Huawei Watch 2 2018 နဲ့ ပတ်သက်ပြီး သီတင်းပတ် အတော်ကြာတဲ့ထိ ကောလဟာလတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် အခုတစ်ခါမှာတော့ ကောလဟာလ မဟုတ်တော့ပါဘူး။ Huawei က တရားဝင် ကြေညာလိုက်ပါပြီ။

Source: techpp.com

Huawei Watch 2 2018 ဆိုတဲ့အတိုင်း ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက Launch လုပ်ခဲ့တဲ့ Huawei Watch 2 နဲ့ အတော်လေး ဆင်တူပါတယ်။ ဒါပေမယ့် Upgrade တွေပြုလုပ်ထားပြီး အကြီးမားဆုံးပြောင်းလဲမှုကတော့ NanoSim ကနေ eSim အဖြစ် အဆင့်မြှင့်ထားတာပါပဲ။ ဒီ Feature ဟာဆိုရင် Apple Watch 3 လိုမျိုး ဖုန်းခေါ်တာတွေ ၊ စာတိုလက်ခံတာတွေကို သင့်ရဲ့ Smartphone မှာ သုံးထားတဲ့ ဖုန်းနံပါတ်နဲ့ Watch မှာသုံးလို့ရမှာ ဖြစ်ပါတယ်။ Huawei Watch 2 2018 ရဲ့ Display ဟာဆိုရင် Huawei Watch 2 2017 မှာလိုမျိုး 1.2-inch 390 x 390 AMOLED Display ကိုသုံးထားပြီး အထဲမှာတော့ Qualcomm Snapdragon 2100 Chipset နဲ့ Run ထားပါတယ်။

Source: eototech.com

တကယ်လို့ သင့်မှာသာ Huawei Watch 2 2017 ဝယ်ပြီးသားဆိုရင် Huawei Watch 2 2018 က သင့်အတွက် သိပ်ပြီးထူးခြားစေမှာ မဟုတ်ပါဘူး။ NanoSim ကနေ eSim ဖြစ်သွားတာက လွဲလို့ ကျန်တာ အားလုံးနီးပါး တူနေတော့ ဝယ်မယ်လို့တွေးထားရင် နည်းနည်းလောက်ပြန်စဉ်းစားစေချင်ပါတယ်။