Zawgyi Font Version
ဖုန်းရဲ့ Display အောက်မှာ Fingerprint Scanner ထားထားတဲ့အတွက် အနောက်ဘက်မှာ Fingerprint Scanner ထားစရာမလိုတော့လို့ ဖုန်း အနောက်ဘက်ဒီဇိုင်းကတော့ ရှင်းရှင်းလင်းလင်းနဲ့ အရမ်းမိုက်နေတော့မှာပါ။
Unicode Version
ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ သိပ္ပံကားတွေထဲကလို ဖုန်း မျက်နှာပြင်ပေါ် လက်ချောင်းလေးတင်ပြီး လက်ဗွေနဲ့ Unlock လုပ်တာမျိုးကို ကျွန်တော်တို့တွေတော်တော်ရူးသွပ်ခဲ့ကြပါတယ်။
အခုတော့အဲ့စိတ်ကူးတွေက လက်တွေ့ဖြစ်လာပါပြီ။ မကြာခင် ရက်ပိုင်းအတွင်းမှာ Vivo ရဲ့ In-Display Fringerprint Scanner သုံးထားတဲ့ Vivo V11 ကို ပြည်တွင်းမှာ စတင်ရောင်းချတော့မှာပါ။
ခန့်မှန်းထားတဲ့အတိုင်းပဲ Snapdragon 660 SoC (၆.၄) လက်မ 1080P Display နဲ့ Dual Camera Setup နဲ့ In-Display Fingerprint Scanner တို့ပါဝင်မှာပါ။ Vivo ရဲ့ In-Display Fingerprint Scanner သုံးထားတဲ့ Smartphone တွေဟာ ကမ္ဘာ့ပထမဆုံးဖြစ်ပြီး Vivo V11 ကတော့ ပြည်တွင်းမှာ ပထမဆုံး In-Display Fingerprint Sensor သုံးထားတဲ့ ဖုန်းတစ်လုံးဖြစ်လာမှာပါ။
ဖုန်းရဲ့ Display အောက်မှာFingerprint Scanner ထားထားတဲ့အတွက် အနောက်ဘက်မှာ Fingerprint Scanner ထားစရာမလိုတော့လို့ ဖုန်း အနောက်ဘက်ဒီဇိုင်းကတော့ ရှင်းရှင်းလင်းလင်းနဲ့ အရမ်းလန်းနေတော့မှာပါ။ အရှေ့ဘက် Notch ကလည်း Oppo ရဲ့ Waterdrop Notch လိုမျိုးပဲ Selfie Camera အတွက်ပဲ နေရာပေးထားတဲ့အတွက် တစ်ခြားဖုန်းတွေမှာသုံးတဲ့ Notch တွေလို ဘားတန်းကြီးဖြစ်မနေတော့လို့ လူတိုင်းရဲ့ အမြင်မှာ အရမ်းလှသွားပါတယ်။
ဖုန်းမျက်နှာပြင်ပေါ်လက်တင်လိုက်တာနဲ့ Unlock လုပ်နိုင်မှာဆိုတော့ အရမ်းလန်းပြီပေါ့။ ဖုန်းရဲ့နောက်ကျောဘက်ကို လှမ်းပြီး လက်ဗွေကို စကန်ဖတ်စရာမလိုတော့ပဲ ဖုန်းလေးကို ပုံမှန်အနေအထားနဲ့ ကိုင်ပြီး ကိုယ်လက်ဗွေမှတ်ထားတဲ့ လက်ချောင်းလေးကိုဖုန်း မျက်နှာပြင်ပေါ်တင်လိုက်တာနဲ့ Unlock လုပ်ပြီးသားဆိုတော့ အရင် နောက်ကျောဘက် Fingerprint Scanner ပါတဲ့ ဖုန်းတွေမှာလို အရေးကြုံရင် Unlock လုပ်ရခက်နေတာမျိုးမရှိတော့ပါဘူး။ ရိုးရိုး Fingerprint ထပ်ပိုကောင်းတဲ့အချက်နောက်တစ်ခုကတော့ လက်ရေစိုနေရင် ဖုန်တွေပေနေရင်တောင်မှပဲ Unlock လုပ်နိုင်ပါတယ်။
ပြည်တွင်းမှာ မကြာခင်ဝယ်ယူရရှိနိုင်ပါတော့မှာမို့ In-Display Fingerprint Scanner နဲ့အတူ စတိုင်ကျကျ Unlock လုပ်နိုင်ကြတော့မှာပါ။