[Zawgyi]

Vivo ဟာ အိႏၵိယမွာ အေျခစိုက္ စက္႐ုံတည္ေထာင္ထားၿပီး အိႏၵိယေဈးကြက္အတြက္ သီးသန႔္ထုတ္လုပ္ေနခဲ့တာ ၾကာပါၿပီ။ ဒီလိုလုပ္ျခင္းအားျဖင့္ သြင္းကုန္ခြန္၊ သယ္ယူစရိတ္အျပင္၊ လုပ္အားခေတြပါ သက္သာတာေၾကာင့္ အိႏၵိယေဈးကြက္မွာ ေရာင္းခ်တဲ့ Vivo စမတ္ဖုန္းေတြကလည္း အျခားေဈးကြက္ေတြနဲ႔ ယွဥ္ရင္ ေဈးသက္သာေလ့ ရွိပါတယ္။

Vivo ဟာ လက္ရွိအသုံးျပဳေနတဲ့ စက္႐ုံကို တိုးခ်ဲ႕ေဆာက္လုပ္ေတာ့မယ္လို႔ သိရပါတယ္။ လက္ရွိစက္႐ုံဟာ ဧက ၅၀ က်ယ္ဝန္းေပမယ့္ ထပ္မံတိုးခ်ဲ႕မယ့္ စက္႐ုံကေတာ့ ၁၆၉ ဧက ျဖစ္သြားမယ္လို႔လည္း သိရပါတယ္။ ထပ္မံတိုးခ်ဲ႕မယ့္ ကုန္က်စရိတ္ကေတာ့ ေဒၚလာ သန္း ၅၆၀ နီးပါးျဖစ္မယ္လို႔ ဆိုပါတယ္။

အိႏၵိယမွာ လက္ရွိ လည္ပတ္ေနတဲ့ စက္႐ုံရဲ႕ ထုတ္လုပ္မႈႏႈန္းဟာ တစ္လကို စမတ္ဖုန္း အလုံးေရ ၂ သန္းျဖစ္ေၾကာင္း သိရပါတယ္။ ဝန္ထမ္းဦးေရကေတာ့ ငါးေထာင္ေက်ာ္ရွိေၾကာင္းလည္း သိရပါတယ္။ ဒါေၾကာင့္ သုံးဆနီးပါးထပ္မံႀကီးမားလာမယ့္ စက္႐ုံရဲ႕ ထုတ္လုပ္မႈႏႈန္းကလည္း ျမင့္မားလာမွာျဖစ္သလို၊ လူ႔အရင္းအျမစ္ လိုအပ္ခ်က္ကလည္း မ်ားျပားလာမွာ ျဖစ္ပါတယ္။

Vivo ရဲ႕ စက္႐ုံသစ္တိုးခ်ဲ႕ျခင္းေၾကာင္း ရရွိလာမယ့္ အက်ိဳးအျမတ္ေတြအျဖစ္ ေဒသတြင္းအလုပ္အကိုင္ အခြင့္အလမ္း တိုးပြားလာျခင္း၊ ကုန္သြယ္ခြန္ပိုမိုရရွိလာျခင္း စတဲ့ အခ်က္အလက္ေတြေၾကာင့္ ေဒသဆိုင္ရာ အာဏာပိုင္ေတြကလည္း ခြင့္ျပဳခဲ့ၾကတယ္လို႔ သိရပါတယ္။ စက္႐ုံသစ္တည္ေဆာက္ၿပီးသြားရင္ေတာ့ ပထမအႀကိမ္အျဖစ္ ဝန္ထမ္း ဦးေရ ငါးေထာင္ကို ထပ္မံေခၚယူခန႔္အပ္သြားမယ္လို႔ သိရပါတယ္။ အလားတူ စက္႐ုံသစ္ရဲ႕ ထုတ္လုပ္မႈႏႈန္းကလည္း တစ္ႏွစ္ကို စမတ္ဖုန္း အလုံးေရ သန္း၅၀ အထိ ျဖစ္လာႏိုင္တယ္လို႔ Vivo က ဆိုပါတယ္။

Ref: GSMarena

[Unicode]

Vivo ဟာ အိန္ဒိယမှာ အခြေစိုက် စက်ရုံတည်ထောင်ထားပြီး အိန္ဒိယဈေးကွက်အတွက် သီးသန့်ထုတ်လုပ်နေခဲ့တာ ကြာပါပြီ။ ဒီလိုလုပ်ခြင်းအားဖြင့် သွင်းကုန်ခွန်၊ သယ်ယူစရိတ်အပြင်၊ လုပ်အားခတွေပါ သက်သာတာကြောင့် အိန္ဒိယဈေးကွက်မှာ ရောင်းချတဲ့ Vivo စမတ်ဖုန်းတွေကလည်း အခြားဈေးကွက်တွေနဲ့ ယှဉ်ရင် ဈေးသက်သာလေ့ ရှိပါတယ်။

Vivo ဟာ လက်ရှိအသုံးပြုနေတဲ့ စက်ရုံကို တိုးချဲ့ဆောက်လုပ်တော့မယ်လို့ သိရပါတယ်။ လက်ရှိစက်ရုံဟာ ဧက ၅၀ ကျယ်ဝန်းပေမယ့် ထပ်မံတိုးချဲ့မယ့် စက်ရုံကတော့ ၁၆၉ ဧက ဖြစ်သွားမယ်လို့လည်း သိရပါတယ်။ ထပ်မံတိုးချဲ့မယ့် ကုန်ကျစရိတ်ကတော့ ဒေါ်လာ သန်း ၅၆၀ နီးပါးဖြစ်မယ်လို့ ဆိုပါတယ်။

အိန္ဒိယမှာ လက်ရှိ လည်ပတ်နေတဲ့ စက်ရုံရဲ့ ထုတ်လုပ်မှုနှုန်းဟာ တစ်လကို စမတ်ဖုန်း အလုံးရေ ၂ သန်းဖြစ်ကြောင်း သိရပါတယ်။ ဝန်ထမ်းဦးရေကတော့ ငါးထောင်ကျော်ရှိကြောင်းလည်း သိရပါတယ်။ ဒါကြောင့် သုံးဆနီးပါးထပ်မံကြီးမားလာမယ့် စက်ရုံရဲ့ ထုတ်လုပ်မှုနှုန်းကလည်း မြင့်မားလာမှာဖြစ်သလို၊ လူ့အရင်းအမြစ် လိုအပ်ချက်ကလည်း များပြားလာမှာ ဖြစ်ပါတယ်။

Vivo ရဲ့ စက်ရုံသစ်တိုးချဲ့ခြင်းကြောင်း ရရှိလာမယ့် အကျိုးအမြတ်တွေအဖြစ် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်း တိုးပွားလာခြင်း၊ ကုန်သွယ်ခွန်ပိုမိုရရှိလာခြင်း စတဲ့ အချက်အလက်တွေကြောင့် ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း ခွင့်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ စက်ရုံသစ်တည်ဆောက်ပြီးသွားရင်တော့ ပထမအကြိမ်အဖြစ် ဝန်ထမ်း ဦးရေ ငါးထောင်ကို ထပ်မံခေါ်ယူခန့်အပ်သွားမယ်လို့ သိရပါတယ်။ အလားတူ စက်ရုံသစ်ရဲ့ ထုတ်လုပ်မှုနှုန်းကလည်း တစ်နှစ်ကို စမတ်ဖုန်း အလုံးရေ သန်း၅၀ အထိ ဖြစ်လာနိုင်တယ်လို့ Vivo က ဆိုပါတယ်။

Ref: GSMarena