Zawgyi

VIVO ကေနျပီး တရုတ္ျပည္တြင္း စမတ္ဖုန္းေစ်းကြက္မွာ Z3 ဆိုတဲ့ Super Mid-Range ဖုန္းတစ္လံုးကိုမိတ္ဆက္လိုက္ပါတယ္။ VIVO Z3 မွာ ဒီႏွစ္ ေမလမွာပဲ မိတ္ဆက္ထားတဲ့ VIVO Z1 ရဲ႕ ေနာက္ဆက္တြဲ ဖုန္းတစ္လံုးျဖစ္ျပီး ဒီီဇိုင္းပိုင္း နဲ႔ စြမ္းေဆာင္ရည္ပိုင္းမွာ ပိုအဆင့္ျမင့္လာပါတယ္။ VIVO Z3 ကိုေမာ္ဒယ္ အနိမ့္တစ္မ်ိဳးနဲ႔ အျမင့္ႏွစ္မ်ိဳးဆိုျပီး ေမာ္ဒယ္သံုးမ်ိဳးထုတ္ထားပါတယ္။ ေမာ္ဒယ္ အနိမ့္မွာေတာ့ Qualcomm ရဲ႕ Mid-Range SoC အသစ္ျဖစ္တဲ့ Snapdragon 670 သံုးေပးထားျပီး အျမင့္ႏွစ္မ်ိဳးမွာေတာ့ Qualcomm ရဲ႕ နာမည္ၾကီး Super Mid-Range SoC ျဖစ္တဲ့ Snapdragon 710 ကိုအသံုးျပဳထားပါတယ္။ Snapdragon 710 SoC ဟာဆိုရင္ စြမ္းေဆာင္ရည္ပိုင္းမွာ Snapdragon 660 ရဲ႕ အထက္ Snapdragon 845 ရဲ႕ ေအာက္မွာရွိတဲ့အတြက္ Mid-Range မက် Premium မက်တဲ့ စြမ္းေဆာင္ရည္မ်ိဳးရရွိပါတယ္။ လက္တေလာ Snapdragon 710 သံုးထားတဲ့ဖုန္းေတြကေတာ့ Nokia X7 နဲ႔ MEIZU 16X တို႔ပါပဲ။

VIVO Z3 ရဲ႕ ဒီဇိုင္းကေတာ့ ေနာက္ဆံုးထြက္ VIVO ဖုန္းေတြမွာေတြ႔ေနက် Glass ႏွစ္ဘက္ညွပ္ Premium ဒီဇိုင္းကိုပဲ အသံုးျပဳထားပါတယ္။ အေနာက္ဘက္ ေရာင္ေျပးကာလာေတြကိုပဲ ဆက္သံုးထားျပီး အျမင္ပိုင္းဆန္းသစ္လွပ ပါတယ္။ ဖုန္းအထူကေတာ့ 8.1mm ရွိျပီး 6.3-inch အရြယ္ရွိတဲ့ Display အသံုးျပဳထားတဲ့ ဖုန္းတစ္လံုးအေနနဲ႔ကေတာ့ 8.1mm အထူက အေနေတာ္ပဲလို႔ေျပာလို႔ရပါတယ္။ Display Resolution က 2340 × 1080 ရွိတဲ့ Full HD+ Resolution ပါ။ Screen-to-Body Ratio ကေတာ့ 90.3% ေတာင္ရွိပါတယ္။

Dual Turbo Engine လို႔ေခၚတဲ့ Feature ေလးတစ္ခုလည္းပါဝင္ျပီး App ေတြနဲ႔ Game ေတြကို ပိုျပီး ျမန္ဆန္တဲ့ အျမန္ႏွုန္းနဲ႔ ဖြင့္ေပးႏိုင္မွာပါ။ တစ္ျခား ေနာက္ဆံုးထြက္ဖုန္းေတြမွာပါေနက် Gaming DND Mode တို႔ AI Support တို႔လည္းပါဝင္မွာပါ။ Operating System ပိုင္းမွာေတာ့ Android 8.1 ကိုျပဳျပင္မြန္းမံထားတဲ့ VIVO ရဲ႕ ကိုယ္ပိုင္ FunTouch OS 4.5 ကိုအသံုးျပဳထားပါတယ္။ တစ္ျခား Feature ေတြအေနနဲ႔ကေတာ့ 4D Gaming လို႔ေခၚတဲ့ ဂိမ္းထဲက လွုပ္ရွားမွုေတြေပၚလိုက္ျပီး ဖုန္းကိုယ္ထည္ကို တုန္ခါေပးမွာပါ။ ဘက္ထရီပိုင္းအေနနဲ႔လည္း 3,315mAh ပါဝင္ျပီး Dual-engine Flash Charging နည္းပညာထည့္သြင္းေပးထားလို႔ အလြန္လွ်င္ျမန္တဲ့ အားသြင္းႏွုန္းရရွိမွာပါ။

VIVO Z3 ရဲ႕ ေစ်းႏွုန္းေတြကေတာ့ ေအာက္ပါအတုိင္းပါပဲ

Snapdragon 670, 4 GB RAM + 64 GB Storage – 1,598 Yuan (~$230)

Snapdragon 710, 6 GB RAM + 64 GB Storage – 1,898 Yuan (~$274)

Snapdragon 710, 6 GB RAM + 128 GB Storage – 2,298 Yuan (~$332)

VIVO Z3 ကိုအခုေလာေလာဆယ္ေတာ့ တရုတ္ျပည္တြင္းမွာပဲ ေရာင္းခ်မွာျဖစ္ျပီး Z Series ကို တရုတ္ျပည္ ျပင္ပမွာေရာင္းခ်ေလ့မရွိတဲ့အတြက္ သိပ္ေတာ့ ေမွ်ာ္လင့္လို႔ မရပါဘူး။ ဒါေပမယ့္လည္း ပရိတ္သတ္ေတြရဲ႕ ေတာင္းဆိုမွုမ်ားရင္ေတာ့ တရုတ္ျပည္ ျပင္ပ ႏိုင္ငံေတြျဖစ္တဲ့ အိႏၵိယ နဲ႔ အာရွ ႏိုင္ငံေတြမွာ ေရာင္းခ်ႏိုင္ပါတယ္။ VIVO Z3 ရဲ႕ အေရာင္ေတြကေတာ့ ပံုမွန္ေတြ႔ေနက် Starry Night Black နဲ႔ Aurora Blue အျပင္ ပန္းေရာင္ေလးျဖစ္တဲ့ Dream Pink ဆိုတဲ့ အေရာင္အသစ္ေလးနဲ႔ပါ ထုတ္ေပးထားပါတယ္။

Ref: Gizmo China

Zawgyi

VIVO ကနေပြီး တရုတ်ပြည်တွင်း စမတ်ဖုန်းဈေးကွက်မှာ Z3 ဆိုတဲ့ Super Mid-Range ဖုန်းတစ်လုံးကိုမိတ်ဆက်လိုက်ပါတယ်။ VIVO Z3 မှာ ဒီနှစ် မေလမှာပဲ မိတ်ဆက်ထားတဲ့ VIVO Z1 ရဲ့ နောက်ဆက်တွဲ ဖုန်းတစ်လုံးဖြစ်ပြီး ဒီဇိုင်းပိုင်း နဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ပိုအဆင့်မြင့်လာပါတယ်။ VIVO Z3 ကိုမော်ဒယ် အနိမ့်တစ်မျိုးနဲ့ အမြင့်နှစ်မျိုးဆိုပြီး မော်ဒယ်သုံးမျိုးထုတ်ထားပါတယ်။ မော်ဒယ် အနိမ့်မှာတော့ Qualcomm ရဲ့ Mid-Range SoC အသစ်ဖြစ်တဲ့ Snapdragon 670 သုံးပေးထားပြီး အမြင့်နှစ်မျိုးမှာတော့ Qualcomm ရဲ့ နာမည်ကြီး Super Mid-Range SoC ဖြစ်တဲ့ Snapdragon 710 ကိုအသုံးပြုထားပါတယ်။ Snapdragon 710 SoC ဟာဆိုရင် စွမ်းဆောင်ရည်ပိုင်းမှာ Snapdragon 660 ရဲ့ အထက် Snapdragon 845 ရဲ့ အောက်မှာရှိတဲ့အတွက် Mid-Range မကျ Premium မကျတဲ့ စွမ်းဆောင်ရည်မျိုးရရှိပါတယ်။ လက်တလော Snapdragon 710 သုံးထားတဲ့ဖုန်းတွေကတော့ Nokia X7 နဲ့ MEIZU 16X တို့ပါပဲ။

VIVO Z3 ရဲ့ ဒီဇိုင်းကတော့ နောက်ဆုံးထွက် VIVO ဖုန်းတွေမှာတွေ့နေကျ Glass နှစ်ဘက်ညှပ် Premium ဒီဇိုင်းကိုပဲ အသုံးပြုထားပါတယ်။ အနောက်ဘက် ရောင်ပြေးကာလာတွေကိုပဲ ဆက်သုံးထားပြီး အမြင်ပိုင်းဆန်းသစ်လှပ ပါတယ်။ ဖုန်းအထူကတော့ 8.1mm ရှိပြီး 6.3-inch အရွယ်ရှိတဲ့ Display အသုံးပြုထားတဲ့ ဖုန်းတစ်လုံးအနေနဲ့ကတော့ 8.1mm အထူက အနေတော်ပဲလို့ပြောလို့ရပါတယ်။ Display Resolution က 2340 × 1080 ရှိတဲ့ Full HD+ Resolution ပါ။ Screen-to-Body Ratio ကတော့ 90.3% တောင်ရှိပါတယ်။

Dual Turbo Engine လို့ခေါ်တဲ့ Feature လေးတစ်ခုလည်းပါဝင်ပြီး App တွေနဲ့ Game တွေကို ပိုပြီး မြန်ဆန်တဲ့ အမြန်နှုန်းနဲ့ ဖွင့်ပေးနိုင်မှာပါ။ တစ်ခြား နောက်ဆုံးထွက်ဖုန်းတွေမှာပါနေကျ Gaming DND Mode တို့ AI Support တို့လည်းပါဝင်မှာပါ။ Operating System ပိုင်းမှာတော့ Android 8.1 ကိုပြုပြင်မွန်းမံထားတဲ့ VIVO ရဲ့ ကိုယ်ပိုင် FunTouch OS 4.5 ကိုအသုံးပြုထားပါတယ်။ တစ်ခြား Feature တွေအနေနဲ့ကတော့ 4D Gaming လို့ခေါ်တဲ့ ဂိမ်းထဲက လှုပ်ရှားမှုတွေပေါ်လိုက်ပြီး ဖုန်းကိုယ်ထည်ကို တုန်ခါပေးမှာပါ။ ဘက်ထရီပိုင်းအနေနဲ့လည်း 3,315mAh ပါဝင်ပြီး Dual-engine Flash Charging နည်းပညာထည့်သွင်းပေးထားလို့ အလွန်လျှင်မြန်တဲ့ အားသွင်းနှုန်းရရှိမှာပါ။

VIVO Z3 ရဲ့ ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်းပါပဲ

Snapdragon 670, 4 GB RAM + 64 GB Storage – 1,598 Yuan (~$230)

Snapdragon 710, 6 GB RAM + 64 GB Storage – 1,898 Yuan (~$274)

Snapdragon 710, 6 GB RAM + 128 GB Storage – 2,298 Yuan (~$332)

VIVO Z3 ကိုအခုလောလောဆယ်တော့ တရုတ်ပြည်တွင်းမှာပဲ ရောင်းချမှာဖြစ်ပြီး Z Series ကို တရုတ်ပြည် ပြင်ပမှာရောင်းချလေ့မရှိတဲ့အတွက် သိပ်တော့ မျှော်လင့်လို့ မရပါဘူး။ ဒါပေမယ့်လည်း ပရိတ်သတ်တွေရဲ့ တောင်းဆိုမှုများရင်တော့ တရုတ်ပြည် ပြင်ပ နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ နဲ့ အာရှ နိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။ VIVO Z3 ရဲ့ အရောင်တွေကတော့ ပုံမှန်တွေ့နေကျ Starry Night Black နဲ့ Aurora Blue အပြင် ပန်းရောင်လေးဖြစ်တဲ့ Dream Pink ဆိုတဲ့ အရောင်အသစ်လေးနဲ့ပါ ထုတ်ပေးထားပါတယ်။

Ref: Gizmo China