Vivo ကနေ အခုနောက်ဆုံးအနေနဲ့ Vivo Y81 စမတ်ဖုန်းကို ပထမဆုံးအနေနဲ့ ထိုင်ဝမ်နိုင်ငံမှာ ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အခု Vivo Y81 ဟာ လက်ရှိ Vivo Y Series ဖုန်းတွေထဲမှာ ဈေးနှုန်းအရ အသက်သာဆုံးဖုန်းတစ်ခုလည်းဖြစ်နေပါတယ်။

Vivo Y81 စမတ်ဖုန်းက Processor ပိုင်းအနေနဲ့ Helio P22 Processor ကိုအသုံးပြုထားပြီး RAM အနေနဲ့ 3GB နဲ့ Storage 32GB ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ Storage မလောက်လို့ ထပ်ပြီးတိုးချဲ့ချင်တယ်ဆိုရင်လည်း MicroSD ကနေ တစ်ဆင့်တိုးချဲ့နိုင်ဦးမှာပါ။

Display အနေနဲ့တော့ 6.22: 19:9 Ratio ရှိတဲ့ HD+ Display ကို အသုံးပြုထားပြီးတော့ ကင်မရာပိုင်းအနေနဲ့ 13MP f2.2 Back Camera နဲ့ Front Camera ကို 5MP တပ်ဆင်ပေးထားပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 3260mAh Battery ပါဝင်ပြီးတော့ Android 8.1 Oreo ကို အသုံးပြုထားမှာပဲဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၂၁၉ ရှိမယ်လို့ သိရပါတယ်။