နာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီတွေ ဖြစ်တဲ့ OnePlus၊ Oppo တို့နဲ့ မိခင် ကုမ္ပဏီ တူညီတဲ့ BBK လက်အောက်ခံ Vivo အနေနဲ့ တန်ဖိုးသင့် စမတ်ဖုန်း Vivo Y81 ကို ဗီယက်နမ် ဈေးကွက်မှာ စတင် ရောင်းချပေးနေပြီပဲ ဖြစ်ပါတယ်။

Vivo Y81 စမတ်ဖုန်းမှာ ၆.၂၂ လက်မ အရွယ်အစားရှိ HD+ (720 x 1520 Pixels) Resolution Display ကို အသုံးပြုထားပါတယ်။ Display အပေါ်ဘက်မှာ iPhone X လို Notch ပါဝင်ပြီး 19:9 Aspect Ratio ဖြစ်တာကြောင့် ကျဉ်းမြောင်းတဲ့ ဘေးဘောင် အနည်းငယ်ကိုသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Vivo Y81 မှာ Gorilla Glass Protection လည်း ပါဝင်တယ်လို့ သိရပါတယ်။

Processor ပိုင်းအတွက်ကိုတော့ လွန်ခဲ့တဲ့ နှစ်ပတ်က မိတ်ဆက်သွားခဲ့တဲ့ Midrange စမတ်ဖုန်း Vivo Y83 မှာ ပထမဆုံး အသုံးပြုသွားခဲ့တဲ့ MediaTek MT6762 (Helio P22) SoC ကို Y81 မှာ ဆက်လက် အသုံးပြု ထားပါတယ်။

Helio P22 SoC မှာ 2.0GHz Cortex A53 Core ၈ခု ပါဝင်ပြီး TensorFlow၊ TF Lite၊ Caffe၊ Caffe 2 စတဲ့ Machine Learning Framework တို့ကို အထောက်အပံ့ပေးနိုင်တဲ့ Neuropilot နည်းပညာလည်း ပါဝင်တာကြောင့် Vivo Y81 စမတ်ဖုန်းဟာ တန်ဖိုးသင့် စမတ်ဖုန်းတွေထဲမှာ ရွေးချယ်သင့်တဲ့ စမတ်ဖုန်း တစ်လုံး လို့ ပြောလို့ရပါတယ်။

Vivo Y81 မှာ RAM အနေနဲ့ 3GB၊ Internal Storage 32 GB ပါဝင်မှာ ဖြစ်ပြီး Storage Space မလုံလောက်ရင်လည်း microSD Card ကနေ တစ်ဆင့် 256GB အထိ ထပ်မံ ထည်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Dual Sim အသုံးပြုနိုင်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပေမယ့် microSD Card အသုံးပြုမယ် ဆိုရင်တော့ Second Sim အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

Back ကင်မရာ အတွက် ကို 13MP f/2.2 ကင်မရာ နဲ့ အတူ LED Flash ကို တွဲဖက် အသုံးပြု ပေးထားပါပြီး Selfie ပိုင်း အတွက်ကိုတော့ 5MP f/2.2 Selfie ကင်မရာ ကို အသုံးပြုပေးထားပါတယ်။ Selfie အသားပေး Vivo ထုံးစံအတိုင်း VivoY 81 စမတ်ဖုန်း ရဲ့ Selfie ကင်မရာ မှာ AI နည်းပညာတွေ ပါဝင်မှာ ဖြစ်တာကြောင့် လှပတဲ့ Selfie ပုံရိပ်လေးတွေ ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Vivo Y81 မှာ Fingerprint Sensor ထည့်သွင်း ပေးထားခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် Front ကင်မရာ ကနေ တစ်ဆင့် Face Unlock နည်းစနစ် ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Vivo Y81 စမတ်ဖုန်းမှာ Android 8.1 Oreo ကို အခြေခံထားတဲ့ FunTouch OS 4.0 ကို အသုံးပြုထားပြီး 3260 mAh ဘက်ထရီ ပါဝင်မှာ ဖြစ်ပါတယ်။

Connectivity Options တွေ အနေနဲ့ 4G LTE၊ Bluetooth 5.0၊ Single-Band Wi-Fi 802.11 (2.4 GHz) ၊ GPS၊ Micro-USB၊ 3.5mm Headphone Jack တို့ ပါဝင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Vivo Y81 စမတ်ဖုန်း ကို Red၊ Black စတဲ့ အရောင် နှစ်မျိုးနဲ့ ဗီယက်နမ် နိုင်ငံမှာ ကန်ဒေါ်လာ ၂၁၉ ဒေါ်လာ ဝန်းကျင် နဲ့ စတင် ရောင်းချသွားမှာ ဖြစ်ပြီး မကြာမီ အချိန်အတွင်း မှာ ကမ္ဘာအနှံ့ကို ဖြန့်ချီ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။