[Zawgyi]

Vivo အမွတ္တံဆိပ္ကို သယ္ယူလာတဲ့ ေနာက္ဆုံးေပၚဖုန္း NEX Dual Display Edition ဖုန္းဟာ သူ႕နာမည္မွာတင္ ဘယ္လိုဖုန္းမ်ဳိးလဲ ဆုိတာ ေတာ္ေတာ္ရွင္းလင္းေနပါၿပီ။ ဟုတ္ပါတယ္၊ ဒီဖုန္းမွာေတာ့ အမွန္အကန္သုံးလို႔ရတဲ့ Display ခ်ည္းပဲ ႏွစ္ခုပါပါတယ္။ တစ္ခုက ေရွ႕ဘက္မွာျဖစ္ျပီး ေနာက္တစ္ခုက ေက်ာဘက္မွာပါ။ ဒီေတာ့ NEX Dual Display Edition ကိုဘယ္လိုတည္ေဆာက္ထားလဲ ဆက္ၾကည့္ရေအာင္။

ေရွ႕ဘက္မွာ အခန္႔သားရွိေနတဲ့ အဓိက Display ကေတာ့ Bezel ေပ်ာက္လုနီးပါး ဒီဇုိင္းျဖစ္ျပီး 6.39” လက္မအရြယ္ ရွိတဲ့ Super AMOLED Screen ပါ။ ျမင္ကြင္းအခ်ဳိးက 19.5:9 ျဖစ္ျပီး 1080 x 2340p Resolution ကုိပိုင္ဆုိင္တယ္။ Vivo ရဲ႕ေျပာၾကားခ်က္အရ ေရွ႕ဘက္ Screen-to-body အခ်ဳိးဟာ 91.63% ေတာင္ရွိတယ္လို႔ ဆုိပါတယ္။ ေက်ာဘက္ကလည္း Super AMOLED ပါပဲ။ သုိ႔ေပမယ့္ ေရွ႕ဘက္နဲ႔ယွဥ္ရင္ သိသာစြာ ေသးငယ္တဲ့ 5.49” လက္မအရြယ္ Screen မွာ ပုံမွန္ 1080 x 1920p Resolution နဲ႔ 16:9 အခ်ဳိးျဖစ္ပါတယ္။

NEX အျပင္ပန္းကုိယ္ထည္ရဲ႕ေအာက္မွာေတာ့ Snapdragon 845 Chipset ကိုသုံးစြဲထားျပီး 10GB RAM မန္မုိရီနဲ႔ တုိးခ်ဲ႕လို႔မရတဲ့ 128GB Storage တုိ႔ ပါပါတယ္။ ကင္မရာပုိင္းမွာေတာ့ ေရွ႕ဘက္ Display မွာ ဘာကင္မရာမွ မပါပါဘူး။ ဒါေၾကာင့္ ေရွ႕ဘက္ Display ကိုၾကည့္ရတာ အရမ္းရွင္းလင္းေနၿပီး ေက်ာဘက္မွာေတာ့ ကင္မရာသုံးလုံးတြဲ ပါဝင္တယ္။ အဓိကတစ္ခုက 12MP ျဖစ္ၿပီး OIS နဲ႔ f/1.79 Lens ျဖစ္ကာ Depth မွတ္သားဖို႔လို႔ ယူဆရတဲ့ ဒုတိယ Sensor ကေတာ့ 2MP (f/1.8) သာျဖစ္ပါတယ္။ တတိယကင္မရာကလည္း Time of Flight (ToF) ပုံစံျဖစ္တာေၾကာင့္ သူဟာ ရုိက္ယူလိုက္တဲ့ ဓါတ္ပုံရဲ႕ အကြာအေဝးကို တုိင္းတာသတ္မွတ္ ေပးျခင္းနဲ႔ Face Unlock တုိ႔အတြက္ အသုံးျပဳရမွာပါ။

ကင္မရာက ေနာက္မွာဆုိေတာ့ Face Unlock လုပ္ရင္လည္း ေက်ာဘက္ Display နဲ႔ပဲ လုပ္ရမွာေပါ့။ ေရွ႕ကေနပဲ အထာက်က် Unlock လုပ္ခ်င္ရင္ေတာ့ In-Display Fingerprint ကုိ အသုံးျပဳႏုိင္တယ္။ ဒီဖုန္းမွာ ကင္မရာ Feature ေျမာက္မ်ားစြာပါဝင္တယ္လို႔ Vivo ကေၾကျငာထားၿပီး AI ျမင္ကြင္းမွတ္ နည္းပညာကေန ခႏၶာကိုယ္နဲ႔ မ်က္ႏွာ Shaping စနစ္ထိ ပါဝင္တာေၾကာင့္ ဖုန္းကင္မရာဝါသနာအုိးေတြအတြက္ ဆယ္လ္ဖီကင္မရာ ရယ္လို႔ မပါတာကို ေမ့ျပီး (ေက်ာဘက္မွာလည္း Display ဆုိေတာ့ ထူးေတာ့မထူးပါဘူး) ကလိၾကည့္စရာျဖစ္မွာ အမွန္ပါပဲ။

ဘကၳရီကေတာ့ Fast Charging စနစ္ေထာက္ပံ့ေပမယ့္ 3,500 mAh သာျဖစ္ပါတယ္။ Android 9.0 Pie ကိုအေျခခံထားတဲ့ Funtouch OS 4.5 နဲ႔အသုံးျပဳရမွာ ျဖစ္တယ္။ တရုတ္ျပည္တြင္းေစ်းကြက္အတြက္ ဒီဇင္ဘာ ၂၉ ေန႔မွာ ထြက္လာမွာျဖစ္ကာ တန္ဖိုးကေတာ့ ေဒၚလာ ၇၂၀ ဝန္းက်င္ သတ္မွတ္ထားပါတယ္။

Ref – GSM Arena

[Unicode]

Vivo အမှတ်တံဆိပ်ကို သယ်ယူလာတဲ့ နောက်ဆုံးပေါ်ဖုန်း NEX Dual Display Edition ဖုန်းဟာ သူ့နာမည်မှာတင် ဘယ်လိုဖုန်းမျိုးလဲ ဆိုတာ တော်တော်ရှင်းလင်းနေပါပြီ။ ဟုတ်ပါတယ်၊ ဒီဖုန်းမှာတော့ အမှန်အကန်သုံးလို့ရတဲ့ Display ချည်းပဲ နှစ်ခုပါပါတယ်။ တစ်ခုက ရှေ့ဘက်မှာဖြစ်ပြီး နောက်တစ်ခုက ကျောဘက်မှာပါ။ ဒီတော့ NEX Dual Display Edition ကိုဘယ်လိုတည်ဆောက်ထားလဲ ဆက်ကြည့်ရအောင်။

ရှေ့ဘက်မှာ အခန့်သားရှိနေတဲ့ အဓိက Display ကတော့ Bezel ပျောက်လုနီးပါး ဒီဇိုင်းဖြစ်ပြီး 6.39” လက်မအရွယ် ရှိတဲ့ Super AMOLED Screen ပါ။ မြင်ကွင်းအချိုးက 19.5:9 ဖြစ်ပြီး 1080 x 2340p Resolution ကိုပိုင်ဆိုင်တယ်။ Vivo ရဲ့ပြောကြားချက်အရ ရှေ့ဘက် Screen-to-body အချိုးဟာ 91.63% တောင်ရှိတယ်လို့ ဆိုပါတယ်။ ကျောဘက်ကလည်း Super AMOLED ပါပဲ။ သို့ပေမယ့် ရှေ့ဘက်နဲ့ယှဉ်ရင် သိသာစွာ သေးငယ်တဲ့ 5.49” လက်မအရွယ် Screen မှာ ပုံမှန် 1080 x 1920p Resolution နဲ့ 16:9 အချိုးဖြစ်ပါတယ်။

NEX အပြင်ပန်းကိုယ်ထည်ရဲ့အောက်မှာတော့ Snapdragon 845 Chipset ကိုသုံးစွဲထားပြီး 10GB RAM မန်မိုရီနဲ့ တိုးချဲ့လို့မရတဲ့ 128GB Storage တို့ ပါပါတယ်။ ကင်မရာပိုင်းမှာတော့ ရှေ့ဘက် Display မှာ ဘာကင်မရာမှ မပါပါဘူး။ ဒါကြောင့် ရှေ့ဘက် Display ကိုကြည့်ရတာ အရမ်းရှင်းလင်းနေပြီး ကျောဘက်မှာတော့ ကင်မရာသုံးလုံးတွဲ ပါဝင်တယ်။ အဓိကတစ်ခုက 12MP ဖြစ်ပြီး OIS နဲ့ f/1.79 Lens ဖြစ်ကာ Depth မှတ်သားဖို့လို့ ယူဆရတဲ့ ဒုတိယ Sensor ကတော့ 2MP (f/1.8) သာဖြစ်ပါတယ်။ တတိယကင်မရာကလည်း Time of Flight (ToF) ပုံစံဖြစ်တာကြောင့် သူဟာ ရိုက်ယူလိုက်တဲ့ ဓါတ်ပုံရဲ့ အကွာအဝေးကို တိုင်းတာသတ်မှတ် ပေးခြင်းနဲ့ Face Unlock တို့အတွက် အသုံးပြုရမှာပါ။

ကင်မရာက နောက်မှာဆိုတော့ Face Unlock လုပ်ရင်လည်း ကျောဘက် Display နဲ့ပဲ လုပ်ရမှာပေါ့။ ရှေ့ကနေပဲ အထာကျကျ Unlock လုပ်ချင်ရင်တော့ In-Display Fingerprint ကို အသုံးပြုနိုင်တယ်။ ဒီဖုန်းမှာ ကင်မရာ Feature မြောက်များစွာပါဝင်တယ်လို့ Vivo ကကြေငြာထားပြီး AI မြင်ကွင်းမှတ် နည်းပညာကနေ ခန္ဓာကိုယ်နဲ့ မျက်နှာ Shaping စနစ်ထိ ပါဝင်တာကြောင့် ဖုန်းကင်မရာဝါသနာအိုးတွေအတွက် ဆယ်လ်ဖီကင်မရာ ရယ်လို့ မပါတာကို မေ့ပြီး (ကျောဘက်မှာလည်း Display ဆိုတော့ ထူးတော့မထူးပါဘူး) ကလိကြည့်စရာဖြစ်မှာ အမှန်ပါပဲ။

ဘက္ထရီကတော့ Fast Charging စနစ်ထောက်ပံ့ပေမယ့် 3,500 mAh သာဖြစ်ပါတယ်။ Android 9.0 Pie ကိုအခြေခံထားတဲ့ Funtouch OS 4.5 နဲ့အသုံးပြုရမှာ ဖြစ်တယ်။ တရုတ်ပြည်တွင်းဈေးကွက်အတွက် ဒီဇင်ဘာ ၂၉ နေ့မှာ ထွက်လာမှာဖြစ်ကာ တန်ဖိုးကတော့ ဒေါ်လာ ၇၂၀ ဝန်းကျင် သတ်မှတ်ထားပါတယ်။

Ref – GSM Arena