[Zawgyi]





Ref – GSM Arena

[Unicode]

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ မိတ်ဆက်လာမယ့် Vivo ရဲ့ V15 Pro ဟာ ထွက်မယ့်ရက်နီးလာတာနဲ့အညီ Leak သတင်းတွေလည်း ပိုပေါက်ကြားလာခဲ့ပါပြီ။ ဒီဖုန်းဟာ Pop-up ကင်မရာလို့ခေါ်တဲ့ ဆယ်ဖီကင်မရာကို အံဆွဲလို ဝှက်ထားပြီး ရိုက်ခါနီးမှအပြင်ထုတ်ရိုက်ရမယ့် ဒီဇိုင်းကို ဦးတည်လာတဲ့ ထူးထူးခြားခြား ဟန်းဆက်လည်း ဖြစ်တယ်။

အခုမြင်ရတဲ့ပုံစံကတော့ လူတစ်ယောက်ဟာ Vivo V15 Pro အပြာရောင်ဖုန်းကို အပြင်လမ်းမပေါ်မှာ ရိုက်ထားတဲ့ ပုံစံဖြစ်ပြီး နောက်ကနေ မြင်တွေ့ရတဲ့ ဓါတ်ပုံဟာ သူ့ရဲ့ကာလာအသစ်ကိုသာ မကဘဲ ဆယ်ဖီ ကင်မရာကိုပါ ထုတ်ထားတာ မြင်တွေ့ရမှာပါ။

ရှေ့ရက်အနည်းငယ်ကလည်း အနက်နဲ့ အနီရောင် နှစ်ရောင်စပ်အရောင်ပြေးပုံစံ V15 Pro တစ်ခုကို တွေ့ခဲ့ရပြီး သူ့ရဲ့ Pattern ပုံစံက အခုမြင်ရတဲ့ပုံနဲ့ မတူတာကြောင့် Vivo ဟာ အရောင်ကိုပါ ဒီဇိုင်း Pattern တစ်မျိုးထက် ပိုပြီး ဆွဲဆောင်မှုရှိရှိ ထုတ်လုပ်လာမယ်လို့ ယူဆရပါတယ်။

Vivo V15 Pro မှာ Snapdragon 675 ချစ်ပ်ဆက်အသုံးပြုလာမှာဖြစ်ပြီး အဓိက ကင်မရာကလည်း အခုတလော ခေတ်စားနေတဲ့ 48MP ဆင်ဆာပါ။ မျက်နှာပြင်က 6.4” FHD+ Super AMOLED ဖြစ်ပြီး Fingerprint ကိုလည်း Display ထဲမှာပဲ ထည့်လာတယ်။ မန်မိုရီက 6 / 128 GB ဖြစ်ပြီး 3,700 mAh ဘက္ထရီကြီး ပါဝင်လာမှာပါ။

Ref – GSM Arena