[Zawgyi]

တရုတ္အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူ Vivo ဟာ သူတုိ႔ရဲ႕ Weibo ဆုိရွယ္အေကာင့္မွာ ဇန္နဝါရီ ၂၄ ရက္ေန႔၌ က်င္းပသြားမယ့္ ထုတ္ကုန္သစ္မိတ္ဆက္ပြဲအတြက္ ပုိစတာတစ္ခုကို တင္ေပးခဲ့ပါတယ္။ အဆုိပါ ပိုစတာထဲမွာ ျမင္ရတာကေတာ့ ေရစက္တစ္စက္ က်ေတာ့မေယာင္ျဖစ္ေနတဲ့ ပုံရိပ္ပဲ ျဖစ္ၿပီး သူ႕ရဲ႕ ထူးျခားတဲ့ ေဖာ္ျပပုံက ဒီကုမၸဏီဟာ ဖုန္းဒီဇုိင္းပုိင္းမွာ ကြဲျပားမႈႀကီးမားတဲ့ ေနာက္ထပ္ ထုတ္ကုန္သစ္ကို ေဖာ္ထုတ္လာမယ္လို႔ ဆုိလိုေနပါတယ္။

တရုတ္ထုတ္လုပ္သူေတြရဲ႕ ထုတ္ကုန္ေတြကို Leak လုပ္ေနၾက Ice Universe အေကာင့္ကလည္း ဒီလအေစာပုိင္းမွာပဲ Vivo ဟာ အရင္ကမျမင္ဖူးတဲ့ ဒီဇုိင္းအသစ္နဲ႔ စမတ္ဖုန္းတစ္လုံးကို မိတ္ဆက္လာမယ္လို႔ ေဟာကိန္းထုတ္ထားပါတယ္။ အခ်က္အလက္ေတြကို မသိရေသးေပမယ့္လည္း “Waterdrop” လို႔ ကုဒ္နာမည္ ေပးထားၿပီး Notch သို႔မဟုတ္ Bezel ေတြလုံးဝမပါတဲ့ Edge-to-Edge Display ကုိယ္ထည္ဒီဇုိင္းကို အသုံးျပဳလာမယ္လို႔ ယူဆရတယ္။

ဒါ့အျပင္ Physical ခလုတ္ေတြလည္း တစ္ခုမွ ပါမလာဘူးလို႔ ယူဆရတယ္။ အဲဒီအစား ဖိအားကို ခံစားသိရွိႏုိင္မယ့္ စနစ္ကိုသာ ကုိယ္ထည္မွာ ထည့္သြင္းလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ တခ်ဳိ႕ကေတာ့ ဒီဖုန္းဟာ ၿပီးခဲ့တဲ့ႏွစ္က Vivo ျပသခဲ့တဲ့ APEX Concept ဖုန္းရဲ႕ ဒုတိယမ်ဳိးဆက္ျဖစ္လာမယ္လို႔ ထင္ေၾကးေပးေနၾကတယ္။ မႏွစ္က ဘာစီလိုနာမွာ က်င္းပခဲ့တဲ့ MWC ပြဲမွာ အံ့အားသင့္စရာ Screen-to-body Ratio ပါဝင္တဲ့ APEX ဖုန္းကို Vivo က ျပသခဲ့တာပါ။ ေနာက္မၾကာခင္မွာ Vivo NEX အျဖစ္နဲ႔ ေစ်းကြက္အခ်ဳိ႕ကို Flagship အျဖစ္ ျဖန္႔ခ်ိလာခဲ့တယ္။

ဒီဖုန္းအသစ္အား တရုတ္ႏုိင္ငံမွာ ၂၄ ရက္ေန႔ ျပသမယ္ဆုိေပမယ့္ MWC ၂၀၁၉ ပြဲမွာလည္း တစ္ခါထပ္ၿပီး ပြဲထုတ္လာဖို႔ အခြင့္အလမ္းရွိေနပါတယ္။ မႏွစ္က Vivo NEX ဟာ ကုမၸဏီရဲ႕ ၂၀၁၈ အတြက္ ပထမဆုံး Flagship လည္းျဖစ္ခဲ့တာေၾကာင့္ “Waterdrop” ဟန္းဆက္ဟာလည္း Flagship အစိတ္အပုိင္းေတြ ပါဝင္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – MySmartPrice

[Unicode]

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Vivo ဟာ သူတို့ရဲ့ Weibo ဆိုရှယ်အကောင့်မှာ ဇန်နဝါရီ ၂၄ ရက်နေ့၌ ကျင်းပသွားမယ့် ထုတ်ကုန်သစ်မိတ်ဆက်ပွဲအတွက် ပိုစတာတစ်ခုကို တင်ပေးခဲ့ပါတယ်။ အဆိုပါ ပိုစတာထဲမှာ မြင်ရတာကတော့ ရေစက်တစ်စက် ကျတော့မယောင်ဖြစ်နေတဲ့ ပုံရိပ်ပဲ ဖြစ်ပြီး သူ့ရဲ့ ထူးခြားတဲ့ ဖော်ပြပုံက ဒီကုမ္ပဏီဟာ ဖုန်းဒီဇိုင်းပိုင်းမှာ ကွဲပြားမှုကြီးမားတဲ့ နောက်ထပ် ထုတ်ကုန်သစ်ကို ဖော်ထုတ်လာမယ်လို့ ဆိုလိုနေပါတယ်။

တရုတ်ထုတ်လုပ်သူတွေရဲ့ ထုတ်ကုန်တွေကို Leak လုပ်နေကြ Ice Universe အကောင့်ကလည်း ဒီလအစောပိုင်းမှာပဲ Vivo ဟာ အရင်ကမမြင်ဖူးတဲ့ ဒီဇိုင်းအသစ်နဲ့ စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်လာမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ အချက်အလက်တွေကို မသိရသေးပေမယ့်လည်း “Waterdrop” လို့ ကုဒ်နာမည် ပေးထားပြီး Notch သို့မဟုတ် Bezel တွေလုံးဝမပါတဲ့ Edge-to-Edge Display ကိုယ်ထည်ဒီဇိုင်းကို အသုံးပြုလာမယ်လို့ ယူဆရတယ်။

ဒါ့အပြင် Physical ခလုတ်တွေလည်း တစ်ခုမှ ပါမလာဘူးလို့ ယူဆရတယ်။ အဲဒီအစား ဖိအားကို ခံစားသိရှိနိုင်မယ့် စနစ်ကိုသာ ကိုယ်ထည်မှာ ထည့်သွင်းလာမယ်လို့ မျှော်လင့်ရပါတယ်။ တချို့ကတော့ ဒီဖုန်းဟာ ပြီးခဲ့တဲ့နှစ်က Vivo ပြသခဲ့တဲ့ APEX Concept ဖုန်းရဲ့ ဒုတိယမျိုးဆက်ဖြစ်လာမယ်လို့ ထင်ကြေးပေးနေကြတယ်။ မနှစ်က ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ MWC ပွဲမှာ အံ့အားသင့်စရာ Screen-to-body Ratio ပါဝင်တဲ့ APEX ဖုန်းကို Vivo က ပြသခဲ့တာပါ။ နောက်မကြာခင်မှာ Vivo NEX အဖြစ်နဲ့ ဈေးကွက်အချို့ကို Flagship အဖြစ် ဖြန့်ချိလာခဲ့တယ်။

ဒီဖုန်းအသစ်အား တရုတ်နိုင်ငံမှာ ၂၄ ရက်နေ့ ပြသမယ်ဆိုပေမယ့် MWC ၂၀၁၉ ပွဲမှာလည်း တစ်ခါထပ်ပြီး ပွဲထုတ်လာဖို့ အခွင့်အလမ်းရှိနေပါတယ်။ မနှစ်က Vivo NEX ဟာ ကုမ္ပဏီရဲ့ ၂၀၁၈ အတွက် ပထမဆုံး Flagship လည်းဖြစ်ခဲ့တာကြောင့် “Waterdrop” ဟန်းဆက်ဟာလည်း Flagship အစိတ်အပိုင်းတွေ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref – MySmartPrice