Zawgyi
ရန်ကုန် – ၀၉၄၀၀၄၄၆၄၅၇
မန္တလေး – ၀၉၄၂၈၈၈၈၉၁၈
မကွေး – ၀၉၂၆၀၈၀၄၃၆၀
လားရှိုး – ၀၉၂၅၆၀၇၀၇၀၅
ပဲခူး – ၀၉၄၂၄၄၀၇၆၂၆
ကျိုင်းတုံ – ၀၉၄၂၀၀၄၈၄၉၀ ၊ ၀၉၄၅၀၄၇၈၀၈၀
ဧရာဝတီ- ၀၉၇၉၃၉၁၂၉၈၈
Unicode
Vivo V11 | V11i တို့အတွက် Pre-order ကို စက်တင်ဘာလ ၂၂ရက်နေ့ကနေ စတင်ပြီး ၂၈ရက်နေ့အထိ လက်ခံသွားမည်
Vivo Myanmar အနေနဲ့ Vivo V9 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ Vivo V11 နဲ့ V11i တို့ကို မြန်မာနိုင်ငံမှာ တရားဝင် တင်သွင်းရောင်းချတော့မှာ ဖြစ်ပါတယ်။ Vivo V11 နဲ့ V11i တို့ရဲ့ မိတ်ဆက်ပွဲ အခမ်းအနားကို လာမယ့် စက်တင်ဘာလ ၂၅ရက်နေ့မှာ ရန်ကုန်မြို့ရှိ Melia Hotel မှာ ကျင်းပပေးသွားမှာ ဖြစ်ပြီး Pre-order ကိုတော့ စက်တင်ဘာလ ၂၂ရက်နေ့ကနေ စက်တင်ဘာလ ၂၈ရက်နေ့အထိ လက်ခံသွားမယ်လို့ သိရပါတယ်။
Pre-order မှာယူလိုသူများအနေနဲ့ စရံငွေ ၃၀,၀၀၀ ကျပ် ဦးစွာပေးသွင်းရန် လိုအပ်မှာ ဖြစ်ပြီး၊ စရံငွေ ပေးသွင်းပြီးပါက Pre-order Card နဲ့အတူ လက်ဆောင် ပစ္စည်းဘူးကို ဆိုင်ရှင်ဆီက ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ Pre-order တင်ထားတဲ့ Customer များအနေနဲ့ စက်တင်ဘာလ ၂၉ရက်နေ့မှာ Vivo V11 ကို ထုတ်ယူနိုင်မှာ ဖြစ်ပြီး Vivo V11i ကိုတော့ အောက်တိုဘာလ ၆ရက်နေ့မှာ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းတွေကို ထုတ်ယူမယ်ဆိုရင် Pre-order Card နဲ့အတူ မိမိ Order တင်ထားတဲ့ ဆိုင်ကို သွားရောက်ပြီး ကျသင့်ငွေကို အရင်ဆုံး ပေးချေရမှာ ဖြစ်ပါတယ်။ ငွေပေးချေပြီးပါက မိမိမှာယူထားတဲ့ စမတ်ဖုန်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပြီး Pre-order လက်ဆောင်များလည်း ထပ်မံရရှိမယ်လို့ သိရပါတယ်။
Vivo V11 နဲ့ V11i တို့ဟာ Halo FullView လို့ ခေါ်တဲ့ Display နဲ့ ပွဲထွက်လာမယ့် စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ Halo FullView ဆိုတာ Display ထိပ်က Notch လေးကို မှည့်ခေါ်ထားတာပါ။ အဆိုပါ Notch သေးသေးလေးထဲမှာ Selfie Camera လေးဘဲပါဝင်ပြီး Notch Design က မီးလုံးသေးသေးလို ပုံစံမျိူးဖြစ်နေတဲ့အတွက် Halo ဆိုပြီး ကင်ပွန်းတပ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Display အပိုင်းအတွက် Vivo V9 မှာသုံးခဲ့တဲ့ LCD Display ကို အသုံးပြုထားတာ မဟုတ်ဘဲ Super AMOLED Display ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Selfie ကင်မရာ အပိုင်းအတွက် 25MP AI Camera တွေကို ထည့်သွင်း တပ်ဆင်ထားတာ ဖြစ်ပြီး Memory Storage ကလည်း 128GB အထိပါဝင်မယ်လို့ သိရပါတယ်။
Security အပိုင်းအတွက် Vivo V11i ရဲ့ Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ထားတာ ဖြစ်ပြီး V11 ရဲ့ Fingerprint Sensor ကိုတော့ Display ထဲမှာ ထည့်သွင်း မြှပ်နှံတပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Vivo ရဲ့ V11 စမတ်ဖုန်းဟာဆိုရင် မြန်မာနိုင်ငံကို တရားဝင် ဝင်ရောက်လာတဲ့ In-display Fingerprint Sensor အသုံးပြု ပထမဦးဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။
Vivo V11 | V11i စမတ်ဖုန်းတွေကို Pre-order မှာယူဖို့အတွက် အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ရန်ကုန် – ၀၉၄၀၀၄၄၆၄၅၇
မန္တလေး – ၀၉၄၂၈၈၈၈၉၁၈
နေပြည်တော် – ၀၉၇၈၄၄၄၄၄၀၃ ၊ ၀၉၉၇၂၈၅၈၈၈၇
မော်လမြိုင် – ၀၉၄၂၆၄၀၃၅၃၈ ၊ ၀၅၇-၂၄၃၃၂
စစ်ကိုင်း – ၀၉၄၀၁၆၄၃၂၈၇
မကွေး – ၀၉၂၆၀၈၀၄၃၆၀
လားရှိုး – ၀၉၂၅၆၀၇၀၇၀၅
တောင်ကြီး – ၀၉၇၉၀၄၉၂၇၂၄ ၊ ၀၉၇၇၁၁၂၆၈၀၆
မြစ်ကြီးနား – ၀၉၂၅၉၆၁၀၁၀၀ ၊ ၀၉၇၇၀၁၄၂၀၁၄
ပဲခူး – ၀၉၄၂၄၄၀၇၆၂၆
ကျိူင်းတုံ – ၀၉၄၂၀၀၄၈၄၉၀ ၊ ၀၉၄၅၀၄၇၈၀၈၀
ဧရာဝတီ- ၀၉၇၉၃၉၁၂၉၈၈