Android P နဲ့အတူထွက်ရှိမယ့် Wear OS အသစ်အတွက် Developer Preview ကို Google ကထုတ်ပေးခဲ့ပါတယ်။ Wear OS အသစ်မှာတော့ Feature အသစ်တွေအနေဲ့ Dark Theme နဲ့ Smart Battery Saving ဆိုတဲ့ Feature အသစ်နှစ်မျိုးပါလာပါတယ်။

Source : Google

Dark UI နဲ့ Smart Battery Saving Feature တွေကို Smartphone တွေ Tablet တွေအတွက်လည်း Android P နဲ့အတူတွေ့ရမှာဖြစ်ပါတယ်။ Dark UI ကတော့ Watch တွေမှာ ရုတ်တစ်ရက်နာရီကြည့်လိုက်ရင် မြင်သာစေဖို့အတွက် အဓိကလုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

Smart Battery Saving ကတော့ Watch တွေကို Battery ပိုအသုံးခံနိုင်စေဖို့အတွက် အဓိကလုပ်ပေးမှာဖြစ်ပါတယ်။ Battery ပိုကြာကြာသုံးနိုင်စေဖို့အတွက် မလိုအပ်ရင် Bluetooth နဲ့ WiFi တွေကို ပိတ်ပေးတာမျိုးတွေလုပ်ပေးမှာပါ။ Bluetooth နဲ့ WiFi ကိုတော့ နာရီကို ဝတ်ဆင်အသုံးမပြုပဲ အချိန်အတော်ကြာအောင် ပစ်ထားလိုက်မှ ပိတ်ပေးမှာပါ။

Source : Google

နောက်ထပ် Battery Saving Feature အနေနဲ့ကတော့ Background App တွေကို မလိုအပ်ရင်ပိတ်ပေးမှာဖြစ်တဲ့အပြင် နာရီကို အားသွင်းနေတဲ့အချိန်လောက်မှာပဲ Background App တွေကို အလုပ်လုပ်ခွင့်ပေးမှာဖြစ်ပါတယ်။ Bluetooth ပိတ်ထားခဲ့ရင်လည်း App တွေက Internet Connection မလိုအပ်ဘူးဆိုရင် WiFi ကိုပါအလိုလျောက်ပိတ်ပေးပါသေးတယ်။ Watch တွေကတော့ အခုထက် Battery ပိုကြာကြာအသုံးခံလာတော့မှာပါ။