[Zawgyi]

Vivo Y95 အေၾကာင္း သတင္းေတြ ေပါက္ၾကားၿပီးတဲ့ ေနာက္ေန႔မွာပဲ ဖိလစ္ပိုင္မွာ တရားဝင္ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ တကယ္တမ္းေတာ့ Y95 ကို အရင္ဦးဆုံး တ႐ုတ္နဲ႔ အိႏၵိယမွာ ျဖန႔္ခ်ိမယ္လို႔ သတင္းထြက္ထားတဲ့ ဖုန္းသစ္ တစ္လုံးပါ။ ေသးငယ္တဲ့ Notch, အေနာက္ကင္မရာ ႏွစ္လုံး၊ Fingerprint Scanner တို႔နဲ႔ ဒီဖုန္းက Vivo Fan ေတြအတြက္ စိတ္ဝင္စားစရာ ပါပဲ။

Notch ပါဝင္တဲ့ မ်က္ႏွာျပင္ဟာ 6.22-inch ျဖစ္ၿပီး Standard IPS panel နဲ႔ 720 x 1520 pixel resolution ျဖစ္ပါတယ္။ စြမ္းေဆာင္ရည္အတြက္ကေတာ့ အနည္းငယ္ အားရစရာ မေကာင္းဘူးလို႔ ဆိုရမွာပါ။ Qualcomm က Low-end ေတြအတြက္ ထုတ္ေပးထားတဲ့ 12nm Chipset ကို သုံးထားတာပါ။ Snapdragon 439 ျဖစ္ပါတယ္။ 4GB RAM ျဖစ္ၿပီး သိုေလွာင္မႈအတြက္ကေတာ့ 64GB ေပးထားပါတယ္။ ထုံးစံအတိုင္း MicroSD ကတ္ထပ္စိုက္ရင္ေတာ့ ရပါတယ္။

ေက်ာဘက္မွာေတာ့ အထက္မွာ ေျပာသြားတဲ့အတိုင္းပဲ Dual Camera နဲ႔ Fingerprint Scanner ေတြက အခန႔္သား ေနရာယူထားၾကပါတယ္။ အဓိက ကင္မရာက 13MP ျဖစ္ၿပီး ဒုတိယ ကင္မရာက 2MP ျဖစ္ပါတယ္။ အေရွ႕ဘက္က Waterdrop ပုံစံ Notch ထဲက Selfie camera ကေတာ့ 20MP ျဖစ္ပါတယ္။ Vivo ရဲ႕ Selfie ကင္မရာေတြမွာ ပါေနက်အတိုင္း AI feature ေတြ ပါဝင္တာေၾကာင့္ Night Mode တို႔ Face Unlock တို႔ဆိုတာလည္း ပါဝင္ၿပီးသား ျဖစ္ပါတယ္။

Y95 ရဲ႕ ဘက္ထရီကေတာ့ 4,030mAh ျဖစ္ပါတယ္။ OS ကေတာ့ Android 8.1 Oreo ျဖစ္ၿပီး Vivo ရဲ႕ Funtouch OS 4.5 ျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ Y95 ကို $263 ဝန္းက်င္နဲ႔ ဖိလစ္ပိုင္မွာ ေရာင္းခ်မယ္လို႔ သိရပါတယ္။ Vivo ရဲ႕ ေဈးကြက္ပိုင္းျခားသတ္မွတ္မႈေၾကာင့္ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ေဈးႏႈန္းေတြက အနည္းငယ္ ကြဲလြဲမႈ ရွိပါတယ္။ ဒါေၾကာင့္ Y95 သာ ျမန္မာျပည္တြင္းဝင္ခဲ့မယ္ဆိုရင္ ေဈးႏႈန္းက အေျပာင္းအလဲ ရွိလာႏိုင္ပါေသးတယ္။ ေ႐ြးခ်ယ္စရာ အေရာင္ကေတာ့ Starry Black နဲ႔ Aurora Red gradient ႏွစ္ေရာင္ရွိတယ္လို႔ သိရပါတယ္။

Ref: GSMarena

 

[Unicode]

Vivo Y95 အကြောင်း သတင်းတွေ ပေါက်ကြားပြီးတဲ့ နောက်နေ့မှာပဲ ဖိလစ်ပိုင်မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တကယ်တမ်းတော့ Y95 ကို အရင်ဦးဆုံး တရုတ်နဲ့ အိန္ဒိယမှာ ဖြန့်ချိမယ်လို့ သတင်းထွက်ထားတဲ့ ဖုန်းသစ် တစ်လုံးပါ။ သေးငယ်တဲ့ Notch, အနောက်ကင်မရာ နှစ်လုံး၊ Fingerprint Scanner တို့နဲ့ ဒီဖုန်းက Vivo Fan တွေအတွက် စိတ်ဝင်စားစရာ ပါပဲ။

Notch ပါဝင်တဲ့ မျက်နှာပြင်ဟာ 6.22-inch ဖြစ်ပြီး Standard IPS panel နဲ့ 720 x 1520 pixel resolution ဖြစ်ပါတယ်။ စွမ်းဆောင်ရည်အတွက်ကတော့ အနည်းငယ် အားရစရာ မကောင်းဘူးလို့ ဆိုရမှာပါ။ Qualcomm က Low-end တွေအတွက် ထုတ်ပေးထားတဲ့ 12nm Chipset ကို သုံးထားတာပါ။ Snapdragon 439 ဖြစ်ပါတယ်။ 4GB RAM ဖြစ်ပြီး သိုလှောင်မှုအတွက်ကတော့ 64GB ပေးထားပါတယ်။ ထုံးစံအတိုင်း MicroSD ကတ်ထပ်စိုက်ရင်တော့ ရပါတယ်။

ကျောဘက်မှာတော့ အထက်မှာ ပြောသွားတဲ့အတိုင်းပဲ Dual Camera နဲ့ Fingerprint Scanner တွေက အခန့်သား နေရာယူထားကြပါတယ်။ အဓိက ကင်မရာက 13MP ဖြစ်ပြီး ဒုတိယ ကင်မရာက 2MP ဖြစ်ပါတယ်။ အရှေ့ဘက်က Waterdrop ပုံစံ Notch ထဲက Selfie camera ကတော့ 20MP ဖြစ်ပါတယ်။ Vivo ရဲ့ Selfie ကင်မရာတွေမှာ ပါနေကျအတိုင်း AI feature တွေ ပါဝင်တာကြောင့် Night Mode တို့ Face Unlock တို့ဆိုတာလည်း ပါဝင်ပြီးသား ဖြစ်ပါတယ်။

Y95 ရဲ့ ဘက်ထရီကတော့ 4,030mAh ဖြစ်ပါတယ်။ OS ကတော့ Android 8.1 Oreo ဖြစ်ပြီး Vivo ရဲ့ Funtouch OS 4.5 ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ Y95 ကို $263 ဝန်းကျင်နဲ့ ဖိလစ်ပိုင်မှာ ရောင်းချမယ်လို့ သိရပါတယ်။ Vivo ရဲ့ ဈေးကွက်ပိုင်းခြားသတ်မှတ်မှုကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဈေးနှုန်းတွေက အနည်းငယ် ကွဲလွဲမှု ရှိပါတယ်။ ဒါကြောင့် Y95 သာ မြန်မာပြည်တွင်းဝင်ခဲ့မယ်ဆိုရင် ဈေးနှုန်းက အပြောင်းအလဲ ရှိလာနိုင်ပါသေးတယ်။ ရွေးချယ်စရာ အရောင်ကတော့ Starry Black နဲ့ Aurora Red gradient နှစ်ရောင်ရှိတယ်လို့ သိရပါတယ်။

Ref: GSMarena