Xiaomi ဟာ Apple ရဲ့ Animoji နဲ့ အတော်လေး ဆင်တူတဲ့ Xiaomi Emoji ရဲ့ Video ကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒီ Feature အသစ်ကို Xiaomi ရဲ့ Anniversary Phone ဖြစ်တဲ့ Mi 8 မှာ မြင်ရနိုင်ပါတယ်။ ဒီတိုင်းသာ ဖြစ်လာမယ်ဆိုရင် Xiaomi Mi 8 မှာ Apple ရဲ့ iPhone X လို Facial Recognition Feature ဟာ ပါလာဖို့ သေချာသလောက်ပါပဲ။

Source: iphonea2.com

Augmented Reality သုံးထားတဲ့ Animoji ကို Apple က iPhone X မှာ စတင် အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် Apple သုံးပြီး သိပ်မကြာခင်မှာပဲ Samsung က Galaxy S9 နဲ့ S9 Plus မှာ သုံးပြခဲ့ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ Chinese Giant ကြီး Xiaomi အလှည့် ရောက်လာပြီ ထင်ပါတယ်။

Xiaomi Mi 8 ဟာ Launch လုပ်ဖို့ ၃ ရက်သာ လိုတော့တာဖြစ်ပါတယ်။ ဒါ့အပြင် Mi 8 ဟာ Xiaomi ရဲ့ Anniversary ဖုန်းဖြစ်တာနဲ့ အညီ Xiaomi ပရိတ်သတ်တွေ အတွက် မျှော်လင့်စရာတွေ အများကြီးပေးထားတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ Xiaomi ကတော့ သူ့ရဲ့ Animoji အသစ်ကို ဘယ်လိုနာမည်ပေးမလဲ မသိသေးပေမယ့် Social Media တွေမှာတော့ Xiaomoji ဆိုပြီး နာမည်ကြီးနေပါပြီ။