[Zawgyi]




#Partner_content

[Unicode]

“Fashionable ဖြစ်ပြီး တစ်နေကုန်အသုံးခံမယ့် Vivo Y91 ကို ၂၈၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်တော့မည်”

ယနေ့ခေတ်မှာ ဖုန်းတစ်လုံး ဝယ်မယ်ဆိုရင် ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစား ဖြစ်ကြပါသလဲ?
ဒီဘက်ခေတ်လူငယ်တွေအတွက် စမတ်ဖုန်းတစ်လုံးဟာ ဖုန်းပြောဖို့၊ အင်တာနက်သုံးဖို့သာ မဟုတ်တော့ပဲ ဖက်ရှင်ပစ္စည်းတစ်ခုအဖြစ်ပါ အသုံးချလာကြပါပြီ။ ဒါ့အပြင် လုပ်ငန်းခွင်တွေ၊ ကျောင်းတွေ သွားတဲ့အခါ၊ အပေါင်းအသင်းတွေနဲ့ တစ်နေကုန်လျှောက်လည်ဖြစ်တဲ့အခါ တစ်နေကုန်အားခံမယ့် ဖုန်းတစ်လုံးကလည်း အရေးကြီးလာပါတယ်။ ဒီလိုအချိန်မှာပဲ အချိန်ကိုက်အဖြစ် ထပ်မံထွက်ရှိလာတာက Vivo ရဲ့ Y Series တွေထဲက တစ်လုံးဖြစ်တဲ့ Vivo Y91 ပါ။

Vivo Y91 ကိုတော့ အပြာနုရောင် ရောင်ပြေးဖြစ်တဲ့ Ocean Blue နဲ့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်ပြီး အပြာနဲ့ အမဲရောင်ပြေးအချိတ်အဆက်အဖြစ် Starry Black ဆိုပြီး နှစ်ရောင်ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလိုအရောင်ပြေး ဒီဇိုင်းတွေဟာ အခုနောက်ပိုင်း ဖုန်းတွေမှာ ခေတ်စားလာပြီး လူငယ်တွေရဲ့ ဖက်ရှင်စတိုင်ကို အတိုင်းအတာတစ်ခုအထိ အထောက်အကူ ပြုတယ်ဆိုတာ အားလုံးက လက်ခံထားကြပါတယ်။ Y91 ရဲ့ Specification အနေနဲ့ကတော့ 3GB RAM, 64GB ROM နဲ့ဖြစ်လို့ သုံးပျော်တဲ့ အနေအထားတစ်ခုမှာ ရှိမှာပါ။ ဒါ့အပြင် ဘတ္ထရီပမာဏအနေနဲ့ သူ့ဈေးတန်း ဖုန်းတွေကြားမှာ နှာတစ်ဖျားသာစေမယ့် 4030 mAh Battery ကို တပ်ဆင်ပေးထားတာဖြစ်လို့ တစ်နေ့တာလုံးအသုံးခံပြီး ရောက်လေရာနေရာမှာ အားသွင်းဖို့ကြိုးစားနေရတဲ့ အဖြစ်ကို ရှောင်ရှားနိုင်မှာပါ။

သူ့ဈေးတန်းဖုန်းဆိုလို့ ဈေးကိုလည်း အားလုံးသိချင်နေကြပြီထင်ပါတယ်။ Vivo Y91 ကိုတော့ 289,000 ကျပ်ဖြင့် ယခုနှစ်သစ်မှ စတင်ကာ ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပြီး ပထမဦးဆုံး ဝယ်ယူသူများအတွက်လည်း စိတ်ဝင်စားစရာ လက်ဆောင်လေးတွေပေးမယ့် အစီအစဉ်လည်း ရှိတယ်လို့ သိရပါတယ်။ နှစ်သစ်နဲ့အတူ ရောက်ရှိလာတဲ့ Vivo Y91 ဟာ လာခြင်းကောင်းတဲ့ ဖုန်းတစ်လုံး ဖြစ်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

#Partner_content