Vivo ကနေ လက်ရှိထုတ်လုပ်နေတဲ့ V Series ၊ X Series စမတ်ဖုန်းတွေအပြင် နောက်ထပ် Series အသစ်ဖုန်းတစ်ခုကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Vivo ရဲ့ စမတ်ဖုန်းအသစ်ကိုတော့ Vivo Z1 လို့ နာမည်ပေးထားပြီးတော့ စွမ်းဆောင်ရည်ပိုင်း ခပ်မြင့်မြင့် စမတ်ဖုန်းတစ်ခုဖြစ်လာပါတယ်။

Vivo Z1 ဟာ Vivo ရဲ့ လက်ရှိ Highend ဖုန်းဖြစ်တဲ့ Vivo X21 နဲ့ Vivo V9 စမတ်ဖုန်းတွေကို ပေါင်းစပ်ထားတယ်လို့တောင်ပြောလို့ရတဲ့ ဒီဇိုင်းရှိနေတာကိုတွေ့ရပါတယ်။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 660 Processor ကို အသုံးပြုထားပြီးတော့ RAM 4GB နဲ့ 64GB Storage ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ အနောက်ဖက်မှာ 13MP + 2MP Camera ကိုထည့်သွင်းပေးထားပြီးတော့ အရှေ့ဘက်မှာ Single 24MP Camera ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ Battery အနေနဲ့ကတော့ 3260mAh Battey ပါဝင်မှာဖြစ်ပြီးတော့ Fingerprint Scanner ကလည်း ဖုန်းရဲ့ နောက်ကျောမှာတပ်ဆင်ထားတာကို တွေ့ရပါတယ်။

Vivo က အခုစမတ်ဖုန်းကို လာမယ့် ဇွန်လ ၄ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီးတော့ တရုတ်ယွမ်ငွေ ၁၇၉၉ နဲ့ ရောင်းချမှာဖြစ်တဲ့အတွက် မြန်မာငွေ ၃ သိန်း ၈ သောင်းဝန်းကျင်ရှိမှာပါ။