သူ ကိုထွန်းထွန်းဝင်းမှ ပြောကြားခဲ့သည်။

“နေခြည်အနေနဲ့ Vivo Myanmar ရဲ့ ဆက်လက်လျှောက်လှမ်းသွားမယ့် ခရီးလမ်းမှာ ပါဝင်ဖို့ ဖိတ်ကြားခံရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှား ပျော်ရွှင်မိပါတယ်။” ဟု နေခြည်ဦးမှ ပြောပြခဲ့သည်။ ဆက်လက်ပြီး သူမက “Vivo က တီထွင်ဆန်းသစ်မှုရှိပြီး အောင်မြင်ကျော်ကြားတဲ့ အမှတ်တံဆိပ် တစ်ခုဖြစ်ပါတယ်၊ နေခြည်တို့အားလုံးအတွက်လည်း စမတ်ဖုန်းနည်းပညာကို ပိုမိုမြင့်မားလာအောင် အစဉ်တစိုက် ရှာဖွေနေပြီးတော့ အကောင်းဆုံးမိုဘိုင်းလ်သုံးစွဲမှုအတွေ့အကြုံကို ယူဆောင်လာပေးတဲ့ နေရာမှာ ချန်ပီယံတစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့ နေခြည့်အနေနဲ့ Vivo အမှတ်တံဆိပ်က စမတ်ဖုန်းလောကမှာ သတ်မှတ်ချက်တွေကို ကျော်လွန်ပြီး အကောင်းတကာ့အကောင်းဆုံးကို ဖန်တီးပေး သွားမယ့် Vivo ရဲ့ ခရီးလမ်းတစ်လျှောက်မှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။”

Vivo အမှတ်တံဆိပ်သည် မြန်မာနိုင်ငံဈေးကွက်သို့ ပြီးခဲ့သောနှစ်အနည်းငယ်ခန့်မှ ဝင်ရောက်လာခဲ့သည်။ ထိုအချိန်မှစ၍ ဈေးကွက်ထဲမှ သုံးစွဲသူများအလိုကျ စမတ်ဖုန်းနည်းပညာကို ယူဆောင်လာပေးနိုင်ရန်အတွက် ကျယ်ပြန့်သောအရောင်းဆိုင်များထားရှိပေးထားပြီး ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးမြင့်သော ဖုန်းများကို ယူဆောင်လာပေးလျက်ရှိသည်။