Google ကနေ Android Assistant ကို မော်တော်ကားတွေဆီကိုပါ အသုံးပြုနိုင်အောင် ယခုနှစ်အစပိုင်းတုန်းက ကြေညာခဲ့တာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ရဲ့ Assistant ကို အသုံးပြုလာမယ့် နာမည်ကြီး ကားကုမ္ပဏီတစ်ခုရှိလာပြီပဲဖြစ်ပါတယ်။

အခု ကားကုမ္ပဏီကတော့ Sweden ကားကုမ္ပဏီဖြစ်တဲ့ Volvo ပဲဖြစ်ပြီးတော့ အခုအချိန်ကစတင်ပြီးတော့ Volvo က ထုတ်လုပ်နေတဲ့ မော်တော်ကားတွေအကုန်လုံးမှာ Google Assistant ကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက Volvo က Android Auto ပါဝင်တဲ့ အရင်ဦးဆုံးမော်တော်ကားတွေဖြစ်လာမှာပါ။

Volvo ဟာ အခုအချိန်မှာ Android Auto စတင်အသုံးပြုလာပြီဖြစ်တဲ့အတွက် Google Assistant တွေ၊ Play Store နဲ့ Maps တွေကိုပါ Volvo ကားတွေမှာ သုံးနိုင်လာတော့မှာပါ။ ဒါ့အပြင် Google ကလည်း မကြာခင် ရက်ပိုင်းမှာ ကျင်းပတော့မယ့် Google I/O Developer Conference တွေမှာလည်း Android Auto နဲ့ပတ်သတ်ပြီးတော့ Features အသစ်တွေကို ထုတ်ပြသွားမယ်လို့ သိရပါတယ်။

ဥပမာအားဖြင့် Google Assistant ဟာ ကားတွေမှာ လောလောဆယ်မှာ ဖွင့်ထားတဲ့ သီချင်းတွေ၊ သီချင်းက Live Version ဟာ Cover လားဆိုတာအထိ သိနိုင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Volvo က အခုအချိန်မှာ နည်းပညာပိုင်းအရ အဆင့်အမြင့်ဆုံးသော မော်တော်ကားတွေဖြစ်လာတော့မှာဖြစ်ပါတယ်။ Google ရဲ့ Android Auto ပိုင်းဆိုင်ရာ နည်းပညာအသစ်တွေကိုလည်း မကြာခင်ထပ်မံသိရဦးမှာပါ။