Vivo ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Vivo V9 စမတ်ဖုန်းကို မြန်မာနိုင်ငံကို စတင်မိတ်ဆက်ခဲ့ပြီးတော့ ကျွန်တော်တို့ MyTech Myanmar ကနေ အချိန်တစ်ခုစမ်းသပ်အသုံးပြုဖြစ်ခဲ့ပါတယ်။ အခု Article မှာတော့ Vivo V9 ကို အသုံးပြုကြည့်ပြီး သဘောကျမိတဲ့အချက်တွေကို မျှဝေပေးသွားမှာပါ။

Immersive FullViewTM Display

Vivo V9 စမတ်ဖုန်းကို စစခြင်းကိုင်ကြည့်လိုက်တာနဲ့ အရင်ဆုံးမြင်ရတဲ့ Display က ပထမဆုံးအကြိုက်တွေ့မိတဲ့ Feature တစ်ခုဖြစ်ပါတယ်။ Vivo V9 စမတ်ဖုန်းမှာ ပါဝင်လာတဲ့ 6.3″ FullViewTM Display ဟာ Screen to Body Ratio 90% အထိရှိတဲ့အတွက် လက်ရှိအခြားသော စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် သိသိသာသာကို ဖုန်းရဲ့ အရှေ့မျက်နှာပြင်က Display ပဲဖြစ်နေသလိုမျိုးထင်ရပါတယ်။ Resolution ကလည်း Full HD+ Resolution နဲ့ဆိုတော့ Vivo V9 နဲ့ ရုပ်ရှင်ကြည့်နေရတာက အရမ်းကို နှစ်မျောခံစားလို့ကောင်းပါတယ်။

24MP AI Selfie Camera

Selfie တွေက ကျွန်တော်တို့ နေ့စဉ်ဖုန်းအသုံးပြုမှုတွေမှာ အမြဲတမ်းလိုလို ရိုက်နေဖြစ်တာပါ။ အခု Vivo V9 စမတ်ဖုန်းကို စမ်းသပ်အသုံးပြုကြည့်ပြီးတော့ ကျွန်တော်တို့ နေ့စဉ်ရိုက်နေဖြစ်တဲ့ Selfie ဓါတ်ပုံတွေက တ်ြဖည်းဖြည်းပိုပြီး များပြားလာပါတယ်။ အဲ့ဒါကလည်း Vivo က V9 စမတ်ဖုန်းမှာ ယခင် Vivo V7 ဖုန်းရဲ့ 24MP Selfie Camera ကို AI နည်းပညာတွေနဲ့ အဆင့်မြင့်တင်ပြီးတော့ ရိုက်သမျှ Selfie ပုံတွေကို အလိုအလျောက် အကောင်းပုံရအောင် ပြင်ပေးသွားတာဆိုတော့ ရိုက်လိုက်တာနဲ့ ဘာ App နဲ့မှ ထပ်ပြင်နေစရာမလိုလောက်တဲ့အထိကို အဆင်ပြေတာပါ။ ဒါ့အပြင် Selfie Portrait Lighting စနစ်တွေ၊ အခြား AR Stickers တွေလိုမျိုး Features တွေပါတော့ ကိုယ့် Selfie ပုံတွေက တခြားဖုန်းတွေနဲ့ ရိုက်တာထက်တောင် ပိုပြီးဆန်းသစ်နေပါတယ်။

အသုံးပြုကြည့်မိတဲ့ အတွေ့အကြုံ

Vivo V9 စမတ်ဖုန်းက ကင်မရာပိုင်း၊ Display ပိုင်း စတဲ့ Hardware ပိုင်းပြောင်းလဲမှုတွေရှိပေမယ့် အသုံးပြုမှုပိုင်းမှာလည်း သိသိသာသာကို Software Experience အရ ကောင်းမွန်တဲ့ ဖုန်းတစ်ခုပါ။ Navigation Keys တွေကို ဖျောက်ထားနိုင်တဲ့ Gestures Functions တွေ၊ ဖုန်းရဲ့ မြင့်မားတဲ့ Octa Core Processor နဲ့အတူ Game ဆော့တဲ့အချိန်မှာလည်း အနှောင့်အယှက်မဖြစ်စေပဲ အကောင်းဆုံးသော Experience ကို ခံစားနိုင်မယ့် Game Mode 2.0 အစရှိတာတွေက Vivo V9 စမတ်ဖုန်းကို လက်ရှိမှာ ဒီဇိုင်းအရ၊ Camera အရရော၊ Game အဆော့များတဲ့သူတွေအတွက် စွမ်းဆောင်ရည်အရပါ ပေးရတဲ့ဈေးထက် ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တဲ့ စမတ်ဖုန်းတစ်ခုလို့ပြောရမှာပါ။

ကျွန်တော်တို့ MyTech Myanmar ရဲ့ Vivo V9 Phone Review Video ကိုလည်း အခု Link မှာ ကြည့်ရှုနိုင်ပါတယ်။