Zawgyi


 




Unicode

Vivo V11 | V11i စမတ်ဖုန်းတွေကို ဝယ်ယူမယ့် မိဘပြည်သူများအတွက် ငွေကျပ် ၂၀၀၀၀ ပြန်ရမယ့် အခွင့်အရေး

Vivo Myanmar အနေနဲ့ Vivo V11 နဲ့ V11i စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ရက်နေ့က မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ In-display Fingerprint နည်းပညာ ပါဝင်တဲ့ V11 ကို ငွေကျပ် ၅၅၉,၀၀၀ ကျပ်နဲ့ ရောင်းချနေပြီး သာမန် Fingerprint နည်းပညာ အသုံးပြုထားတဲ့ V11i ကိုတော့ ငွေကျပ် ၄၁၉,၀၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ အဆိုပါ စမတ်ဖုန်းတွေကို ဝယ်ယူမယ့် မိဘ ပြည်သူများအတွက် ငွေကျပ် ၂၀,၀၀၀ ကျပ်တိတိ ပြန်လည် ပိုင်ဆိုင်နိုင်မယ့် Cashback Promotion အစီအစဥ်ကို သီတင်းကျွတ်ပွဲတော်အတွင်းမှာ ကျင်းပပေးသွားမှာ ဖြစ်ကြောင်း Vivo Myanmar က တရားဝင် ထုတ်ပြန်ကြေငြာထားပါတယ်။

“သီတင်းကျွတ်ပွဲတော် Cashback နဲ့ နွှဲပျော်” ဆိုတဲ့ Promotion အစီအစဥ်ကို အောက်တိုဘာလ ၇ရက်နေ့က စတင်ပြီး အောက်တိုဘာလ ၂၅ရက်နေ့အထိ စုစုပေါင်း ၁၉ရက်တိုင်တိုင် ကျင်းပပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

Cashback Promotion ကာလအတွင်းမှာ Vivo V11 နဲ့ V11i စမတ်ဖုန်းတွေကို ဝယ်ယူမယ့် မိဘပြည်သူများအနေနဲ့ ပြန်အမ်းငွေ ၂၀,၀၀၀ ကျပ်အပြင် တခြားသော လက်ဆောင်ပစ္စည်းများကိုလည်း ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ Vivo V11 နဲ့ V11i တို့ရဲ့ Cashback Promotion ပွဲတော်မှာ ပါဝင်တဲ့ လက်ဆောင်ပစ္စည်းတွေကိုတော့ အမြို့မြို့ အနယ်နယ်ရှိ Vivo Showroom နဲ့ Vivo အရောင်းကောင်တာတွေမှာ သွားရောက် စုံစမ်း မေးမြန်းနိုင်ပါတယ်။