အခုတလော Facebook မှာ သူငယ်ချင်းတွေက သူတို့ပုံတွေကို အသက်ကြီးတဲ့ ပုံ၊ မိန်းကလေးပုံနဲ့ အမျိုးမျိုးပြောင်းလဲ တင်နေကြတာ တွေ့ကြမှာပါ။

အဲ့ဒါကတော့ Face App ကို အသုံးပြုပြီး ဓာတ်ပုံတွေကို ပြုပြင်ထားတာဖြစ်ပါတယ်။

FaceApp နဲ့လက်ရှိ ရှိပြီးသား ကိုယ့် ဓာတ်ပုံ၊ ကိုယ့် သူငယ်ချင်း၊ ကိုယ့် မိသားစု ဓာတ်ပုံတွေက မိန်းကလေးပုံစံ၊ ယောင်္ကျားလေးပုံစံ၊ ပြုံးလိုက်တဲ့ ပုံစံ၊ အသက်ကြီးသွားတဲ့ ပုံစံ၊ အသက်ငယ်သွားတဲ့ ပုံစံ စသဖြင့် ပြောင်းလဲ နိုင်ပါတယ်။

ဒီ FaceApp ကိုတော့ အခမဲ့ ဒေါင်းလုပ်ခ် လုပ်နိုင်ပြီး အဆင့်မြင့်တဲ့ Features တွေ ထပ်လိုချင်ရင်တော့ အခကြေးငွေပေးရမှာ ဖြစ်ပါတယ်။

FaceApp ကို Android ရော iOS အတွက် Apple Play Store နဲ့ Google Play Store တို့မှာ ဒေါင်းလုပ်ခ် လုပ်နိုင်ပါတယ်။

ဘယ်လိုလုပ်မလဲ

ကိုယ့်ဘာသာ Selfie ရိုက်ပြီးဖြစ်ဖြစ် ကိုယ့်ဖုန်းထဲက ဓာတ်ပုံကို ရွေးပြီး ဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။ အဲ့ဒီ App ထဲမှာ အသက်ကြီးတဲ့ပုံစံ၊ ငယ်တဲ့ ပုံစံ၊ မိန်းကလေးပုံစံ၊ ပြုံးနေတဲ့ ပုံစံ စသဖြင့်ရွေးပြီး ဓာတ်ပုံ ကိုပြင်နိုင်ပါတယ်။

ဓာတ်ပုံပြင်ပြီး Share ဆိုတဲ့ Icon လေးပေါ်လာပြီး နှိပ်လိုက်ရင် Facebook၊ Instagram နဲ့ Twitter ပေါ်မှာ Share ပေးပြီး ကိုယ့်သူငယ်ချင်းတွေနဲ့အတူ ခွီလို့ရနိုင်ပါပြီ။