Volvo ဟာ အိမ်စီးကားတွေအပြင် လုပ်ငန်းသုံးကားကြီးတွေကို ထုတ်လုပ်တဲ့နေရမှာလည်း နာမည်ကြီးတဲ့ ထုတ်လုပ်သူတစ်ဦးပါ။ အခုဒီလိုမျိုး အကြီးစား ဆွီဒင် ကားကုမ္ပဏီကြီးဟာ လျှပ်စစ်ထရပ်ကားဈေးကွက်ထဲကို ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။

Source: Volvo

Volvo ကနေထုတ်လုပ်လိုက်တဲ့ FL Electric Truck တွေက Volvo ရဲ့ ဘတ်စ်ကားတွေမှာ အသုံးပြုတဲ့ နည်းပညာကို အသုံးပြုထားတာဖြစ်ပြီးတော့ လာမယ့် ၂၀၁၉ ခုနှစ်မှာ စတင်ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။

အခု Volvo FL Electric Truck တွေဟာ မြင်းကောင်ရေ ၁၇၅ ထုတ်ပေးနိုင်တဲ့ Li-ion Battery ၆ လုံးတပ် လျှပ်စစ်မော်တာကို တပ်ဆင်ထားပြီးတော့ တစ်ခါအားသွင်းပြီးရင် မိုင်ပေါင်း ၁၈၆ မိုင် ခန့်သွားနိုင်တယ်လို့ သိရပါတယ်။

Source: Volvo

Volvo FL Electric မှာတပ်ဆင်ထားတဲ့ အခု 300kWh Battery ကို 150 Kilowatt DC Fast Charging စနစ်နဲ့ အားပြန်သွင်းရမှာဖြစ်ပြီးတော့ အားသွင်းချိန်က ၂ နာရီဝန်းကျင်ပဲ ကြာမှာဖြစ်တယ်လို့ သိရပါတယ်။ သာမန် အိမ်သုံးမီးနဲ့ အားသွင်းမယ်ဆိုရင်တော့ ၁၀ နာရီအထက် အားသွင်းဖို့ လိုအပ်မယ်လို့ သိရပါတယ်။

လျှပ်စစ်ကားတွေက အခုလိုမျိုး အိမ်စီးကားတွေအပြင် Truck ကားကြီးတွေမှာပါ အသုံးပြုလာတာက နောက်ပိုင်းမှာ လျှပ်စစ်ကားတွေရဲ့ အနာဂတ်ကို လှစ်ဟပြနေသလိုပါပဲ။