[Zawgyi]

Vivo V15 Pro စမတ္ဖုန္းဟာ Pop-up ဆယ္ဖီကင္မရာဒီဇုိင္းနဲ႔ လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ တရားဝင္ထြက္ရွိလာမွာပါ။ ကုမၸဏီဟာ အဆုိပါဖုန္းမွာ Triple ကင္မရာအတြဲနဲ႔အတူ 48MP အဓိကကင္မရာ ပါလာမွာကိုလည္း ႀကိဳတင္ Tease လုပ္ထားၿပီးျဖစ္ပါတယ္။

ယေန႔မွာေတာ့ ဖုန္းရဲ႕ Press Render ပုံေတြထြက္ေပၚလာခဲ့ၿပီး ၾကည္လင္တဲ့ Hi-Res ပုံေတြ ျဖစ္ေနတာကို ေတြ႕ရတယ္။ ေပါက္ၾကားလာတဲ့ပုံေတြက V15 Pro ရဲ႕ကာလာႏွစ္မ်ဳိးကို ေဖာ္ျပခဲ့ၿပီး ၄င္းတုိ႔ကေတာ့ အျပာနဲ႔ အနီ Gradient အေရာင္ေတြျဖစ္ပါတယ္။ အနီေရာင္ကာလာကေတာ့ ပန္းေရာင္၊ လိေမၼာ္နဲ႔ Sunrise Gold ကာလာေတြ စပ္ထားသလို အေရာင္ေျပးပါပဲ။

Vivo V15 Pro ရဲ႕လုပ္ေဆာင္ပုံဟာ Vivo NEX တုန္းကနဲ႔ ဆင္တူေပမယ့္ Pop-up ကင္မရာကို ေနာက္ကင္မရာနဲ႔ ခ်ိန္ညွိေနရာခ်ထားတာက သိသာတဲ့ ေျပာင္းလဲမႈပါ။ 3.5mm Audio Jack ေပါက္က ဖုန္းရဲ႕ အေပၚဘက္မွာပဲ ကင္မရာေတြနဲ႔ ဆန္႔က်င္ဘက္မွာ ပါဝင္တယ္။

ဘယ္ဘက္ျခမ္းမွာ ေနာက္ထပ္ Button တစ္ခုပါၿပီး Jovi Assistant စနစ္ျဖစ္မယ္လို႔ ယူဆရပါတယ္။ တကယ္လို႔ Vivo ကသူတုိ႔ရဲ႕ Assistant စနစ္ကို ကမာၻေစ်းကြက္သုိ႔ မပို႔ေသးဘူးဆုိရင္လည္း Google Assistant နဲ႔အစားထုိးလာႏုိင္တယ္။ Fingerprint ကုိမျမင္ရတာေၾကာင့္ AMOLED Display ထဲမွာ ထည့္သြင္းလာမယ္လို႔ ယူဆရပါတယ္။

အခုထြက္ေပၚလာတဲ့ ဓါတ္ပုံေတြထဲက အေရာင္ႏွစ္ေရာင္ပဲ ရႏုိင္မွာလားဆုိတာကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ တရားဝင္မိတ္ဆက္လာဖို႔လည္း တစ္ပတ္ေတာင္ မလိုေတာ့တာေၾကာင့္ ေစာင့္ဆုိင္းရတာ သိပ္ၾကာမွာ မဟုတ္ေတာ့ပါဘူး။

Ref – GSM Arena

[Unicode]

Vivo V15 Pro စမတ်ဖုန်းဟာ Pop-up ဆယ်ဖီကင်မရာဒီဇိုင်းနဲ့ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာမှာပါ။ ကုမ္ပဏီဟာ အဆိုပါဖုန်းမှာ Triple ကင်မရာအတွဲနဲ့အတူ 48MP အဓိကကင်မရာ ပါလာမှာကိုလည်း ကြိုတင် Tease လုပ်ထားပြီးဖြစ်ပါတယ်။

ယနေ့မှာတော့ ဖုန်းရဲ့ Press Render ပုံတွေထွက်ပေါ်လာခဲ့ပြီး ကြည်လင်တဲ့ Hi-Res ပုံတွေ ဖြစ်နေတာကို တွေ့ရတယ်။ ပေါက်ကြားလာတဲ့ပုံတွေက V15 Pro ရဲ့ကာလာနှစ်မျိုးကို ဖော်ပြခဲ့ပြီး ၎င်းတို့ကတော့ အပြာနဲ့ အနီ Gradient အရောင်တွေဖြစ်ပါတယ်။ အနီရောင်ကာလာကတော့ ပန်းရောင်၊ လိမ္မော်နဲ့ Sunrise Gold ကာလာတွေ စပ်ထားသလို အရောင်ပြေးပါပဲ။

Vivo V15 Pro ရဲ့လုပ်ဆောင်ပုံဟာ Vivo NEX တုန်းကနဲ့ ဆင်တူပေမယ့် Pop-up ကင်မရာကို နောက်ကင်မရာနဲ့ ချိန်ညှိနေရာချထားတာက သိသာတဲ့ ပြောင်းလဲမှုပါ။ 3.5mm Audio Jack ပေါက်က ဖုန်းရဲ့ အပေါ်ဘက်မှာပဲ ကင်မရာတွေနဲ့ ဆန့်ကျင်ဘက်မှာ ပါဝင်တယ်။

ဘယ်ဘက်ခြမ်းမှာ နောက်ထပ် Button တစ်ခုပါပြီး Jovi Assistant စနစ်ဖြစ်မယ်လို့ ယူဆရပါတယ်။ တကယ်လို့ Vivo ကသူတို့ရဲ့ Assistant စနစ်ကို ကမ္ဘာဈေးကွက်သို့ မပို့သေးဘူးဆိုရင်လည်း Google Assistant နဲ့အစားထိုးလာနိုင်တယ်။ Fingerprint ကိုမမြင်ရတာကြောင့် AMOLED Display ထဲမှာ ထည့်သွင်းလာမယ်လို့ ယူဆရပါတယ်။

အခုထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေထဲက အရောင်နှစ်ရောင်ပဲ ရနိုင်မှာလားဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် တရားဝင်မိတ်ဆက်လာဖို့လည်း တစ်ပတ်တောင် မလိုတော့တာကြောင့် စောင့်ဆိုင်းရတာ သိပ်ကြာမှာ မဟုတ်တော့ပါဘူး။

Ref – GSM Arena