ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ – Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI နည်းပညာသုံး Vivo စမတ်ဖုန်းအသစ်တွင် မည်သည့်ရှုခင်းတွင်မဆို အခြေအနေ အခိုက်အတန့်မရွေး ပြီးပြည့်စုံသော ဓာတ်ပုံများကို ရိုက်ယူနိုင်မည့် AI ကင်မရာ ပါရှိသည့်အပြင် AI နည်းပညာသည် ပို၍စမတ်ကျပြီး ပိုမိုရိုးရှင်း သော လူနေမှုဘဝပုံစံ ကို ပေးစွမ်းနိုင်ပါသည်။ Vivo V11 စမတ်ဖုန်းသစ်သည် Starry Night နှင့် Nebula Fusion ရောင်စုံ အရောင်များနှင့် တွဲဖက်ထားသော နောက် ဆုံးပေါ် ဒီဇိုင်းနည်းပညာ အသစ် Halo FullViewTM Display ပါရှိပြီး သုံးစွဲသူ များမှ အကောင်းဆုံးနှင့် အဆင့်မြင့်ဆုံး စမတ်ဖုန်း အတွေ့အကြုံ ပေးစွမ်းနိုင်ရန် 3D ဖုန်းကိုယ်ထည်ကို ပြုလုပ်ပေးထားပါ သည်။ ကျော့ရှင်းသပ်ရပ်ပြီး စတိုင်ကျသော ဒီဇိုင်းပုံစံရှိသည့်အပြင် In-Display လက်ဗွေနှိပ် နည်းပညာကိုပါ ပေါင်းစပ် ထည့်သွင်း ဖန်တီးထားသည့် V series အနက် ပထမဦးဆုံး စမတ်ဖုန်းဖြစ်ပြီး biometric လုံခြုံမှုအပိုင်းနည်းပညာအပိုင်းတွင် ဆက်လက်ဦးဆောင် နေခြင်းလည်း ဖြစ်ပါသည်။

“သုံးစွဲသူတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ဆန်းသစ်ကွန့်မြူးစေချင်တာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး ဦးစားပေး ပါပဲ။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ပိုကောင်းပြီး ပိုအဆင့်မြင့်တဲ့ စမတ်ဖုန်း သုံးစွဲမှု အတွေ့အကြုံတွေ ဖန်တီးပေးနိုင်ဖို့ ဒီ AI စွမ်းအင်နည်းပညာသုံး V11 ကို မိတ်ဆက်ပေးရတာ တကယ်ကို စိတ်လှုပ်ရှားစရာပါ” ဟု Vivo Myanmar မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

“ဒီလိုမျိုး အကောင်းဆုံး သုံးစွဲသူ အတွေ့အကြုံကို ပေးချင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ AI ကင်မရာနဲ့ ပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေ ကိုပိုပြီးလွယ်လွယ် ရိုက်ယူနိုင်အောင် လုပ်ထားပါတယ်။ ပိုပြီးစမတ်ကျတဲ့ AI စွမ်းအင်နည်းပညာတွေ အများကြီး ထည့်သွင်း ထားတယ်၊ V series ရဲ့ ပထမဦးဆုံးလည်းဖြစ်ပြီး ဒီနည်းပညာလောကမှာ ဦးဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ In-Display လက်ဗွေနှိပ်နည်း ပညာကိုပါ မိတ်ဆက်ထားပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ သုံးစွဲသူတွေအနေနဲ့ အကောင်းဆုံး စမတ်ဖုန်းသုံးစွဲမှု အတွေ့ အကြုံရရှိအောင် နောက်ဆုံးပေါ် ခေတ်မီ ဆန်းသစ်ကွန့်မြူးတဲ့ အသစ်အဆန်းတွေကို နောင်လည်းဆက်လက် ဆောင်ကျဉ်းပေးသွားမှာပါ” ဟု ၎င်း မှပြောကြားခဲ့သည်။

V11 ၏ AI ကင်မရာက ပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေကို လွယ်လွယ်ကူကူ ဖန်တီးပေး။

V11 က Vivo စမတ်ဖုန်းတွေရဲ့ အားသာချက်ဖြစ်တဲ့ ပြီးပြည့်စုံတဲ့ ရိုက်ချက်တွေကို အကောင်းဆုံး ဖန်တီးပေးပါတယ်။ ယခု နှစ် အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ V9 ရဲ့ အောင်မြင်မှုကို အခြေခံပြီး ရှုခင်းအမျိုးမျိုး၊ အချိန်မရွေး၊ အခြေအနေမရွေး လိုက် လျောညီထွေဖြစ်ပြီး အကောင်းဆုံး ဓာတ်ပုံတွေ၊ ရိုက်ချက်တွေကို ပိုမိုလိုလားကြသော သုံးစွဲသူများ၏ တောင်းဆိုချက် ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ၎င်းတို့၏ AI နည်းပညာပိုင်းကို ထပ်ဆင့်အားဖြည့် ဆန်းသစ်ထားခြင်း ဖြစ်သည်။

V11 ၏ အနောက်ကင်မရာမှာ 12MP နှင့် 5MP ပေါင်းစပ်ထားသော f/1.8 aperture နှင့် 1.28μm pixels ရှိသည့် dual ကင်မရာဖြစ်ပြီး 25MP ရှိ အရှေ့ ကင်မရာတို့ဖြင့် ဖွဲ့စည်းထားပါသည်။ 12MP အနောက်ကင်မရာတွင် ၀.၀၃ စက္ကန့်အတွင်း focus ကို lock ပြုလုပ်နိုင်သော DSLR အဆင့်မြင့် ကင်မရာကြီးများရှိ Dual-Pixel Autofocus နည်းပညာအပြင် အလင်း ရောင် အားနည်းသည့်အချိန်များအတွက် photosensitive ယူနစ်ပေါင်း ၂၄ သန်း ပါရှိသည့် Dual Pixel Sensor များကို အသုံးပြုထား ပါသည်။

ဖုန်းဖြင့်ဓာတ်ပုံ ရိုက်ကူးရာတွင် လက်ရှိဖြစ်ပေါ်နေသော သမာရိုးကျ စိန်ခေါ်မှုများနှင့် အခက်အခဲ အများစုကို ဖယ်ရှားပေးပြီး ဝါနုသော ဓာတ်ပုံပညာ ဝါသနာရှင်များကိုပင် ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက် အဖြစ်ချက်ချင်း ပြောင်းလဲပေး နိုင်မည့် နောက်ဆုံးပေါ် နည်းပညာများနှင့် အဂါင်္ရပ်များသည် ပြီးပြည့်စုံသော ဓာတ်ပုံများကို ပိုမိုလွယ်ကူစွာ ရိုက်ကူးနိုင်မည် ဖြစ်ပါသည်။ V11 ၏ AI Backlight HDR နှင့် AI Low Light Mode တို့တွင် ပိုအသေးစိတ်ကျသော ရိုက်ချက်ပေါင်း များစွာကို ရိုက်ကူးနိုင်ပြီး နေဝင်ချိန်ကဲ့သို့ အလင်းရောင်အားနည်းသော အချိန်မျိုးတွင်ပင် အလင်းရောင် အကောင်းဆုံး ချိန် ညှိ ပေးသော ဓာတ်ပုံများကို ဖန်တီးနိုင်မည့် AI algorithms များကို အသုံးပြုထားပါသည်။ AI ဓာတ်ပုံပညာ အင်္ဂါရပ်များ စာရင်းတွင် မတူညီ ကွဲပြားခြားနားသော အရာဝတ္ထုများ၊ ပစ္စည်းများနှင့်ရှုခင်းများကို သတ်မှတ်ဖော်ထုတ်ပေးပြီး အထူးစပါယ် ရှယ် လုပ်ဆောင်ချက်များဖြင့် ဓာတ်ပုံများကို သက်ဝင်လှုပ်ရှား ကြွရွနေစေမည့် AI Scene Recognition ကို ထပ်မံ ထည့် သွင်းထားပါသည်။

မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ပြီးပြည့်စုံသော selfie များကို ရိုက်ယူနိုင်ရန်အတွက် မျက်နှာအစိတ်အပိုင်းများ ကို အသေးစိတ် ပုံဖော်အလှဆင်ပေးပြီး လှပကျော့ရှင်းပြီး သဘာဝ ကျသော selfie များကို ဖန်တီးပေးနိုင်သည့် AI မျက်နှာ ပုံဖော် algorithm နှင့်အတူ နောက်ဆုံးပေါ် နည်းပညာအသစ်ဖြစ်သည့် AI Face Shaping နည်းပညာကိုလည်း V11 တွင် ထည့်သွင်း မိတ်ဆက်ထားပါသည်။ အဆင့်မြှင့်တင်ထားသော AI Selfie Lighting အင်္ဂါရပ်မှာလည်း သုံးစွဲသူ၏ မျက်နှာနှင့် အလင်းရောင် ချိတ်ဆက်ပုံကို နားလည်သော AI algorithm များနှင့် ပိုကောင်းမွန်သော lighting effect များ ကို ပေးစွမ်း သွားမည် ဖြစ်ပါသည်။ ၎င်းတို့အပြင် AI နည်းပညာကို အသုံးပြုထားသော AI Portrait Framing ကလည်း ပြီးပြည့်စုံသော ရိုက်ချက်များ ရရှိအောင် Frame များကို ပိုမိုကောင်းမွန်စွာ ထိန်းညှိပေးထားပါသည်။ အချိန်မရွေး ပြည့်စုံသော frame များဖြင့် အကောင်းဆုံး portrait ဓာတ်ပုံများကို အလွယ်တကူ ရရှိနိုင်အောင် ဖုန်းကို အကောင်းဆုံး အနေအထားတွင် ကိုင် ထားတတ်စေရန်လည်း ကူညီပေးသည်။

ပို၍စမတ်ကျသော အတွေ့အကြုံ၊ ပို၍စွမ်းအင်မြင့်သော လုပ်ဆောင်ချက်။

အကောင်းဆုံး ဓာတ်ပုံနည်းပညာအပြင် Vivo ၏ AI assistant Jovi နှင့်အတူ Jovi Smart Scene, Google Lens နှင့် Google Assistant တို့ကဲ့သို့သော အခြားအင်္ဂါရပ်များတွင်လည်း AI မိုဘိုင်း နည်းပညာများကို ဖြန့်ကျက်ထားပါသေးသည်။ Jovi Smart Scene သည် ရာသီဥတု အခြေအနေများကို အချိန်နှင့်တပြေးညီ ပံ့ပိုးပေးခြင်းအပါအဝင် သုံးစွဲသူ၏ အပြုအမူများကို မှတ်သားထားသဖြင့် သုံးစွဲသူ၏ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူ အဆင်ပြေစေပါသည်။ Google Assistant ကမူ မြေပုံလမ်းညွှန်ပေးခြင်း၊ Online Shopping, ခရီးသွား အစီအစဉ်များ၊ သီချင်းများ၊ ဗီဒီယိုများနှင့် လူမှုကွန်ယက်များ တွင်ပင် ကူညီပေးပြီး အဆင့်မြင့် နက်နဲသော သင်ကြားမှုဆိုင်ရာ algorithm များဖြင့် ပံ့ပိုထားသော Google Lens ကမူ သုံးစွဲသူများမှ ၎င်းတို့မြင်သည့်အရာများ၏ အချက်အလက်ကို ရှာဖွေရန် ကူညီပေးပါသည်။

ဤကဲ့သို့ ထူးခြားကောင်းမွန်သော AI အင်္ဂါရပ်များကို ထောက်ပံ့ရန်အတွက် အကောင်းဆုံးလုပ်ဆောင်ချက် ရရှိရန် 6GB RAM နှင့် 128 ROM ပါရှိသော Snapdragon 660AIE processor ဖြင့်မောင်းနှင်ထားပါသည်။ နောက်ဆုံးပေါ် Funtouch OS 4.5 (Android 8.1 အားအခြေခံထားသော) နှင့် Vivo ၏ Jovi AI Engine တို့မှလည်း အတူတကွ အလုပ်လုပ်ပြီး CPU နှင့် မီမိုရီရင်းမြစ်တို့အား ခက်ခဲရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ထိရောက်မှုရှိစွာ ထိန်းချုပ်စေပါသည်။

V series ၏ ပထမဦးဆုံး In-Display Fingerprint Scanning နည်းပညာနှင့်အတူ ဆန်းသစ်သောဒီဇိုင်း

V11 ၏ ကိုယ်ထည်မှာ 19.5:9 အချိုးအစားဖြစ်ပြီး ၆.၄၁ လက်မရှိ Super AMOLED Halo FullView™ Display ဖြင့် 91.27% screen-to-body ratio ဖြစ်ပါသည်။ အလွန်ပါးလွှာသော ၁.၇၆ မီလီမီတာ ဘေးဘက်ကိုယ်ထည်ရှိပြီး သုံးစွဲသူ၏ လက်ထဲတွင် ပြည့်စုံစွာ ဝင်ဆံ့စေမည့် အတွေ့အကြုံကို ပေးစွမ်းသော display နှင့် 3D အကွေးကိုယ်ထည် ဒီဇိုင်းနှင့် ပေါင်းစပ် ဖန်တီးထားပါသည်။

V11 သည် ထင်သာမြင်သာရှိသော လက်ဗွေနှိပ်အရာကို ဖျောက်ထားပေးပြီး ဖုန်းတစ်လုံးလုံး၏ အရှေ့အနောက် ဒီဇိုင်း တစ်ခုလုံးကို ချောမွတ်ကျော့ရှင်းစေသော In-Display Fingerprint Scanning နည်းပညာကို ထည့်သွင်း အသုံးပြုထား သည့် V series ၏ ပထမဆုံး အမျိုးအစားလည်း ဖြစ်သည်။ ၎င်းနည်းပညာကို ယခုနှစ်အစောပိုင်းတွင် CES တွင် စတင် မိတ်ဆက်ခဲ့ပြီး ဖုန်းလုံခြုံရေးအတွက် ဖုန်းမျက်နှာပြင်များကို ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ထိုနောက်ဆုံး ပေါ်နည်းပညာကို V11 တွင် ပေါင်းစပ်ထည့်သွင်း ထားခြင်းက သုံးစွဲသူများ၏ အခက်အခဲများကို ဖြေရှင်းပေး ရန်အတွက် Vivo ၏ ကြိုးစားအားထုတ်မှု တစ်ရပ်ဖြစ်ပါသည်။

Face Access ၏ တိကျပြတ်သားမှုမှာလည်း infrared အလင်းရောင်ကို သုံးထားသဖြင့် အမှောင်ထဲတွင်တောင် မျက်နှာ အစိတ်အပိုင်းပေါင်း ၁၀၂၄ ပိုင်းကို တိကျစွာ မှတ်သားပြီး အချိန်ခဏအတွင်း ဖုန်းကို unlock ဖြည်ပေးနိုင်မည် ဖြစ်ပါသည်။

စကြဝဠာလောက၏ စိတ်လှုပ်ရှားဖွယ်ရာ လျှို့ဝှက်ဆန်းကြယ်မှုဖြစ်သော – Starry Night နှင့် Nebula တို့မှ ဆန်းသစ်သော အရောင်များကို ကွန့်မြူးရယူထားသော အရောင် ၂ ရောင်ကို စတင်မိတ်ဆက်ထား ခြင်းဖြစ်ပါသည်။ Starry Night ၏ အနက်နှင့် အပြာရောင် အရောင်စပ်၊ Nubula ၏ အပြာနှင့် ခရမ်းရောင် အရောင်စပ်တို့က V11 ၏ ခေတ်မီ ဆန်းသစ်ထူးခြားသော ဒီဇိုင်းကို အဆင့်မြင့် ပုံထွက်ပိုကောင်း စေပါသည်။

· V11စမတ်ဖုန်းကို စက်တင်ဘာ(၂၉)ရက်နေ့ မှစတင်ကာ Starry Night အရောင်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။

· V11i စမတ်ဖုန်းကို အောက်တိုဘာလ(၆)ရက်နေ့ မှစတင်ကာ Starry Night နှင့် Nebula အရောင်နှစ်ရောင်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။