ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က မြန်မာနိုင်ငံလူငယ်တွေရဲ့ အကြိုက်ဆုံး စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Vivo ကုမ္ပဏီကနေ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် V9 စမတ်ဖုန်း မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ Melia ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ Vivo V9 သည် FullViewTM Display နှင့် 90% screen-to-body အချိုးဖြစ်ပြီး၊ ဥာဏ်ရည်တု AI စွမ်းအင်နဲ့အတူ ပြီးပြည့်စုံသည့် ရိုက်ချက်ကို ရယူနိုင်သော မျိုးဆက်သစ် စမတ်ဖုန်း အမျိုးအစားတစ်ခုဖြစ်တဲ့အပြင် ဒီဇိုင်းပိုင်းကိုလည်း FullView ဟူသော အဓိပ္ပာယ်နှင့် လိုက်ဖက်သော ပါးလျကျစ်လစ်သော ကိုယ်ထည်ဖြစ်စေရန် အလေးအနက်ထား ပြုလုပ်ထားပြီး ချောမွတ်တောက်ပြောင်သော ကိုယ်ထည်အသွင်အပြင်ဖြင့် စတိုင်ကျပြီး အထက်တန်းဆန်သော စမတ်ဖုန်းဖြစ်အောင် ဖန်တီးလာတာကို တွေ့ခဲ့ရပါတယ်။

မကြာခင်ရောက်ရှိလာတော့မယ့် 5G ကွန်ယက်အတွက် အဆင်သင့်ဖြစ်နေသလို In-Display fingerprint နည်းပညာအကြောင်းကို ထုတ်ဖော်ကြေညာခဲ့သော Vivo သည် V9 တွင် အဆင့်မြင့် နည်းပညာဖြစ်သည့် AI နည်းပညာကိုလည်း အဓိကထားပြီး ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။။ Vivo V9 စမတဖုန်းကို သုံးစွဲသူများအနေနဲ့ Vivo ကနေ အသစ်ထည့်သွင်းပေးလာတဲ့ AI Face Beauty၊ AI Smart Engine နှင့် AI Selfie Lighting စသည့် AI နည်းပညာတွေကို အသစ်အဆန်းအနေနဲ့ ခံစားနိုင်တော့မှာဖြစ်ပါတယ်။

Vivo V9 ၏ AI Face Beauty သည် မျက်နှာပြင်အသားပေး ဓာတ်ပုံအရေအတွက်ပေါင်း တစ်သန်းနီးပါး၏ အချက်အလက်များကို အခြေခံပြီး ပြည့်စုံမှုရှိစေရန် ပြုလုပ်ထားခြင်းဖြစ်တဲ့အတွက် V9 ရဲ့ AI နည်းပညာကို အသုံးပြုသူ၏ အသက်အရွယ်၊ ကျား၊ မ၊ အရေပြား အခြေအနေ၊ အရောင်အဆင်း စသည်တို့အပြင် ပတ်ဝန်းကျင်အလင်းရောင် အခြေအနေကိုလည်း ထောက်လှမ်းပေးနိုင်ပါတယ်။ အဲ့ဒီအတွက် ဘယ်သူပဲဖြစ်ဖြစ် V9 ကိုသုံးစွဲသူများအနေနဲ့ စိတ်ကြိုက် နှစ်သက်သလို ပိုမိုကောင်းမွန်အောင်လည်း ပြုလုပ်ပေးနိုင်ပါသေးတယ်။ အခြား AI ဓာတ်ပုံပိုင်းတွေနဲ့ ပတ်သတ်ပြီးတော့ AI Selfie Lighting အပါအ၀င် မူလ 2D ဓာတ်ပုံမှ 3D ဓာတ်ပုံအဖြစ် အနုပညာမြောက်စွာ၊ သဘာဝကျစွာ ပြုလုပ်နိုင်သော လုပ်ဆောင်ချက်များကို ရယူနိုင်ပါသေတးတယ်။ အဲ့ဒီအတွက် ဓါတ်ပုံကောင်းကောင်းရိုက်ချင်တယ်ဆိုရင်တော့ Vivo V9 ကိုပဲ ရွေးချယ်နိုင်သင့်တယ်ပြောရမှာပါ။

ဓာတ်ပုံရိုက်ကူးခြင်းအပြင် V9  ၏ AI သည် ဖုန်း၏ လုပ်ငန်းဆောင်တာများကို ဖုန်းသုံးစွဲသူ၏ အလေ့အထအလိုက် စမတ်ဖုန်း စနစ်များ၊ ဖုန်း၏လုပ်ဆောင်ချက်များကို အကောင်းဆုံး ဆောင်ရွက်နိုင်ရန် ကူညီထောက်ပံ့ပေးပါသေးသည်။

Vivo ၏ လွန်ခဲ့သော မျိုးဆက်ထုတ်ကုန်ဖြစ်သော မျက်နှာဖြင့် ဖုန်းလော့ခ်ဖွင့်ခြင်း နည်းပညာကို AI Face Access အဖြစ် တိုးမြှင့်လိုက်ပါသေးတယ်။ သဘာဝအသားအရေ ရောင်ပြန်ဟပ်မှုနှင့် မျက်နှာလှုပ်ရှားမှု စသည်တို့ကို ထောက်လှမ်းသောကြောင့် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ ဗီဒီယိုများ ပြသပြီး ဖုန်းကို လော့ခ်ဖွင့်ခြင်းမျိုး မဖြစ်နိုင်သလောက်နီးပါး လျော့ကျသွားပြီးတော့  V9 AI Attention Sensing မှာလည်း သင်ဖုန်းကိုကြည့်နေသည့် အချိန်တစ်လျှောက်လုံး အ၀င်ခေါ်ဆိုမှုများ၊ နှိုးစက်များ (alarms)၊ စာတိုဝင်ရောက်မှုများ (sms)၊ အချက်ပြအသံ (notification) များကို အလိုအလျောက် လျော့ချပေးမှာပါ။

“အသုံးပြုသူတွေဟာ သူတို့ရဲ့ ဖုန်းကင်မရာနဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အလွယ်ကူဆုံး၊ အကောင်းဆုံး ရိုက်ချက်တွေ ရိုက်ယူချင်တဲ့ လိုအပ်ချက်ကို ကျွန်တော်တို့ ဘယ်လောက်ထိ နားလည်သိရှိတယ်ဆိုတာကို V9 က ကိုယ်စားပြု ပြသနေပါတယ်။ ငယ်ရွယ်တဲ့ သုံးစွဲသူတွေဆီကို V9 ရဲ့ AI စွမ်းအင်တွေ ပို့ဆောင်ပေးရတာ အရမ်းပဲ ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်” ဟု Vivo Mobile Myanmar Co., Ltd ၏ Digital PR Manager ဖြစ်သူ ဦးထွန်းထွန်းဝင်းက ပြောကြားခဲ့ပါတယ်။

“AI ကို အဓိက သော့ချက်အဖြစ် အသုံးပြုအားထားပြီး သုံးစွဲသူတွေကို အကောင်းဆုံး စိတ်ဝင်စားမှုတွေ၊ စိတ်ကြိုက်ဖန်တီးမှုတွေ ပေးစွမ်းနိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ အသုံးပြုသူတိုင်းဟာ အချိန်မရွေး၊ နေရာမရွေး အခြေအနေအမျိုးမျိုးမှာ ကိုယ့်ရဲ့ အကောင်းဆုံးပုံရိပ်တွေကို လွယ်လွယ်ကူကူနဲ့ ရယူပြီး ပြန်လည်ဖော်ပြနိုင်ပါပြီ။ ပြီးပြည့်စုံတဲ့ ရိုက်ချက်ကို အလွယ်ကူဆုံး၊ အသက်သာဆုံး ရရှိတာတင်မကဘဲ  FullViewTM Display ကြောင့်လည်း ပြီးပြည့်စုံတဲ့ အမြင်ကို ရယူခံစားနိုင်ပါပြီ” ဟု ဦးထွန်းထွန်းဝင်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

V9 Pre-order ကို ငွေကျပ် (30,000) ပေးသွင်းရုံနဲ့ မှာလို့ရပြီဖြစ်ကာ Pre-order ကို ဧပြီလ ၂၉ ရက်နေ့မှ မေလ ၄ ရက်နေ့ အထိ ကြိုတင်စာရင်းသွင်း မှာယူနိုင်မှာဖြစ်ပါတယ်။ မေလ ၅ ရက် မှာ ကျန်ငွေပေးသွင်းပြီး Vivo V9 ကို ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ Pre-order မှာယူသူများအတွက်သာ အထူးလက်ဆောင်ပစ္စည်း များပေးသွားမှာမို့ အမြန်နီးစပ်ရာ Vivo ကောင်တာ ရှိတဲ့ ဖုန်းဆိုင်တိုင်းမှာ အခုပဲ သွားရောက် စာရင်းပေးသွင်းလိုက်ကြပါ။

 

Vivo ၏ တီထွင်ဆန်းသစ်ထားသော စမတ်ဖုန်းများအကြောင်း အသေးစိတ် ပိုမိုသိရှိလိုပါက www.vivo.com တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။