Vivo ကနေ Selfie ကို ဦးစားပေးထားတဲ့ Vivo V9 စမတ်ဖုန်းကို တရားဝင်ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။ အခု Vivo V9 စမတ်ဖုန်းဟာ 24MP Selfie Camera ပါဝင်မှာဖြစ်သလို Dual Back Camera လည်းပါဝင်မှာဖြစ်ပါတယ်။

Vivo V9 စမတ်ဖုန်းဟာ 19:9 Ratio 6.3″ Display ကို အသုံးပြုထားမှာဖြစ်ပြီး Display အပေါ်ဘက်မှာ Selfie Camera အတွက် Notch ပါဝင်မှာဖြစ်ပါတယ်။ Vivo ရဲ့ ပြောစကားအရတော့ အဆိုပါ Selfie Camera ကို အသုံးပြုပြီးတော့ Face Unlock စနစ်ကိုပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Vivo V9 စမတ်ဖုန်းဟာ Qualcomm Snapdragon 625 Processor ကို အသုံးပြုထားမှာဖြစ်ပြီးတော့ RAm 4GB နဲ့ ROM 64GB ပါဝင်မယ်လို့ သိရပါတယ်။ ကင်မရာအနေနဲ့ 16MP + 5MP Back Camera အပြင် 24MP Selfie Camera ကို အသုံးပြုထားပါတယ်။

Vivo က အခု V9 စမတ်ဖုန်းရဲ့ ဈေးနှုန်းကိုတော့ အတိအကျပြောကြားသွားခြင်းမရှိသေးပါဘူး။