Zawgyi
Unicode
In-display Fingerprint Sensor ပါတဲ့ Vivo V11 ကို စက်တင်ဘာလ ၂၅ရက်နေ့မှာ မြန်မာနိုင်ငံတွင် တရားဝင် မိတ်ဆက်သွားမည်
Vivo V11 ဆိုတာကတော့ မကြာသေးခင်ကမှ အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားတဲ့ Vivo ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်း ဖြစ်ပါတယ်။ Vivo V11 ကို အိန္ဒိယနိုင်ငံမှာ V11 Pro အဖြစ် ကင်ပွန်းတပ်ထားတာ ဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ V11 နာမည်နဲ့ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Vivo V11 ရဲ့ မိတ်ဆက်ပွဲကို လာမယ့် စက်တင်ဘာလ ၂၅ရက်နေ့မှာ ရန်ကုန်မြို့ ၊ Melia Hotelမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။
Vivo ရဲ့ V11 မှာ Halo FullView လို့ခေါ်တဲ့ Display နဲ့ AI ကနေ အလိုအလျောက်ချိန်ညှိပေးမယ့် Dual Camera System ပါဝင်ပါတယ်။ Halo FullView Display မှာ အရောင်ထွက်စိုပြေတောက်ပဖို့အတွက် AMOLED Display ကိုသုံးပေးထားလို့ ရုပ်ရှင်ကြည့်တာပဲ ဖြစ်ဖြစ်၊ ဂိမ်ဆော့တဲ့နေရာမှာပဲဖြစ်ဖြစ် ရုပ်ထွက်တွေက ပုံမှန် LCD Display တွေထက်သာလွန်ကောင်းမွန်နေမှာပါ။
Halo FullView ဆိုတဲ့ နာမည်အဆန်းလေးကိုပေးထားရတဲ့အကြောင်းရင်းက V11 ရဲ့ ထိပ်က Notch သေးသေးလေးကြောင့်ပါ။ သူရဲ့ Notch သေးသေးလေးမှာ Selfie Camera လေးပဲပါဝင်ပြီး Notch ရဲ့ ပုံစံဒီဇိုင်းလေးက မီးလုံးသေးသေးလေးလိုဖြစ်နေတဲ့အတွက် Halo ဆိုတဲ့ စကားလုံးအဆန်းလေးကိုသုံးထားတာပါ။
Security အပိုင်းအတွက် In-display Fingerprint Sensor ကို Display အထဲမှာ ထည့်သွင်းမြှပ်နှံတပ်ဆင်ထားတာဖြစ်တဲ့အတွက် Vivo V11 ဟာဆိုရင် မြန်မာနိုင်ငံကို တရားဝင် ရောက်ရှိလာတဲ့ ပထမဦးဆုံး In-display Fingerprint Sensor အသုံးပြု စမတ်ဖုန်း ဖြစ်လာမှာပါ။